ေတာင္ႀကီးၿမိဳ႕မေစ်းမွ ပ်ံက်ေစ်းသည္မ်ားအား ဆိုင္ခန္းေနရာခ်ထားေပးမည္

ေတာင္ႀကီးၿမိဳ႕မေစ်းမွ ပ်ံက်ေစ်းသည္မ်ားအား ဆိုင္ခန္းေနရာခ်ထားေပးမည္
စက်တင်ဘာ 2, 2016
By Tachileik News Agency

ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မေစ်းေရွ႕မွ ကုန္ေျခာက္ႏွင့္ သားငါးေစ်းေရာင္းခ်ေနသည့္ ပ်ံက်ေစ်းသည္မ်ားအား ေစ်းေရာင္းရန္ ေနရာမ်ား ျပန္လည္ထားရွိေပးသြားမည္ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ သိရသည္။

’’ပ်ံက်ေစ်းသည္ဆိုတာ မရွိရင္ လူစည္ကားမွာ မဟုတ္ပါဘူး။ ေစ်းစည္ကားတယ္ဆိုတာကလည္း သူတို႔ေၾကာင့္ ပါတယ္။ မူလတရား၀င္ ဆိုင္ခန္းပိုင္ရွင္ေတြဟာ ပ်ံက်ေစ်းသည္ေတြကို မမုန္းသင့္ပါဘူး။ လူေတြက ေစ်းလာတယ္ဆိုတာကလည္း သူတို႔ ဆီ၀ယ္ၿပီးမွ တျခားလိုအပ္တဲ့ ပစၥည္း၀ယ္ၾကတာေလ။ ေစ်းတစ္ေစ်းမွာ ပ်ံက်ေစ်းသည္ေတြ ရွိသင့္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က ပ်ံက်ေစ်းသည္ေတြအတြက္ ေစ်းခင္း သက္သက္ ထားရွိေပးမွာပါ။ ေနရာအတည္တက်ေတာ့ေျပာလို႔ မရေသးပါဘူး။ ေျမေနရာ မေသခ်ာေသးလို႔ပါ။ ဒါေပမဲ့့ ကၽြန္ေတာ္တို႔ အေကာင္းဆံုးျဖစ္ေအာင္ စီမံေဆာင္ရြက္ေပးသြားမွာပါ။’’ဟု ေတာင္ၾကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။

အဆိုပါ ပ်ံက်ေစ်းသည္မ်ားအား ေနရာခ်ထားေပးရန္ ယခင္ကတည္းက ေတာင္းဆိုထားျခင္းျဖစ္ၿပီး လက္ရိွတြင္ ၎တို႔အား ဆိုင္ခန္းေနရာေပးႏုိင္ေရးအတြက္ စည္ပင္သာယာေရးဌာနက စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

’’ဒီဆိုင္ခန္းေတြအတြက္ စည္ပင္မွာ တာ၀န္ရွိပါတယ္။ စည္ပင္က ခြင့္ျပဳထားတာေလ အရင္အစိုးရ အဆက္ဆက္၊ စည္ပင္ေကာ္မတီ အဆက္ဆက္ကတည္းက တင္ျပေတာင္းဆိုလာတာ။ ေစ်းသည္ေတြလည္း အရမ္းနစ္နာတယ္။ အခု အစိုးရနဲ႔ စည္ပင္လက္ထက္မွာမွ ျပန္ၿပီး စီမံေပးမယ္လို႔ေျပာတာေတာ့ အတိအက် မသိရေသးပါဘူး’’ဟု ပ်ံက်ေစ်းသည္တစ္ဦးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕မေစ်း အေရွ႕ဘက္ရွိ ကုန္ေျခာက္ပစၥည္းႏွင့္ အသားငါးေရာင္းခ်ေနသည့္ ေစ်းဆိုင္ခန္းမ်ားတြင္ တရား၀င္ မွတ္ပံုတင္ ဆိုင္ခန္းေပါင္း(၄၆၆)ခန္းရွိၿပီး၊ တရား၀င္ မွတ္ပံုတင္ထားျခင္း မရွိသည့္ ပ်ံက်ေစ်းဆိုင္ခန္း (၅၈)ခန္းရိွေၾကာင္း သိရသည္။

သတင္း - #ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တောင်ကြီးမြို့ မြို့မဈေးရှေ့မှ ကုန်ခြောက်နှင့် သားငါးဈေးရောင်းချနေသည့် ပျံကျဈေးသည်များအား ဈေးရောင်းရန် နေရာများ ပြန်လည်ထားရှိပေးသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။

’’ပျံကျဈေးသည်ဆိုတာ မရှိရင် လူစည်ကားမှာ မဟုတ်ပါဘူး။ ဈေးစည်ကားတယ်ဆိုတာကလည်း သူတို့ကြောင့် ပါတယ်။ မူလတရားဝင် ဆိုင်ခန်းပိုင်ရှင်တွေဟာ ပျံကျဈေးသည်တွေကို မမုန်းသင့်ပါဘူး။ လူတွေက ဈေးလာတယ်ဆိုတာကလည်း သူတို့ ဆီဝယ်ပြီးမှ တခြားလိုအပ်တဲ့ ပစ္စည်းဝယ်ကြတာလေ။ ဈေးတစ်ဈေးမှာ ပျံကျဈေးသည်တွေ ရှိသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပျံကျဈေးသည်တွေအတွက် ဈေးခင်း သက်သက် ထားရှိပေးမှာပါ။ နေရာအတည်တကျတော့ပြောလို့ မရသေးပါဘူး။ မြေနေရာ မသေချာသေးလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးသွားမှာပါ။’’ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။

အဆိုပါ ပျံကျဈေးသည်များအား နေရာချထားပေးရန် ယခင်ကတည်းက တောင်းဆိုထားခြင်းဖြစ်ပြီး လက်ရှိတွင်၎င်းတို့အား ဆိုင်ခန်းနေရာပေးနိုင်ရေးအတွက် စည်ပင်သာယာရေးဌာနက စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

’’ဒီဆိုင်ခန်းတွေအတွက် စည်ပင်မှာ တာဝန်ရှိပါတယ်။ စည်ပင်က ခွင့်ပြုထားတာလေ အရင်အစိုးရ အဆက်ဆက်၊ စည်ပင်ကော်မတီ အဆက်ဆက်ကတည်းက တင်ပြတောင်းဆိုလာတာ။ ဈေးသည်တွေလည်း အရမ်းနစ်နာတယ်။ အခု အစိုးရနဲ့ စည်ပင်လက်ထက်မှာမှ ပြန်ပြီး စီမံပေးမယ်လို့ပြောတာတော့ အတိအကျ မသိရသေးပါဘူး’’ဟု ပျံကျဈေးသည်တစ်ဦးက ပြောသည်။

တောင်ကြီးမြို့မဈေး အရှေ့ဘက်ရှိ ကုန်ခြောက်ပစ္စည်းနှင့် အသားငါးရောင်းချနေသည့် ဈေးဆိုင်ခန်းများတွင် တရားဝင် မှတ်ပုံတင် ဆိုင်ခန်းပေါင်း(၄၆၆)ခန်းရှိပြီး၊ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် ပျံကျဈေးဆိုင်ခန်း (၅၈)ခန်းရှိကြောင်း သိရသည်။

သတင်း - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~