တပ္သိမ္းေျမမ်ားကို ျပန္လည္ရလို၍ ဝိညာဥ္မ်ားျဖင့္ ပူးေပါင္း ဆႏၵထုတ္ေဖာ္

တပ္သိမ္းေျမမ်ားကို ျပန္လည္ရလို၍ ဝိညာဥ္မ်ားျဖင့္ ပူးေပါင္း ဆႏၵထုတ္ေဖာ္
စက်တင်ဘာ 24, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕မွ သိမ္းဆည္းခံရသည့္ ေျမဧရိယာတြင္ သခ်ဳႋင္းေျမမ်ား ပါဝင္ေနသျဖင့္ ရိုးရာနည္းအတိုင္း ဝိညာဥ္မ်ားကို ေခၚေဆာင္ကာ ဆႏၵထုတ္ေဖာ္ရာတြင္ ဝိညာဥ္စစ္ေၾကာင္းကိုပါ ထည့္သြင္းျခင္းျဖစ္ေၾကာင္း ဆႏၵထုတ္ေဖာ္မႈကို ဦးေဆာင္သည့္ ဦးစိန္ဝင္းက ဆိုသည္။

"ကြ်န္ေတာ္တို႔ သိမ္းခံထားရတဲ့ ေျမထဲမွာ သခ်ဳႋင္းကုန္းႏွစ္ခုပါသြားတယ္။ အဲဒါေၾကာင့္ ဒီသခ်ဳႋင္းက  ဝိညာဥ္ကို ရုိးရာနည္းအရ ေခၚတယ္။ ၿပီးေတာ့ သူတို႔ပါ စစ္ေၾကာင္းတစ္ခု လုပ္ေပးထားတယ္။ ဒါက ဘယ္ေနရာမွာမွေတာ့ မလုပ္ဖူးေသးဘူး။ ကၽြန္ေတာ္တို႔က ရုိးရာဓေလ့ ထုံးတမ္းနည္းေတြကိုသုံးၿပီး ဝိညာဥ္ေတြကလည္း သူတို႔နဲ႔ သက္ဆိုင္တာကို ျပန္ေတာင္းဆိုၾကတဲ႔နည္းလမ္းေပါ့ "ဟု ၎က ဆိုသည္။

တပ္မွသိမ္းဆည္းေျမတိုးခ်ဲ႕ တိုင္းတာမႈမ်ား လုပ္ေဆာင္ေနသည္ကို ေျဖရွင္းေပးရန္ ေဒသခံမ်ားက တင္ျပထားေသာ္လည္း လုပ္ေဆာင္ေပးျခင္း မရိွသျဖင့္ ေဒသခံေတာင္သူမ်ားက စက္တင္ဘာလ(၂၃) ရက္က ဆႏၵေဖာ္ထုတ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္သိမ္းေျမ တိုးခ်ဲ႕တိုင္းတာရာတြင္ မိုးၿဗဲၿမိဳ႕ သာယာကုန္းေက်းရြာသခ်ဳႋင္းႏွင့္ သစ္ယာကုန္းေက်းရြာ သခ်ဳႋင္းႏွစ္ခုလည္း ပါဝင္သြားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"ဒီလိုလုပ္တာ သခ်ဳႋင္းေျမပါလို႔ေပါ့။ ဒီကဓေလ့ရုိးရာကိုသုံးၿပီး ဝိညာဥ္ေတြကို ပါဝင္ေစတာရယ္ သခ်ဳႋင္းေကာ္မတီကလည္း ပူးေပါင္းပါဝင္တာ။ ဒါကျဖစ္သင့္တယ္။ ထူးျခားတယ္လို႔လည္း ေျပာခ်င္တယ္ "ဟု ဖယ္ခံုၿမိဳ႕မွ ေဒသခံ ဦးေက်ာ္ထင္ေအာင္က ေျပာသည္။

ဆႏၵေဖာ္ထုတ္မႈတြင္ ဝိညာဥ္မ်ားကို ထည့္သြင္းျခင္းမွာ ၎တို႔အား အသံုးခ်ျခင္းျဖစ္သည္ဟု ေဒသခံအခ်ိဳ႕၏ ေဝဖန္မႈမ်ားလည္း ထြက္လာသည္ကို ေတြ႔ရသည္။

အဆိုပါ သိမ္းဆည္းခံေျမမ်ားမွာ ၁၉၉ဝ ခုႏွစ္ဝန္းက်င္က မိုးၿဗဲၿမိဳ႕နယ္ အေျခစုိက္လာသည့္ အမွတ္ (၄၂၂) ေျချမန္တပ္ရင္း တပ္တည္ရန္ႏွင့္ တပ္လံုၿခံဳေရးအတြက္ ေျမဧက (၁၃ဝဝ) ေက်ာ္ကို သိမ္းယူခဲ့သည့္အနက္ ပိုလွ်ံေျမ ဧက (၂၄ဝ) ေက်ာ္ကို ျပန္လည္ေပးအပ္ရန္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ုဳပ္္က မတ္လအတြင္းက ညႊန္ၾကားထားေသာ္လည္း လက္ရွိအခ်ိန္ထိ ျပန္လည္ မစြန္႔လႊတ္ေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း - #ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှ သိမ်းဆည်းခံရသည့် မြေဧရိယာတွင် သင်္ချိုင်းမြေများ ပါဝင်နေသဖြင့် ရိုးရာနည်းအတိုင်း ဝိညာဉ်များကို ခေါ်ဆောင်ကာ ဆန္ဒထုတ်ဖော်ရာတွင် ဝိညာဉ်စစ်ကြောင်းကိုပါ ထည့်သွင်းခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သည့် ဦးစိန်ဝင်းက ဆိုသည်။

"ကျွန်တော်တို့ သိမ်းခံထားရတဲ့ မြေထဲမှာ သင်္ချိုင်းကုန်းနှစ်ခုပါသွားတယ်။ အဲဒါကြောင့် ဒီသင်္ချိုင်းက ဝိညာဉ်ကို ရိုးရာနည်းအရ ခေါ်တယ်။ ပြီးတော့ သူတို့ပါ စစ်ကြောင်းတစ်ခု လုပ်ပေးထားတယ်။ ဒါက ဘယ်နေရာမှာမှတော့ မလုပ်ဖူးသေးဘူး။ ကျွန်တော်တို့က ရိုးရာဓလေ့ ထုံးတမ်းနည်းတွေကိုသုံးပြီး ဝိညာဉ်တွေကလည်း သူတို့နဲ့ သက်ဆိုင်တာကို ပြန်တောင်းဆိုကြတဲ့နည်းလမ်းပေါ့ "ဟု၎င်းက ဆိုသည်။

တပ်မှသိမ်းဆည်းမြေတိုးချဲ့ တိုင်းတာမှုများ လုပ်ဆောင်နေသည်ကို ဖြေရှင်းပေးရန် ဒေသခံများက တင်ပြထားသော်လည်း လုပ်ဆောင်ပေးခြင်း မရှိသဖြင့် ဒေသခံတောင်သူများက စက်တင်ဘာလ(၂၃) ရက်က ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

တပ်သိမ်းမြေ တိုးချဲ့တိုင်းတာရာတွင် မိုးဗြဲမြို့ သာယာကုန်းကျေးရွာသင်္ချိုင်းနှင့် သစ်ယာကုန်းကျေးရွာ သင်္ချိုင်းနှစ်ခုလည်း ပါဝင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီလိုလုပ်တာ သင်္ချိုင်းမြေပါလို့ပေါ့။ ဒီကဓလေ့ရိုးရာကိုသုံးပြီး ဝိညာဉ်တွေကို ပါဝင်စေတာရယ် သင်္ချိုင်းကော်မတီကလည်း ပူးပေါင်းပါဝင်တာ။ ဒါကဖြစ်သင့်တယ်။ ထူးခြားတယ်လို့လည်း ပြောချင်တယ် "ဟု ဖယ်ခုံမြို့မှ ဒေသခံ ဦးကျော်ထင်အောင်က ပြောသည်။

ဆန္ဒဖော်ထုတ်မှုတွင် ဝိညာဉ်များကို ထည့်သွင်းခြင်းမှာ၎င်းတို့အား အသုံးချခြင်းဖြစ်သည်ဟု ဒေသခံအချို့၏ ဝေဖန်မှုများလည်း ထွက်လာသည်ကို တွေ့ရသည်။

အဆိုပါ သိမ်းဆည်းခံမြေများမှာ ၁၉၉ဝ ခုနှစ်ဝန်းကျင်က မိုးဗြဲမြို့နယ် အခြေစိုက်လာသည့် အမှတ် (၄၂၂) ခြမြေန်တပ်ရင်း တပ်တည်ရန်နှင့် တပ်လုံခြုံရေးအတွက် မြေဧက (၁၃ဝဝ) ကျော်ကို သိမ်းယူခဲ့သည့်အနက် ပိုလျှံမြေ ဧက (၂၄ဝ) ကျော်ကို ပြန်လည်ပေးအပ်ရန် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က မတ်လအတွင်းက ညွှန်ကြားထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည် မစွန့်လွှတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း - #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~