ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ အလယ္တန္းႏွင့္ အထက္တန္းအဆင့္ ေက်ာင္းေပါင္းစံု စာစီစာကုံးၿပိဳင္ပြဲ တာခ်ီလိတ္၌ က်င္းပ

ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ အလယ္တန္းႏွင့္ အထက္တန္းအဆင့္ ေက်ာင္းေပါင္းစံု စာစီစာကုံးၿပိဳင္ပြဲ တာခ်ီလိတ္၌ က်င္းပ
စက်တင်ဘာ 8, 2016
By Tachileik News Agency

ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ အလယ္တန္းႏွင့္ အထက္တန္းအဆင့္ ေက်ာင္းေပါင္းစံု စာစီစာကုံးၿပိဳင္ပြဲအား စက္တင္ဘာ(၈)ရက္ေန႔ နံနက္ပိုင္းက  ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္း၌ က်င္းပခဲ့သည္။

"ၿပိဳင္ပြဲက်င္းပရျခင္း ရည္ရြယ္ခ်က္က ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ ယဥ္ေက်းမႈေတြကို ကေလးေတြရဲ႕ ရင္ထဲေရာက္သြားေအာင္ က်င္းပေပးရတာပါ၊ အလယ္တန္းအဆင့္ဆိုရင္ အခုျမန္မာႏိုင္ငံမွာ ျပဳလုပ္ေနတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ ကိစၥရပ္ေတြ သူတို႔ဘယ္ေလာက္ထိ သိထားၿပီးၿပီလဲ ဘယ္လို ျဖစ္ေစခ်င္လဲ ဆိုတဲ့ ေခါင္းစဥ္မ်ိဳးနဲ႔ အထက္တန္းအဆင့္ဆိုရင္ အခုလို ဒီမိုကေရစီေခတ္မွာ ႏိုင္ငံသားေတြရဲ႕ တာ၀န္က ဘာလဲဆိုတာမ်ိဳး ေခါင္းစဥ္ေပးထားတယ္"ဟု ၿငိမ္းခ်မ္းေရး၊ ျပန္လည္သင့္ျမတ္ေရး၊ ဖံြ႕ၿဖဳိးေရး စီမံခ်က္အဖဲြ႕ ASG အဖြဲ႕ ဒါရိုက္တာ ေဒါက္တာျမင့္ေအာင္က ေျပာသည္။

ၿပိဳင္ပြဲတြင္ ယွဥ္ၿပိဳင္ေစေသာ ေခါင္းစဥ္မ်ားမွာ "ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔မွသည္ ၿငိမ္းခ်မ္းေရး ယဥ္ေက်းမႈဆီသို႔" ေခါင္းစဥ္ျဖင့္ အလယ္တန္းအဆင့္ ေက်ာင္းသားေက်ာင္းသူမ်ား ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး "ဒီမိုကေရစီ ႏိုင္ငံသားတို႔၏ အမ်ိဳးသားေရးတာ၀န္"ေခါင္းစဥ္အား အထက္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယွဥ္ၿပိဳင္ေစခဲ့ေၾကာင္း ၎ထံမွ သိရသည္။

စာစီစာကံုးၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕ေပၚရွိ အေျခခံပညာအထက္တန္းေက်ာင္း(၃)ႏွင့္ ကိုယ္ပိုင္အထက္တန္းေက်ာင္း (၂)မွ အလယ္တန္းအဆင့္ႏွင့္ အထက္တန္းအဆင့္ ပညာသင္ၾကားေနေသာ ကေလးငယ္မ်ား(၉၂)ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

သတင္း - ကိုဇက္
ဓာတ္ပံု - ရာေဆး ၊ ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲအား စက်တင်ဘာ(၈)ရက်နေ့ နံနက်ပိုင်းက ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

"ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုတွေကို ကလေးတွေရဲ့ ရင်ထဲရောက်သွားအောင် ကျင်းပပေးရတာပါ၊ အလယ်တန်းအဆင့်ဆိုရင် အခုမြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ သူတို့ဘယ်လောက်ထိ သိထားပြီးပြီလဲ ဘယ်လိုဖြစ်စေချင်လဲဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ အထက်တန်းအဆင့်ဆိုရင် အခုလို ဒီမိုကရေစီခေတ်မှာ နိုင်ငံသားတွေရဲ့ တာဝန်က ဘာလဲဆိုတာမျိုး ခေါင်းစဉ်ပေးထားတယ်"ဟု ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးရေး စီမံချက်အဖွဲ့ ASG အဖွဲ့ ဒါရိုက်တာ ဒေါက်တာမြင့်အောင်က ပြောသည်။

ပြိုင်ပွဲတွင် ယှဉ်ပြိုင်စေသော ခေါင်းစဉ်များမှာ "နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှသည် ငြိမ်းချမ်းရေး ယဉ်ကျေးမှုဆီသို့" ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး "ဒီမိုကရေစီ နိုင်ငံသားတို့၏ အမျိုးသားရေးတာဝန်"ခေါင်းစဉ်အား အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယှဉ်ပြိုင်စေခဲ့ကြောင်း၎င်းထံမှ သိရသည်။

စာစီစာကုံးပြိုင်ပွဲအား တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၃)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)မှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ပညာသင်ကြားနေသော ကလေးငယ်များ(၉၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇက်
ဓာတ်ပုံ - ရာဆေး၊ ကိုဇက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~