ခဲနန္းေရႊေမွာ္လုပ္သားမ်ားထံမွ ဧည့္စာရင္းတုိင္ၾကားခ က်ပ္တစ္ေထာင္စီ ေကာက္ခံမႈအား တင္ျပထား

ခဲနန္းေရႊေမွာ္လုပ္သားမ်ားထံမွ ဧည့္စာရင္းတုိင္ၾကားခ က်ပ္တစ္ေထာင္စီ ေကာက္ခံမႈအား တင္ျပထား
စက်တင်ဘာ 21, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး ဟုမၼလင္းၿမိဳ႕နယ္အတြင္းရွိ ခဲနန္းေရႊေမွာ္လုပ္ကြက္မ်ားမွ အလုပ္သမားမ်ားအား ဧည့္စာရင္းေၾကး အျဖစ္ လူတစ္ဦးလွ်င္ က်ပ္(၁,၀၀၀)ႏႈန္းျဖင့္ ေကာက္ခံလွ်က္ရွိေၾကာင္း ေရႊေမွာ္လုပ္ကြက္တြင္ လုပ္ကိုင္ေနသူ အလုပ္သမားမ်ားထံမွ သိရသည္။

ဧည့္စာရင္းေၾကးေကာက္ခံမႈႏွင့္ ပတ္သက္၍ ေရႊေမွာ္အလုပ္သမားမ်ားက ဟုမၼလင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စိုးလင္းႏွင့္ အမွတ္(၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဌးလြင္တို႔ထံ တင္ျပထားေၾကာင္း သိရသည္။

"ျပဌာန္းထားတဲ့ ရပ္ေက်းဥပေဒအရေတာ့ ဧည့္စာရင္းတိုင္ၾကားတဲ့အခါ ေငြေၾကးေကာက္ခံခြင့္ဆိုတာ မေပးထားပါဘူး။"ဟု ဟုမၼလင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ျမင့္ေ၀က ေျပာသည္။

ေရႊေမွာ္လုပ္သားမ်ားက ၎တို႔ေပးေဆာင္ထားသည့္ ဧည့္စာရင္းတိုင္ၾကားခေငြေၾကးမ်ားအား ျပန္လည္ ရယူလိုေၾကာင္း တင္ျပထားသည္ဟု သိရသည္။

ဟုမၼလင္းၿမိဳ႕နယ္ ခဲနန္းေက်းရြာအနီးရွိ ခဲနန္းေရႊေမွာ္တြင္ ကုမၸဏီေပါင္း(၁၁)ခုမွ ေရႊေမွာ္လုပ္ငန္း လုပ္ကိုင္လွ်က္ရွိၿပီး လူဦးေရ(၅၀၀၀)ခန္႔ရွိေၾကာင္း သိရသည္။

သတင္း - အက္စ္ေအာင္စိုးသန္း

~~~~~~~~⊰❂ unicode ~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ခဲနန်းရွှေမှော်လုပ်ကွက်များမှ အလုပ်သမားများအား ဧည့်စာရင်းကြေး အဖြစ် လူတစ်ဦးလျှင် ကျပ်(၁,ဝဝဝ)နှုန်းဖြင့် ကောက်ခံလျှက်ရှိကြောင်း ရွှေမှော်လုပ်ကွက်တွင် လုပ်ကိုင်နေသူ အလုပ်သမားများထံမှ သိရသည်။

ဧည့်စာရင်းကြေးကောက်ခံမှုနှင့် ပတ်သက်၍ ရွှေမှော်အလုပ်သမားများက ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်တို့ထံ တင်ပြထားကြောင်း သိရသည်။

"ပြဌာန်းထားတဲ့ ရပ်ကျေးဥပဒေအရတော့ ဧည့်စာရင်းတိုင်ကြားတဲ့အခါ ငွေကြေးကောက်ခံခွင့်ဆိုတာ မပေးထားပါဘူး။"ဟု ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြငေ့်ဝက ပြောသည်။

ရွှေမှော်လုပ်သားများက၎င်းတို့ပေးဆောင်ထားသည့် ဧည့်စာရင်းတိုင်ကြားခငွေကြေးများအား ပြန်လည် ရယူလိုကြောင်း တင်ပြထားသည်ဟု သိရသည်။

ဟုမ္မလင်းမြို့နယ် ခဲနန်းကျေးရွာအနီးရှိ ခဲနန်းရွှေမှော်တွင် ကုမ္ပဏီပေါင်း(၁၁)ခုမှ ရွှေမှော်လုပ်ငန်း လုပ်ကိုင်လျှက်ရှိပြီး လူဦးရေ(၅၀၀၀)ခန့်ရှိကြောင်း သိရသည်။

သတင်း - အက်စ်အောင်စိုးသန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~