ရွမ္းျပည္နယ္ အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕လယ္မွ ဖုန္းအေရာင္းဆိုင္ ေဖာက္ထြင္းခံရ

ရွမ္းျပည္နယ္ အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕လယ္မွ ဖုန္းအေရာင္းဆိုင္ ေဖာက္ထြင္းခံရ
စက်တင်ဘာ 21, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕လယ္မွ ဖုန္းအေရာင္းဆိုင္ ေဖာက္ထြင္းခံရသျဖင့္ ေငြက်ပ္သံုးသိန္းႏွင့္ စုစုေပါင္း တန္ဖိုးက်ပ္ေငြ ဆယ္သိန္းေက်ာ္ရိွသည့္ ဟန္းဆက္(၅)လံုး ေပ်ာက္ဆံုးသြားေၾကာင္း သိရသည္။

မိုင္းတံုၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္ရိွ "လရိပ္"ဖုန္းအေရာင္းဆိုင္မွာ စက္တင္ဘာလ (၁၈) ရက္ေန႔ ညပိုင္းက ေဖာက္ထြင္းခံလုိက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဖာက္ထြင္းခံရမႈႏွင့္ ပတ္သက္၍ ဆိုင္ပိုင္ရွင္ျဖစ္သူ စိုင္းေလာင္မိုင္းက တုိင္ၾကားသျဖင့္ စက္တင္ဘာလ (၁၉) ရက္က မိုင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၇/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ (၃၈၀) ျဖင့္ အမႈဖြင့္လွစ္ထားရွိၿပီး သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ စံုစမ္းေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေအာင္၀င္းေဌး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့လယ်မှ ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရသဖြင့် ငွေကျပ်သုံးသိန်းနှင့် စုစုပေါင်း တန်ဖိုးကျပ်ငွေ ဆယ်သိန်းကျော်ရှိသည့် ဟန်းဆက်(၅)လုံး ပျောက်ဆုံးသွားကြောင်း သိရသည်။

မိုင်းတုံမြို့၊ မြို့မရပ်ကွက်ရှိ "လရိပ်"ဖုန်းအရောင်းဆိုင်မှာ စက်တင်ဘာလ (၁၈) ရက်နေ့ ညပိုင်းက ဖောက်ထွင်းခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင်ဖြစ်သူ စိုင်းလောင်မိုင်းက တိုင်ကြားသဖြင့် စက်တင်ဘာလ (၁၉) ရက်က မိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၇/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ (၃၈၀) ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းနေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - အောင်ဝင်းဌေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~