ဧရာဝတီတံတား(မေကြး)တြင္ ဆိုင္ကယ္မ်ားအား တံတားျဖတ္သန္းခ ေကာက္ခံျခင္းမရိွ

ဧရာဝတီတံတား(မေကြး)တြင္ ဆိုင္ကယ္မ်ားအား တံတားျဖတ္သန္းခ ေကာက္ခံျခင္းမရိွ
သြဂုတ် 15, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းရွိ ဧရာ၀တီတံတား(မေကြး)တြင္ ေလလံေအာင္ ကုမၸဏီမွ ဆိုင္ကယ္မ်ားအား တံတားျဖတ္သန္းခ ေကာက္ခံျခင္းမရိွဘဲ စည္ပင္သာယာေရးဦးစီးဌာနအတြက္ ၿမိဳ႕ဝင္ေၾကးဘီးခြန္ ေကာက္ခံေနျခင္းျဖစ္ေၾကာင္း တံတားျဖတ္သန္းခေကာက္ခံေနသည့္ ေကာင္းမြန္ေဆာက္လုပ္ေရးကုမၸဏီမွ သိရသည္။

“အခုေကာက္ခံေနတာ တံတားျဖတ္သန္းခ မဟုတ္ပါဘူး။ စည္ပင္သာယာေရးဦးစီးဌာနရဲ႕ ၿမိဳ႕၀င္ေၾကး ဘီးခြန္ပဲျဖစ္ပါတယ္။ ဆိုင္ကယ္ဆိုတာ အခုေခတ္မွာေတာ့ စက္ဘီးလိုပဲ အမ်ားသံုးယာဥ္ တစ္မ်ိဳး ျဖစ္ေနတာေၾကာင္႔ တံတားျဖတ္သန္းခ မေကာက္ခံပါဘူး။ "ဟု ေကာင္းမြန္ေဆာက္လုပ္ေရး ကုမၸဏီမန္ေနဂ်ာ ဦးထြန္းေအာင္ေက်ာ္က ေျပာသည္။

တံတားမွျဖတ္သန္းသည့္ ဆိုင္ကယ္မ်ားအား ဘီးခြန္ေကာက္ခံသည္ကို တံတားျဖတ္သန္းခႏွင့္ မွားယြင္းၿပီး ေဝဖန္မႈမ်ား ထြက္ေပၚေနသျဖင့္ ယင္းကဲ့သို႔ ေျဖရွင္းလိုက္ျခင္းျဖစ္သည္။

ေကာင္းမြန္ေဆာက္လုပ္ေရးကုမၸဏီသည္ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္တြင္ လမ္းဦးစီးဌာနသို႔ ေလလံေၾကး က်ပ္(၇၁၅၀)သိန္း၊ မေကြးၿမိဳ႕နယ္စည္ပင္သို႔ က်ပ္ (၅၉၁.၉၅)သိန္း၊ မင္းဘူးၿမိဳ႕နယ္စည္ပင္သို႔ က်ပ္(၁၂၇၃.၅၁) သိန္း ေပးေဆာင္၍ လုပ္ငန္းလုပ္ကိုင္ခြင္႔ရရိွထားျခင္းျဖစ္ၿပီး စည္ပင္သာယာေရး အဖဲြ႔မ်ား၏ သတ္မွတ္ ေပးခ်က္အရ ဆိုင္ကယ္မ်ားထံမွ ဘီးခြန္တစ္ရာက်ပ္ ေကာက္ခံေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္မ်ား၏ တစ္ႏွစ္စာဘီးခြန္ (၃၀၀၀)က်ပ္ကို စည္ပင္သာယာအဖဲြ႔တြင္ ေပးေဆာင္ထားေၾကာင္း အေထာက္အထားခ်ိတ္ဆြဲထားပါက တံတားျဖတ္သန္းသည့္ဂိတ္မ်ားတြင္ ဘီးခြန္ေကာက္မည္ မဟုတ္ေၾကာင္း သိရသည္။

“သက္ဆိုင္ရာၿမိဳ႕အလိုက္ ၿမိဳ႕၀င္ေၾကးဘီးခြန္ တစ္ႏွစ္စာေဆာင္ထားတဲ႔ အေထာက္အထားတံဆိပ္မ႐ွိရင္ ၿမိဳ႕၀င္ေၾကး ေကာက္ခံခြင္႔႐ွိတဲ႔ဂိတ္ေတြမွာ ဘီးခြန္ေပးေဆာင္ရမွာပါ။ ၿမိဳ႕ထဲကလမ္းေတြေပၚသြားလာေနတဲ႔ ယာဥ္ေတြအေပၚမွာ အခြန္အခေကာက္ခံႏိုင္တဲ႔ အခြင္႔အာဏာကိုလည္း တိုင္းေဒသႀကီးအစိုးရက ေပးထားပါတယ္။ ေပးတယ္ဆိုတဲ႔ေနရာမွာလည္း အကန္႔အသတ္နဲ႔ ယာဥ္တန္ခ်ိန္အလိုက္ ေကာက္ခံရမယ့္ ႏႈန္းထားေတြ သတ္မွတ္ေပးထားပါတယ္”ဟု မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔ အမႈေဆာင္ အရာ႐ွိ ဦးထင္ေအာင္က ေျပာသည္။

မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔မွ ၿမိဳ႕၀င္ေၾကးေကာက္ခံမႈႏႈန္းထားမ်ားကို တရား၀င္ဆိုင္းဘုတ္မ်ား စိုက္ထူ၍ ေဒသခံျပည္သူမ်ားသိ႐ွိေစရန္ ေဆာင္႐ြက္ထားၿပီး ေကာက္ခံမႈအေပၚေက်နပ္မႈမ႐ွိပါက ဆုိင္းဘုတ္မ်ားတြင္ ေဖာ္ျပပါ႐ွိသည့္ မေကြးတိုင္းႏွင္႔ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔ ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

လမ္းဦးစီးဌာန၏ သတ္မွတ္ေပးခ်က္နွင္႔အညီ ေမာ္ေတာ္ယာဥ္မ်ားမွ တံတားေၾကးႏွင္႔ ၿမိဳ႕၀င္ေၾကး ေကာက္ခံခြင့္ ေလလံရ႐ွိေငြမ်ားကို စည္ပင္သာယာေရးအဖြဲ႔မ်ားအေနျဖင္႔ ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ား၌ သံုးစြဲေဆာင္႐ြက္လွ်က္ရိွကာ ေလလံယူလုပ္ကိုင္သူမ်ားက သတ္မွတ္ႏႈန္းထား အတိုင္းေကာက္ခံမႈမ႐ွိလွ်င္ စည္းမ်ဥ္းစည္းကမ္းႏွင္႔အညီ အေရးယူေဆာင္႐ြက္ျခင္းမ်ားကို လုပ္ေဆာင္ေၾကာင္း သိရသည္။

သတင္း  - ဖီးနစ္
 ***********
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီတံတား(မကွေး)တွင် လေလံအောင် ကုမ္ပဏီမှ ဆိုင်ကယ်များအား တံတားဖြတ်သန်းခ ကောက်ခံခြင်းမရှိဘဲ စည်ပင်သာယာရေးဦးစီးဌာနအတွက် မြို့ဝင်ကြေးဘီးခွန် ကောက်ခံနခြေင်းဖြစ်ကြောင်း တံတားဖြတ်သန်းခကောက်ခံနေသည့် ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။
“အခုကောက်ခံနေတာ တံတားဖြတ်သန်းခ မဟုတ်ပါဘူး။ စည်ပင်သာယာရေးဦးစီးဌာနရဲ့ မြို့ဝင်ကြေး ဘီးခွန်ပဲဖြစ်ပါတယ်။ ဆိုင်ကယ်ဆိုတာ အခုခေတ်မှာတော့ စက်ဘီးလိုပဲ အများသုံးယာဉ် တစ်မျိုး ဖြစ်နေတာကြောင့် တံတားဖြတ်သန်းခ မကောက်ခံပါဘူး။ "ဟု ကောင်းမွန်ဆောက်လုပ်ရေး ကုမ္ပဏီမန်နေဂျာ ဦးထွန်းအောင်ကျော်က ပြောသည်။
တံတားမှဖြတ်သန်းသည့် ဆိုင်ကယ်များအား ဘီးခွန်ကောက်ခံသည်ကို တံတားဖြတ်သန်းခနှင့် မှားယွင်းပြီး ဝေဖန်မှုများ ထွက်ပေါ်နေသဖြင့် ယင်းကဲ့သို့ ဖြေရှင်းလိုက်ခြင်းဖြစ်သည်။
ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနသို့ လေလံကြေး ကျပ်(၇၁၅၀)သိန်း၊ မကွေးမြို့နယ်စည်ပင်သို့ ကျပ် (၅၉၁.၉၅)သိန်း၊ မင်းဘူးမြို့နယ်စည်ပင်သို့ ကျပ်(၁၂၇၃.၅၁) သိန်း ပေးဆောင်၍ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်ပြီး စည်ပင်သာယာရေး အဖွဲ့များ၏ သတ်မှတ် ပေးချက်အရ ဆိုင်ကယ်များထံမှ ဘီးခွန်တစ်ရာကျပ် ကောက်ခံပေးနခြေင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်များ၏ တစ်နှစ်စာဘီးခွန် (၃၀၀၀)ကျပ်ကို စည်ပင်သာယာအဖွဲ့တွင် ပေးဆောင်ထားကြောင်း အထောက်အထားချိတ်ဆွဲထားပါက တံတားဖြတ်သန်းသည့်ဂိတ်များတွင် ဘီးခွန်ကောက်မည် မဟုတ်ကြောင်း သိရသည်။
“သက်ဆိုင်ရာမြို့အလိုက် မြို့ဝင်ကြေးဘီးခွန် တစ်နှစ်စာဆောင်ထားတဲ့ အထောက်အထားတံဆိပ်မရှိရင် မြို့ဝင်ကြေး ကောက်ခံခွင့်ရှိတဲ့ဂိတ်တွေမှာ ဘီးခွန်ပေးဆောင်ရမှာပါ။ မြို့ထဲကလမ်းတွေပေါ်သွားလာနေတဲ့ ယာဉ်တွေအပေါ်မှာ အခွန်အခကောက်ခံနိုင်တဲ့ အခွင့်အာဏာကိုလည်း တိုင်းဒေသကြီးအစိုးရက ပေးထားပါတယ်။ ပေးတယ်ဆိုတဲ့နေရာမှာလည်း အကန့်အသတ်နဲ့ ယာဉ်တန်ချိန်အလိုက် ကောက်ခံရမယ့် နှုန်းထားတွေ သတ်မှတ်ပေးထားပါတယ်”ဟု မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးထင်အောင်က ပြောသည်။
မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ကြေးကောက်ခံမှုနှုန်းထားများကို တရားဝင်ဆိုင်းဘုတ်များ စိုက်ထူ၍ ဒေသခံပြည်သူများသိရှိစေရန် ဆောင်ရွက်ထားပြီး ကောက်ခံမှုအပေါ်ကျေနပ်မှုမရှိပါက ဆိုင်းဘုတ်များတွင် ဖော်ပြပါရှိသည့် မကွေးတိုင်းနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
လမ်းဦးစီးဌာန၏ သတ်မှတ်ပေးချက်နှင့်အညီ မော်တော်ယာဉ်များမှ တံတားကြေးနှင့် မြို့ဝင်ကြေး ကောက်ခံခွင့် လေလံရရှိငွေများကို စည်ပင်သာယာရေးအဖွဲ့များအနဖြေင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သုံးစွဲဆောင်ရွက်လျှက်ရှိကာ လေလံယူလုပ်ကိုင်သူများက သတ်မှတ်နှုန်းထား အတိုင်းကောက်ခံမှုမရှိလျှင် စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~