ဖုန္းကံစမ္းမဲေပါက္သည္ဟု ဖုန္းဆက္၍ေျပာဆိုကာ ေငြေၾကးလိမ္လည္မႈ ေညာင္ဦးၿမိဳ႕၌ ျဖစ္ပြား

ဖုန္းကံစမ္းမဲေပါက္သည္ဟု ဖုန္းဆက္၍ေျပာဆိုကာ ေငြေၾကးလိမ္လည္မႈ ေညာင္ဦးၿမိဳ႕၌ ျဖစ္ပြား
စက်တင်ဘာ 16, 2016
By Tachileik News Agency

အေကာက္ခြန္ဦးစီးဌာနမွဟု ဌာနအမည္အသံုးခ်ကာ ဖုန္းကံစမ္းမဲေပါက္ေၾကာင္းေျပာဆိုကာ ေငြေၾကး လိမ္လည္သည့္ ျဖစ္စဥ္တစ္ခု မႏၱေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳဳ႕နယ္တြင္ စက္တင္ဘာလ၏ ဒုတိယပတ္အတြင္းက ျဖစ္ပြားခဲ့သည့္အတြက္ စက္တင္ဘာလ (၁၅)ရက္ေန႔က ေညာင္းဦးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

"အေကာက္ခြန္ဦးစီးဌာနက ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္ဆိုၿပီး ဖုန္းဆက္တာ အခုကုိင္တဲ့ဖုန္းက ကံထူးရွင္ ျဖစ္ပါတယ္ေပါ့၊ ဆင္းရဲႏြမ္းပါးမႈ ပေပ်ာက္ေရးအတြက္ တစ္ႏိုင္ငံလံုးက ဖုန္းနံပါတ္တစ္ခ်ိဳ႕ကို ကံစမ္းမဲ ေဖါက္ေပးေနတယ္၊ အခု ဖုန္းကိုင္ေဆာင္သူက သိန္း(၈၀၀)မဲေပါက္တယ္ ဒါေၾကာင့္ အခြန္ေငြက်ပ္ (၃၂)သိန္းအရင္လႊဲေပးရင္ ေငြသိန္း(၈၀၀)ကို ခ်က္ခ်င္းလႊဲေပးမယ္ဆိုၿပီး လိမ္ခဲ့တာ"ဟု ေညာင္ဦး ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

လိမ္လည္ခံရသူမွာ က်ပ္ေငြ(၆)သိန္းသာရွိေၾကာင္း ေျပာဆိုသျဖင့္ ထပ္မံ၍ က်ပ္ေငြ(၉)သိန္းလႊဲပို႔လွ်င္ က်ပ္သိန္း(၂၀၀)အား ခြဲ၍ လႊဲေပးမည္ျဖစ္ေၾကာင္း ေျပာဆိုသျဖင့္ ေငြလႊဲေပးခဲ့ၿပီးေနာက္ ဖုန္းအား ဆက္သြယ္၍ မရဘဲ ဖုန္းပိတ္သြားျခင္းျဖစ္ေၾကာင္း၎ထံမွ သိရသည္။

ဖုန္းဆက္၍ လိမ္လည္သူအား ေညာင္ဦးၿမိဳ႕မရဲစခန္းမွ (ပ)၁၄၃/၂၀၁၆ လိမ္လည္မႈပုဒ္မ (၄၂၀)ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

ယခုကဲ့သို႔ ဖုန္းဆက္၍ လုိက္လံလိုက္လည္မႈမွာ ျမန္မာႏိုင္ငံအႏွံ႔တြင္ ျဖစ္ေပၚေနျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္တြင္လည္း ထိုနည္းတူ ျဖစ္ပြားခဲ့ေသာ္လည္း ေငြလိမ္လည္မွန္းသိသျဖင့္ ေပးပို႔ခဲ့ျခင္းမရွိေၾကာင္း၊ ယခုကဲ့သို႔ ဖုန္းကံစမ္းမဲေပါက္သည္ဟု ဖုန္းဆက္ လိမ္လည္သူမွာ တစ္ဦးတည္းျဖစ္ၿပီး အခြန္ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္အမည္သံုးကာ အႀကိမ္ႀကိမ္ လိမ္လည္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~⊰❂ unicode ~~~~~~~~
အကောက်ခွန်ဦးစီးဌာနမှဟု ဌာနအမည်အသုံးချကာ ဖုန်းကံစမ်းမဲပေါက်ကြောင်းပြောဆိုကာ ငွေကြေး လိမ်လည်သည့် ဖြစ်စဉ်တစ်ခု မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် စက်တင်ဘာလ၏ ဒုတိယပတ်အတွင်းက ဖြစ်ပွားခဲ့သည့်အတွက် စက်တင်ဘာလ (၁၅)ရက်နေ့က ညောင်းဦးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

"အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမောင်မောင်ဆိုပြီး ဖုန်းဆက်တာ အခုကိုင်တဲ့ဖုန်းက ကံထူးရှင် ဖြစ်ပါတယ်ပေါ့၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် တစ်နိုင်ငံလုံးက ဖုန်းနံပါတ်တစ်ချို့ကို ကံစမ်းမဲ ဖောက်ပေးနေတယ်၊ အခု ဖုန်းကိုင်ဆောင်သူက သိန်း(၈၀၀)မဲပေါက်တယ် ဒါကြောင့် အခွန်ငွေကျပ် (၃၂)သိန်းအရင်လွှဲပေးရင် ငွေသိန်း(၈၀၀)ကို ချက်ချင်းလွှဲပေးမယ်ဆိုပြီး လိမ်ခဲ့တာ"ဟု ညောင်ဦး မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လိမ်လည်ခံရသူမှာ ကျပ်ငွေ(၆)သိန်းသာရှိကြောင်း ပြောဆိုသဖြင့် ထပ်မံ၍ ကျပ်ငွေ(၉)သိန်းလွှဲပို့လျှင် ကျပ်သိန်း(၂၀၀)အား ခွဲ၍ လွှဲပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ငွေလွှဲပေးခဲ့ပြီးနောက် ဖုန်းအား ဆက်သွယ်၍ မရဘဲ ဖုန်းပိတ်သွားခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ဖုန်းဆက်၍ လိမ်လည်သူအား ညောင်ဦးမြို့မရဲစခန်းမှ (ပ)၁၄၃/၂၀၁၆ လိမ်လည်မှုပုဒ်မ (၄၂၀)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ယခုကဲ့သို့ ဖုန်းဆက်၍ လိုက်လံလိုက်လည်မှုမှာ မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်နခြေင်းဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်တွင်လည်း ထိုနည်းတူ ဖြစ်ပွားခဲ့သော်လည်း ငွေလိမ်လည်မှန်းသိသဖြင့် ပေးပို့ခဲ့ခြင်းမရှိကြောင်း၊ ယခုကဲ့သို့ ဖုန်းကံစမ်းမဲပေါက်သည်ဟု ဖုန်းဆက် လိမ်လည်သူမှာ တစ်ဦးတည်းဖြစ်ပြီး အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်အမည်သုံးကာ အကြိမ်ကြိမ် လိမ်လည်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုလင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~