က်ဳိင္းတုံ - တာခ်ီလိတ္ ေရႊေရကန္ယာဥ္လိုင္း တိမ္းေမွာက္မႈ ရွမ္းျပည္နယ္တြင္ IKBZ ၏ အာမခံေလ်ာ္ေၾကးေပးရမႈ အျမင့္ဆုံးဟုဆို

က်ဳိင္းတုံ - တာခ်ီလိတ္ ေရႊေရကန္ယာဥ္လိုင္း တိမ္းေမွာက္မႈ ရွမ္းျပည္နယ္တြင္ IKBZ ၏ အာမခံေလ်ာ္ေၾကးေပးရမႈ အျမင့္ဆုံးဟုဆို
စက်တင်ဘာ 21, 2016
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ ကေမၻာဇ အာမခံလုပ္ငန္း(IKBZ Insurance Co.Ltd)၏ ရွမ္းျပည္နယ္ ေတာင္ႀကီးရုံးမွ ခရီးသြားအာမခံေလ်ာ္ေၾကးေငြ အျမင့္ဆုံးေပးရမႈမွာ စက္တင္ဘာလ(၁၆)ရက္ေန႔က ျဖစ္ပြားခဲ႔သည့္ က်ိဳင္းတုံ - တာခ်ီလိတ္ေျပးဆြဲေနသည့္ ေရႊေရကန္ယာဥ္လိုင္း တိမ္းေမွာက္မႈျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံ - တာခ်ီလိတ္ ေျပးဆြဲေနေသာ ေရႊေရကန္ယာဥ္လိုင္းသည္ ကေမၻာဇအာမခံလုပ္ငန္း ေတာင္ႀကီးရုံးခြဲတြင္ အထူးခရီးသြားအာမခံထားရွိျခင္း ျဖစ္ေၾကာင္း အျပည္ျပည္ဆိုင္ရာ ကေမၻာဇ အာမခံလုပ္ငန္း(IKBZ Insurance Co.Ltd)၏ ေတာင္ႀကီးရုံးခြဲ လက္ေထာက္မန္ေနဂ်ာ ဦးေဝလင္းေမာင္ထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ဆီမွာ လာလုပ္ထားတဲ့ အာမခံေပါ့။ ေတာင္ႀကီးရုံးခြဲ အေနနဲ႔ဆို ဒီတစ္ေခါက္ျဖစ္တဲ့ ေရႊေရကန္ ယာဥ္လိုင္း တိမ္းေမွာက္မႈေပါ့။ ဒါက ကၽြန္ေတာ္္တို႔ဆီမွာေတာ့ အာမခံေလ်ာ္ေၾကးေငြေပးရတာ အျမင့္ဆုံး ျဖစ္ပါတယ္။ အားလုံးကိုလည္း ခ်က္ခ်င္း လုပ္ေဆာင္ေပးေနပါတယ္" ဟု အျပည္ျပည္ဆိုင္ရာ ကေမၻာဇ အာမခံလုပ္ငန္း(IKBZ Insurance Co.Ltd)၏ ေတာင္ႀကီးရုံးခြဲ လက္ေထာက္မန္ေနဂ်ာ ဦးေဝလင္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ဳိင္းတံုၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သုိ႔ထြက္ခြာလာသည့္ ေရႊေရကန္ယာဥ္လိုင္းမွ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္သည္ စက္တင္ဘာ (၁၆)ရက္ေန႔က က်ဳိင္းတံု ႏွင့္မိုင္းျဖတ္ၿမဳိ႕အၾကားရွိ ဆိုင္းေလရြာႏွင့္ စြပ္ပေလာင္းရြာအၾကား ေပ (၂၀၀) အနက္ရွိသည့္ ေခ်ာင္းထဲသို႔ ထိုးက်တိမ္းေမွာက္ခဲ့သျဖင့္ ခရီးသည္ (၂)ဦးေသဆုံးခဲ့ၿပီး ယာဥ္ေမာင္းအပါအဝင္ စုုစုေပါင္း (၁၀) ဦးထိခိုက္ဒဏ္ရာရရိွသြားျခင္း ျဖစ္သည္။

ေသဆံုးသူႏွစ္ဦး၏ မိသားစုဝင္မ်ားအား အထူးခရီးသြား အာမခံေလ်ာ္ေၾကးေငြ က်ပ္သိန္း(၃၀)စီကို စက္တင္ဘာ (၁၇)ရက္ေန႔က ေပးအပ္လိုက္ၿပီး၊ ေဆးကုသမႈခံယူေနဆဲ ခရီးသည္(၁၀)ဦးအတြက္လည္း ႀကိဳတင္အာမခံေလ်ာ္ေၾကးေငြ က်ပ္တစ္သိန္းစီ ေပးေလ်ာ္ထားကာ ေဆးမွတ္တမ္းအျပည့္အစုံရရွိပါက ထပ္မံေပးအပ္သြားမည္ျဖစ္ေၾကာင္း ကေမၻာဇအာမခံလုပ္ငန္းမွ သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ အေျချပဳေျပးဆြဲေနသည့္ တရားဝင္ခရီးသည္တင္ယာဥ္လိုင္းမ်ား၏ (၇၀) ရာခိုင္ႏႈန္းမွာ ခရီးသြားအာခမံလုပ္ေဆာင္ထားေၾကာင္း က်ိဳင္းတံုၿမိဳ႕နယ္ေမာ္ေတာ္ယာဥ္ ထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္ေရး ေကာ္မတီမွ သိရသည္။

အျပည္ျပည္ဆိုင္ရာ ကေမၻာဇ အာမခံလုပ္ငန္း(IKBZ Insurance Co.Ltd)၏ ေတာင္ႀကီးရံုးခြဲအေနျဖင့္ အာမခံအမ်ိဳးအစား (၁၂)မ်ိဳးကို လုပ္ေဆာင္ေပးေနသည့္ အနက္ အထူးခရီးသြားအာမခံထားရိွသူမွာ အမ်ားဆံုးျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ~~~~~~~~
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း(IKBZ Insurance Co.Ltd)၏ ရှမ်းပြည်နယ် တောင်ကြီးရုံးမှ ခရီးသွားအာမခံလျော်ကြေးငွေ အမြင့်ဆုံးပေးရမှုမှာ စက်တင်ဘာလ(၁၆)ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျိုင်းတုံ - တာချီလိတ်ပြေးဆွဲနေသည့် ရွှေရေကန်ယာဉ်လိုင်း တိမ်းမှောက်မှုဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ - တာချီလိတ် ပြေးဆွဲနေသော ရွှေရေကန်ယာဉ်လိုင်းသည် ကမ္ဘောဇအာမခံလုပ်ငန်း တောင်ကြီးရုံးခွဲတွင် အထူးခရီးသွားအာမခံထားရှိခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း(IKBZ Insurance Co.Ltd)၏ တောင်ကြီးရုံးခွဲ လက်ထောက်မန်နေဂျာ ဦးဝေလင်းမောင်ထံမှ သိရသည်။

"ကျွန်တော်တို့ဆီမှာ လာလုပ်ထားတဲ့ အာမခံပေါ့။ တောင်ကြီးရုံးခွဲ အနေနဲ့ဆို ဒီတစ်ခေါက်ဖြစ်တဲ့ ရွှေရေကန် ယာဉ်လိုင်း တိမ်းမှောက်မှုပေါ့။ ဒါက ကျွန်တော်တို့ဆီမှာတော့ အာမခံလျော်ကြေးငွေပေးရတာ အမြင့်ဆုံး ဖြစ်ပါတယ်။ အားလုံးကိုလည်း ချက်ချင်း လုပ်ဆောင်ပေးနေပါတယ်" ဟု အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း(IKBZ Insurance Co.Ltd)၏ တောင်ကြီးရုံးခွဲ လက်ထောက်မန်နေဂျာ ဦးဝေလင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ထွက်ခွာလာသည့် ရွှေရေကန်ယာဉ်လိုင်းမှ ခရီးသည်တင် မော်တော်ယာဉ်သည် စက်တင်ဘာ (၁၆)ရက်နေ့က ကျိုင်းတုံ နှင့်မိုင်းဖြတ်မြို့အကြားရှိ ဆိုင်းလေရွာနှင့် စွပ်ပလောင်းရွာအကြား ပေ (၂၀၀) အနက်ရှိသည့် ချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၂)ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် စုစုပေါင်း (၁၀) ဦးထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

သေဆုံးသူနှစ်ဦး၏ မိသားစုဝင်များအား အထူးခရီးသွား အာမခံလျော်ကြေးငွေ ကျပ်သိန်း(၃၀)စီကို စက်တင်ဘာ (၁၇)ရက်နေ့က ပေးအပ်လိုက်ပြီး၊ ဆေးကုသမှုခံယူနေဆဲ ခရီးသည်(၁၀)ဦးအတွက်လည်း ကြိုတင်အာမခံလျော်ကြေးငွေ ကျပ်တစ်သိန်းစီ ပေးလျော်ထားကာ ဆေးမှတ်တမ်းအပြည့်အစုံရရှိပါက ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇအာမခံလုပ်ငန်းမှ သိရသည်။

ကျိုင်းတုံမြို့တွင် အခြပြေုပြေးဆွဲနေသည့် တရားဝင်ခရီးသည်တင်ယာဉ်လိုင်းများ၏ (၇၀) ရာခိုင်နှုန်းမှာ ခရီးသွားအာခမံလုပ်ဆောင်ထားကြောင်း ကျိုင်းတုံမြို့နယ်မော်တော်ယာဉ် ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း(IKBZ Insurance Co.Ltd)၏ တောင်ကြီးရုံးခွဲအနဖြေင့် အာမခံအမျိုးအစား (၁၂)မျိုးကို လုပ်ဆောင်ပေးနေသည့် အနက် အထူးခရီးသွားအာမခံထားရှိသူမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~