ထိုင္းႏိုင္ငံဘက္မွ အဆင္သင့္ျဖစ္ပါက ထိုင္း - ကယား နယ္စပ္ကုန္သြယ္ေရးစခန္း မၾကာမီ ဖြင့္လွစ္ႏိုင္ေတာ့မည္

ထိုင္းႏိုင္ငံဘက္မွ အဆင္သင့္ျဖစ္ပါက ထိုင္း - ကယား နယ္စပ္ကုန္သြယ္ေရးစခန္း မၾကာမီ ဖြင့္လွစ္ႏိုင္ေတာ့မည္
စက်တင်ဘာ 12, 2016
By Tachileik News Agency

ကယားျပည္နယ္ႏွင့္ ထိုင္းႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးစခန္းႏွင့္ ကုန္သြယ္ေရးလမ္းေၾကာင္းအား ထိုင္းႏိုင္ငံဘက္မွ အဆင္သင့္ျဖစ္ပါက ဖြင့္လွစ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း မယ္စ့ဲၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးထံမွ သိရသည္။

ကယားျပည္နယ္ႏွင့္ ထိုင္းႏိုင္ငံနယ္စပ္ျဖစ္သည့္ မယ္စဲ့ၿမိဳ႕နယ္ (BP-13) အထိ ကယားဘက္မွ လမ္းမ်ား ေဖာက္လုပ္ၿပီးစီးေနၿပီး ထိုင္းႏိုင္ငံဘက္မွ လမ္းမ်ားေဖာက္လုပ္ရန္ လိုအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဘက္က ကုန္သြယ္ေရးလမ္းေၾကာင္းေတြ အေဆာက္အဦေတြ ၿပီးေနၿပီ။ ထိုင္းဘက္ပဲ လိုေတာ့တာေပါ့။ သူတို႔႔႔ဘက္က မၿပီးေသးဘူး။ ခုစလုပ္ေနၿပီလို႔ေတာ့ ေျပာတယ္။ ၿပီးရင္ ဖြင့္လို႕ရၿပီ"ဟု ကယားျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

အဆိုပါ ကုန္သြယ္ေရးလမ္းေၾကာင္းအား ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ဖြင့္လွစ္ရန္ မူလက စီစဥ္ထားၿပီး ျပည္နယ္အစိုးရႏွင့္ ထိုင္းႏိုင္ငံမွ တာဝန္ရွိသူမ်ားလည္း မၾကာခဏ ေတြ႕ဆုံေဆြးေႏြးလွ်က္ရွိေၾကာင္း သိရသည္။

ထိုင္း ႏွင့္ကယားျပည္နယ္ နယ္စပ္ကုန္သြယ္ေရး ဖြင့္လွစ္ႏိုင္ပါက ျပည္နယ္အတြက္ စီးပြားေရး အဆင္ေျပကာ စိုက္ပ်ိဳးေရး လုပ္ကုိင္သည့္ ေတာင္သူမ်ား၊ ေဒသခံမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားရလာႏိုင္ေၾကာင္း ကုန္သည္တစ္ဦးက ဆိုသည္။

" အဓိကကေတာ့ ဒီဘက္ကေနထြက္တဲ့ သီးႏွံေတြ ဘာေတြ တင္ပို႔ ႏိုင္မွာေပါ့။ ဝင္ေငြတိုးမယ္။ အခြန္ေတြလည္း ျပည္နယ္အစိုးရက ရမယ္။ ႏွစ္ဖက္စလုံး အက်ိဳးရွိမယ္။ ျမန္ျမန္ဖြင့္ႏိုင္ဖို႔ေမွ်ာ္လင့္တာပဲ "ဟု ကုန္သည္တစ္ဦးက ေျပာသည္။

ထိုင္းႏိုင္ငံစီးပြားကူးသန္းေရာင္းဝယ္ေရးအဖြဲဲ႕မ်ားႏွင့္ ကယားျပည္နယ္ ကုန္သည္ႀကီးမ်ားအသင္း ၊ နယ္စပ္ကုန္သြယ္ေရးအသင္းတို႔သည္ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရး လမ္း ဖြင့္ႏိုင္ရန္ႏွင့္ မယ္ေဟာင္ေဆာင္ ခရိုင္ႏွင့္ လိြဳင္ေကာ္ၿမိဳ႕တို႔မွ ပညာေရး၊ လူမႈေရး၊ စီးပြားေရးကိစၥရပ္မ်ားကုိ လုပ္ေဆာင္ႏုိင္ရန္  ၾသဂုတ္လ (၂၀) ရက္က ေတြ႕ဆံုညိႇႏိႈင္းခဲ့ေၾကာင္း သိရသည္။

ထိုင္း - ကယားနယ္စပ္ကုန္သြယ္ေရး ဖြင့္လွစ္လိုက္ပါက အဓိကအားျဖင့္ ထိုင္းႏိုင္ငံမွ ခရီးသြားမ်ား မယ္ေဟာင္ေဆာင္မွ ကယားျပည္နယ္ကို ဝင္ေရာက္ႏိုင္မည္ျဖစ္ၿပီး ကယားျပည္နယ္ ထြက္ကုန္မ်ား ျဖစ္သည့္ ၾကက္သြန္ျဖဴ၊ ငရုပ္သီး၊ ႏွမ္း၊ ေျပာင္းစသည့္ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားလည္း တင္ပို႔ႏုိင္မည္ ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏွင့္ ကယားျပည္နယ္ နယ္စပ္ကုန္သြယ္ေရး စခန္းဖြင့္လွစ္ရန္ ယခင္အစိုးရလက္ထက္ကတည္းက လုပ္ေဆာင္ခဲ႔ျခင္းျဖစ္ၿပီး ကယားျပည္နယ္ ႏွင့္ ထိုင္းနယ္စပ္တြင္ တရားမဝင္ နားလည္မႈသေဘာျဖင့္ ကုန္သြယ္မႈသာရိွေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းအား ထိုင်းနိုင်ငံဘက်မှ အဆင်သင့်ဖြစ်ပါက ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးထံမှ သိရသည်။
ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ဖြစ်သည့် မယ်စဲ့မြို့နယ် (BP-13) အထိ ကယားဘက်မှ လမ်းများ ဖောက်လုပ်ပြီးစီးနပြေီး ထိုင်းနိုင်ငံဘက်မှ လမ်းများဖောက်လုပ်ရန် လိုအပ်နခြေင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ဘက်က ကုန်သွယ်ရေးလမ်းကြောင်းတွေ အဆောက်အဦတွေ ပြီးနပြေီ။ ထိုင်းဘက်ပဲ လိုတော့တာပေါ့။ သူတို့ဘက်က မပြီးသေးဘူး။ ခုစလုပ်နပြေီလို့တော့ ပြောတယ်။ ပြီးရင် ဖွင့်လို့ရပြီ"ဟု ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။
အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းအား သြဂုတ်လ (၂၀)ရက်နေ့တွင် ဖွင့်လှစ်ရန် မူလက စီစဉ်ထားပြီး ပြည်နယ်အစိုးရနှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများလည်း မကြာခဏ တွေ့ဆုံဆွေးနွေးလျှက်ရှိကြောင်း သိရသည်။
ထိုင်း နှင့်ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်နိုင်ပါက ပြည်နယ်အတွက် စီးပွားရေး အဆင်ပြေကာ စိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများ၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရလာနိုင်ကြောင်း ကုန်သည်တစ်ဦးက ဆိုသည်။
" အဓိကကတော့ ဒီဘက်ကနေထွက်တဲ့ သီးနှံတွေ ဘာတွေ တင်ပို့ နိုင်မှာပေါ့။ ဝင်ငွေတိုးမယ်။ အခွန်တွေလည်း ပြည်နယ်အစိုးရက ရမယ်။ နှစ်ဖက်စလုံး အကျိုးရှိမယ်။ မြန်မြန်ဖွင့်နိုင်ဖို့မျှော်လင့်တာပဲ "ဟု ကုန်သည်တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံစီးပွားကူးသန်းရောင်းဝယ်ရေးအဖွဲ့များနှင့် ကယားပြည်နယ် ကုန်သည်ကြီးများအသင်း၊ နယ်စပ်ကုန်သွယ်ရေးအသင်းတို့သည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်း ဖွင့်နိုင်ရန်နှင့် မယ်ဟောင်ဆောင် ခရိုင်နှင့် လွိုင်ကော်မြို့တို့မှ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များကို လုပ်ဆောင်နိုင်ရန် သြဂုတ်လ (၂၀) ရက်က တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။
ထိုင်း - ကယားနယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်လိုက်ပါက အဓိကအားဖြင့် ထိုင်းနိုင်ငံမှ ခရီးသွားများ မယ်ဟောင်ဆောင်မှ ကယားပြည်နယ်ကို ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကယားပြည်နယ် ထွက်ကုန်များ ဖြစ်သည့် ကြက်သွန်ဖြူ၊ ငရုပ်သီး၊ နှမ်း၊ ပြောင်းစသည့် စိုက်ပျိုးရေးထွက်ကုန်များလည်း တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနှင့် ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်ရန် ယခင်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ် နှင့် ထိုင်းနယ်စပ်တွင် တရားမဝင် နားလည်မှုသဘောဖြင့် ကုန်သွယ်မှုသာရှိကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~