မီးေလာင္မႈျဖစ္ပြားခဲ့၍ ပိတ္ထားခဲ့ေသာ ေခ်ာက္ၿမိဳ႕နယ္ရိွ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုဒ္စက္ရံု မီးေလာင္မႈ ထပ္မံျဖစ္ပြား

မီးေလာင္မႈျဖစ္ပြားခဲ့၍ ပိတ္ထားခဲ့ေသာ ေခ်ာက္ၿမိဳ႕နယ္ရိွ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုဒ္စက္ရံု မီးေလာင္မႈ ထပ္မံျဖစ္ပြား
သြဂုတ် 12, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္၊ ေရတြင္းေက်း႐ြာအနီးရွိ ၂၀၁၂ ခုႏွစ္အတြင္း မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ပိတ္ထားသည့္ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုဒ္ စက္ရုံမွာ ၾသဂုတ္လ(၁၁)ရက္ ညေန ၃နာရီခြဲေက်ာ္ခန္႔တြင္ မီးေလာင္မႈျဖစ္ပြားေၾကာင္း ေခ်ာက္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ ေခ်ာက္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးသန္းႏွင့္ ဝန္ထမ္းမ်ား၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးရဲေထြးေအာင္ႏွင့္ မီးသတ္တပ္ဖဲြ႔ဝင္မ်ား၊ ျမန္မာ နိုင္ငံရဲတပ္ဖြ႕ဲဝင္မ်ား၊ စုစုေပါင္းအင္အား(၅၀)ဦး၊ မီးသတ္ယာဥ္(၆)စီး၊ ေရသယ္ယာဥ္(၄)စီးတို႔ျဖင့္ ေရာက္ရိွ ၿငိႇမ္းသတ္ခဲ့၍ ညေန(၄း၃၀)အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္းသိရသည္။

“စက္ရံု က ၂၀၁၂ခုႏွစ္ကတည္းက မီးေလာင္မႈျဖစ္ပြားခဲ႔လို႔ ပိတ္ထားခဲ့တဲ့စက္ရံုပါ။ စက္ရုံမွာ တပ္ဆင္ထားတဲ့ Main Unit စက္ပစၥည္းေတြကို ေလလံတင္ေရာင္းခ်ခဲ့တာမွာ ၂၀၁၆ ခုနွစ္ ဇူလုိင္လ အတြင္းက ေငြက်ပ္ (၁,၂၉၄) သိန္းနဲ႔ ဦးထြန္းမင္းေက်ာ္က ေလလံေအာင္ျမင္ရရွိခဲ႔တာျဖစ္ပါတယ္ အခုဟာကလဲ ဓာတ္ေငြ႔ပိုက္လိုင္းေတြကို ဂေဟေဆာ္ျဖတ္ေတာက္ေနရာကေန အရင္လက္က်န္ ဓာတ္ေငြေတြက ျပင္ပေလထုနဲ႔ထိၿပီး မီးေလာင္ခဲ့တာပါ”ဟု ၿမိဳ႕နယ္မီးသတ္ဦး စီးဌာနမွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

အဆိုပါ စက္ရံုမွာ ၂၀၁၂ ခုႏွစ္ ၾသဂုတ္လ(၂) ရက္ေန႔က မီးေလာင္ကြ်မ္းမႈျဖစ္ပြားသျဖင့္ ပိတ္ထားခ့ဲေသာ စက္ရံုျဖစ္ၿပီး စက္ရုံရွိ မီးေလာင္ကၽြမ္းထားသည့္အတြက္ အသုံးျပဳမရေသာ စြန္႔ပစ္ပစၥည္း မိန္းယူနစ္ (၄)ထပ္ ဓာတ္ေငြ႕ပိုက္လိုင္း အေဟာင္းအား အလုပ္သမားေဟာင္း ဦးဝင္းေဇာ္ႏွင္႔ အလုပ္သမားမ်ားက ဂေဟေဆာ္ ျဖတ္ေတာက္ရာမွ PDCD ကက္တရစ္ ပြတ္တိုက္မႈမ်ား၍ ပူလာၿပီး ပိုက္ေဟာင္းအတြင္း က်န္ရိွေသာ လက္က်န္ဓာတ္ေငြ႔မ်ား ျပင္ပေလႏွင့္ ထိေတြ႔ကာ ဓာတ္ျပဳေလာင္ကၽြမ္းခဲ႔ျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္မီးသတ္ဦးစီးဌာန၏ စစ္ေဆးခ်က္မွတ္တမ္းအရ သိရသည္။

မီးေလာင္မႈေၾကာင့္ ဆုံးရံွုးမႈတန္ဖိုး(၁၁၀,၀၀၀ိ/) ၊ လူႏွင္႔ တိရစာၦန္ ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိဟု သိရၿပီး မီးေလာင္မႈႏွင့္ ပတ္သက္၍ ဦးဝင္းေဇာ္ အား ေခ်ာက္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၀၆၀/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင္႔ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
**********

 မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရေတွင်းကျေးရွာအနီးရှိ ၂၀၁၂ ခုနှစ်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပိတ်ထားသည့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် စက်ရုံမှာ သြဂုတ်လ(၁၁)ရက် ညနေ ၃နာရီခွဲကျော်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲထွေးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား(၅၀)ဦး၊ မီးသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၄)စီးတို့ဖြင့် ရောက်ရှိ ငြှိမ်းသတ်ခဲ့၍ ညနေ(၄း၃၀)အချိန်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

“စက်ရုံ က ၂၀၁၂ခုနှစ်ကတည်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ ပိတ်ထားခဲ့တဲ့စက်ရုံပါ။ စက်ရုံမှာ တပ်ဆင်ထားတဲ့ Main Unit စက်ပစ္စည်းတွေကို လေလံတင်ရောင်းချခဲ့တာမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ အတွင်းက ငွေကျပ် (၁,၂၉၄) သိန်းနဲ့ ဦးထွန်းမင်းကျော်က လေလံအောင်မြင်ရရှိခဲ့တာဖြစ်ပါတယ် အခုဟာကလဲ ဓာတ်ငွေ့ပိုက်လိုင်းတွေကို ဂဟေဆော်ဖြတ်တောက်နေရာကနေ အရင်လက်ကျန် ဓာတ်ငွေတွေက ပြင်ပလေထုနဲ့ထိပြီး မီးလောင်ခဲ့တာပါ”ဟု မြို့နယ်မီးသတ်ဦး စီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စက်ရုံမှာ ၂၀၁၂ ခုနှစ် သြဂုတ်လ(၂) ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် ပိတ်ထားခဲ့သော စက်ရုံဖြစ်ပြီး စက်ရုံရှိ မီးလောင်ကျွမ်းထားသည့်အတွက် အသုံးပြုမရသော စွန့်ပစ်ပစ္စည်း မိန်းယူနစ် (၄)ထပ် ဓာတ်ငွေ့ပိုက်လိုင်း အဟောင်းအား အလုပ်သမားဟောင်း ဦးဝင်းဇော်နှင့် အလုပ်သမားများက ဂဟေဆော် ဖြတ်တောက်ရာမှ PDCD ကက်တရစ် ပွတ်တိုက်မှုများ၍ ပူလာပြီး ပိုက်ဟောင်းအတွင်း ကျန်ရှိသော လက်ကျန်ဓာတ်ငွေ့များ ပြင်ပလေနှင့် ထိတွေ့ကာ ဓာတ်ပြုလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၏ စစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး(၁၁၀,ဝဝဝိ/)၊ လူနှင့် တိရစာ္ဆန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဟု သိရပြီး မီးလောင်မှုနှင့် ပတ်သက်၍ ဦးဝင်းဇော် အား ချောက်မြို့မရဲစခန်းတွင် (ပ)၁၀၆၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~