လားရှိုးမြို့တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ် ၂၀ ခန့်ရေနစ်မြုပ်

လားရှိုးမြို့တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ် ၂၀ ခန့်ရေနစ်မြုပ်
စကျတငျဘာ 18, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စက်တင်ဘာလ (၁၇) ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်တွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး နေအိမ်(၂၀)ခန့် ရေကြီးမှုဒဏ် ခံလိုက်ရကြောင်း သိရသည်။




ရပ်ကွက်လမ်းပေါ်နှင့် မြို့အဝင်အထွက် လမ်းမကြီးပေါ်တွင် ယာဉ်သွားလာမှု ခေတ္တပိတ်ဆို့ခဲ့ပြီး ရေကြီးရေလျှံ ဖြစ်ပွားခဲ့သော ရပ်ကွက်များသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် လူမှု အဖွဲ့အစည်းများက အချိန်မီသွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ပေါ်မြို့ဖြစ်သည့် လားရှိုးမြို့တွင် ရေစီးဆင်းရာ အေတီချောင်း (နမ့်ယောင်)သာရှိပြီး နှစ်စဉ်နှစ်တိုင်း ရေကြီးမှုဖြစ်တတ်ကြောင်း သိရသည်။

သတင်း - အောင်ပြည့်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စက်တင်ဘာလ (၁၇) ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်တွင်း ရကြေီးရေလျှံမှုဖြစ်ခဲ့ပြီး နေအိမ်(၂၀)ခန့် ရကြေီးမှုဒဏ် ခံလိုက်ရကြောင်း သိရသည်။

"အသင်းမှ ရပ်ကွက်ကြီးသုံးခုမှာ ကွင်းဆင်းပြီး ကူညီခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု အနေနဲ့ကတော့ ထူးထူးခြားခြား မရှိခဲ့ပါဘူး။ အချိန်မီ ရွှေ့ပြောင်း ကူညီနိုင်ခဲ့ပါတယ်။ ရေမြောင်းရေအားသန်ပြီး ကျိုးပေါက်ခဲ့လို့ နတ်စင်လမ်းမှ အုတ်တံတိုင်းပြိုကျခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိပါဘူး"ဟု ရွှေကြေးစည် လူမှုကူညီရေးအသင်း(လားရှိုး) ဥက္ကဌ ဦးစိုင်းညီညီဟန်က ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်(၉)ရှိ နေအိမ်အချို့၏ ခြံစည်းရိုးအုတ်တံတိုင်းများ ပြိုကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကိုယ်တိုင်သွားရောက်ကူညီခဲ့သည့် ရွှေကြေးစည် လူမှုကူညီရေးအသင်းမှ သိရသည်။

"ဒီရပ်ကွက်က အနိမ့်ပိုင်းဖြစ်တာလည်း ပါတာပေါ့။ လူနေလို့မရတဲ့ အထိတော့ ရေမဝင်ပါဘူး။ တစ်နေ့လုံးသာ ဒီအတိုင်းဆက်ပြီး မိုးရွာနေမယ်ဆိုရင်တော့ မသိဘူးပေါ့။"ဟု ရပ်ကွက်(၉)မှ မြို့ခံတစ်ဦးက ပြောသည်။

ရပ်ကွက်လမ်းပေါ်နှင့် မြို့အဝင်အထွက် လမ်းမကြီးပေါ်တွင် ယာဉ်သွားလာမှု ခေတ္တပိတ်ဆို့ခဲ့ပြီး ရကြေီးရေလျှံ ဖြစ်ပွားခဲ့သော ရပ်ကွက်များသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် လူမှု အဖွဲ့အစည်းများက အချိန်မီသွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ပေါ်မြို့ဖြစ်သည့် လားရှိုးမြို့တွင် ရေစီးဆင်းရာ အေတီချောင်း (နမ့်ယောင်)သာရှိပြီး နှစ်စဉ်နှစ်တိုင်း ရကြေီးမှုဖြစ်တတ်ကြောင်း သိရသည်။

သတင်း - အောင်ပြည့်
ဓာတ်ပုံ - ဦးစိုင်းညီညီဟန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~