တရုတ္ဝယ္လက္မရိွ၍ ႏွမ္းေစ်းက်ဆင္းသျဖင့္ ေတာင္သူမ်ား အရံွဳးေပၚ

တရုတ္ဝယ္လက္မရိွ၍ ႏွမ္းေစ်းက်ဆင္းသျဖင့္ ေတာင္သူမ်ား အရံွဳးေပၚ
စက်တင်ဘာ 20, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း ႏွမ္းသီးႏွံထြက္ရွိခ်ိန္တြင္ တရုတ္ႏုိင္ငံမွ ႏွမ္းဝယ္လက္မရိွသျဖင့္ ေစ်းႏႈန္းက်သြားရာ ႏွမ္းစိုက္ေတာင္သူမ်ား အရံွဳးေပၚေနေၾကာင္း သိရသည္။

"ဒီႏွစ္ ႏွမ္းေပါက္ေစ်းနဲ႔ေတာ့ လုပ္ခသာသာပဲ ျပန္ရတာ။ ေနာက္ထပ္သီးႏွံ ျပန္စိုက္ဖို႔ေတာင္ မလြယ္ဘူး။ စိုက္ဘဏ္အေၾကြးေတြနဲ႔ လုပ္ခေတြ တြက္လိုက္ရင္ အျမတ္ေတာင္မက်န္ဘူး။ ႏွမ္းေစ်းမေကာင္းေတာ့ အျမတ္မရဘူးေပါ့"ဟု ႏွမ္းစိုက္ေတာင္သူတစ္ဦးျဖစ္သည့္ ေဒၚနီနီက ေျပာသည္။

ႏွမ္းစိုက္ေတာင္သူမ်ားမွာ စုိက္ဘဏ္ေခ်းေငြထုတ္ေပးရာတြင္လည္း ယာသီးႏွံျဖစ္သည့္အတြက္ (၁၀)ဧကလွ်င္ က်ပ္(၂)သိန္းသာ ထုတ္ေခ်းခြင့္ရရွိခဲ့သျဖင့္ ႏွမ္းသီးႏွံမွ အရံွဳးေပၚေနေၾကာင္း နွင့္ ေနာက္ထပ္သီးႏွံ စိုက္ပ်ိဳးရန္ အခက္အခဲ ျဖစ္ေနၾကေၾကာင္း သိရသည္။

"ကုမၸဏီေတြက ဝယ္ယူဖို႔ ပြဲစားေတြ လႊတ္ထားၾကပါတယ္။ အရင္နွစ္ေတြကေတာ့ တရုတ္ကိုပုိ႔ဖုိ႔ လုဝယ္ၾကေတာ့ တစ္တင္းကို (၆၀၀၀၀) ေက်ာ္၊ (၇၀၀၀၀)ေလာက္ ရခ့ဲတယ္။ အခုနွစ္ကေတာ့ တရုတ္ဘက္က မ၀ယ္ေတာ့တဲ့အတြက္ ေစ်းထိုးက်သြားတာ"ဟု ႏွမ္း အ၀ယ္ဒိုင္တစ္ဦးျဖစ္သည့္ ဦးအ့ံေမာင္က ေျပာသည္။

မေကြးၿမိဳ႕ေစ်းကြက္တြင္ စမုံနက္နွမ္းတစ္တင္းလွ်င္ ယခင္ေပါက္ေစ်းက်ပ္(၅၀,၀၀၀)ေက်ာ္မွ လက္ရိွတြင္ က်ပ္(၄၅,၀၀၀)ထိ ထိုးက်ခဲ့ၿပီး ႏွမ္းနက္မွာလည္း တစ္တင္းလွ်င္ က်ပ္(၄၅,၀၀၀)ခန္႕မွ က်ပ္(၃၈,၀၀၀)ထိ ေစ်းႏွဳန္းက်ဆင္းလာကာ နွမ္းနီ၊ နွမ္းျဖဴ တစ္တင္းလွ်င္ ယခင္ေပါက္ေစ်း က်ပ္(၄၀,၀၀၀)ခန္႔မွ က်ပ္(၂၉,၀၀၀) အထိ က်ဆင္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

"ႏွမ္းေတြက သီးႏွံထြက္ၿပီဆိုရင္ ေစ်းႏွဳန္းေတြက ဆက္တိုက္က်ဆင္းေတာ့တာပဲ။ မႏွစ္ကလည္း ဒီလိုပဲ ဒီႏွစ္လည္း ေစ်းက်တယ္။ ႏွမ္းမထြက္ခင္က တစ္တင္းကို က်ပ္(၄၅,၀၀၀)ေပါက္ေစ်းရွိတယ္။ အခု က်ပ္(၃၈,၀၀၀)အထိ က်သြားတယ္။ ေစ်းကြက္ကို ထိန္းသိမ္းႏိုင္ေအာင္လုပ္ေပးရင္ ေတာင္သူေတြ မနစ္နာေတာ့ဘူး"ဟု ကုန္သည္ႀကီးမ်ားအသင္း အတြင္းေရးမွဴး  အိုေကပြဲရုံ ပုိင္ရွင္ျဖစ္သူ ဦးေအာင္ျမင့္ေက်ာ္က ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္း စကု၊ မေကြး၊ မင္းဘူး၊ မင္းလွ၊ ပုတီးကုန္းၿမိဳ႕နယ္မ်ားတြင္ ႏွမ္းအမ်ားဆံုး ထြက္ေၾကာင္း သိရသည္။

သတင္း - ကိုလင္း
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်း နှမ်းသီးနှံထွက်ရှိချိန်တွင် တရုတ်နိုင်ငံမှ နှမ်းဝယ်လက်မရှိသဖြင့် ဈေးနှုန်းကျသွားရာ နှမ်းစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

"ဒီနှစ် နှမ်းပေါက်ဈေးနဲ့တော့ လုပ်ခသာသာပဲ ပြန်ရတာ။ နောက်ထပ်သီးနှံ ပြန်စိုက်ဖို့တောင် မလွယ်ဘူး။ စိုက်ဘဏ်အကြွေးတွေနဲ့ လုပ်ခတွေ တွက်လိုက်ရင် အမြတ်တောင်မကျန်ဘူး။ နှမ်းဈေးမကောင်းတော့ အမြတ်မရဘူးပေါ့"ဟု နှမ်းစိုက်တောင်သူတစ်ဦးဖြစ်သည့် ဒေါ်နီနီက ပြောသည်။

နှမ်းစိုက်တောင်သူများမှာ စိုက်ဘဏ်ချေးငွေထုတ်ပေးရာတွင်လည်း ယာသီးနှံဖြစ်သည့်အတွက် (၁၀)ဧကလျှင် ကျပ်(၂)သိန်းသာ ထုတ်ချေးခွင့်ရရှိခဲ့သဖြင့် နှမ်းသီးနှံမှ အရှုံးပေါ်နေကြောင်း နှင့် နောက်ထပ်သီးနှံ စိုက်ပျိုးရန် အခက်အခဲ ဖြစ်နကြေကြောင်း သိရသည်။

"ကုမ္ပဏီတွေက ဝယ်ယူဖို့ ပွဲစားတွေ လွှတ်ထားကြပါတယ်။ အရင်နှစ်တွေကတော့ တရုတ်ကိုပို့ဖို့ လုဝယ်ကြတော့ တစ်တင်းကို (၆၀၀၀၀) ကျော်၊ (၇၀၀၀၀)လောက် ရခဲ့တယ်။ အခုနှစ်ကတော့ တရုတ်ဘက်က မဝယ်တော့တဲ့အတွက် ဈေးထိုးကျသွားတာ"ဟု နှမ်း အဝယ်ဒိုင်တစ်ဦးဖြစ်သည့် ဦးအံ့မောင်က ပြောသည်။

မကွေးမြို့ဈေးကွက်တွင် စမုံနက်နှမ်းတစ်တင်းလျှင် ယခင်ပေါက်ဈေးကျပ်(၅၀,ဝဝဝ)ကျော်မှ လက်ရှိတွင် ကျပ်(၄၅,ဝဝဝ)ထိ ထိုးကျခဲ့ပြီး နှမ်းနက်မှာလည်း တစ်တင်းလျှင် ကျပ်(၄၅,ဝဝဝ)ခန့်မှ ကျပ်(၃၈,ဝဝဝ)ထိ ဈေးနှုန်းကျဆင်းလာကာ နှမ်းနီ၊ နှမ်းဖြူ တစ်တင်းလျှင် ယခင်ပေါက်ဈေး ကျပ်(၄၀,ဝဝဝ)ခန့်မှ ကျပ်(၂၉,ဝဝဝ) အထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

"နှမ်းတွေက သီးနှံထွက်ပြီဆိုရင် ဈေးနှုန်းတွေက ဆက်တိုက်ကျဆင်းတော့တာပဲ။ မနှစ်ကလည်း ဒီလိုပဲ ဒီနှစ်လည်း ဈေးကျတယ်။ နှမ်းမထွက်ခင်က တစ်တင်းကို ကျပ်(၄၅,ဝဝဝ)ပေါက်ဈေးရှိတယ်။ အခု ကျပ်(၃၈,ဝဝဝ)အထိ ကျသွားတယ်။ ဈေးကွက်ကို ထိန်းသိမ်းနိုင်အောင်လုပ်ပေးရင် တောင်သူတွေ မနစ်နာတော့ဘူး"ဟု ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး အိုကေပွဲရုံ ပိုင်ရှင်ဖြစ်သူ ဦးအောင်မြင့်ကျော်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း စကု၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ ပုတီးကုန်းမြို့နယ်များတွင် နှမ်းအများဆုံး ထွက်ကြောင်း သိရသည်။

သတင်း - ကိုလင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~