ဝမ္ပံုေက်းရြာအတြင္းရွိ ေျမဧရိယာ (၂၀၄)ဧကအား ယခုႏွစ္အတြင္း ေျမငွားဂရန္ အၿပီးသတ္ခ်ထားေပးမည္

ဝမ္ပံုေက်းရြာအတြင္းရွိ ေျမဧရိယာ (၂၀၄)ဧကအား ယခုႏွစ္အတြင္း ေျမငွားဂရန္ အၿပီးသတ္ခ်ထားေပးမည္
သြဂုတ် 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္ ၊ ဝမ္ပံုေက်းရြာရွိ ေက်းရြာအတြင္းရွိ ေျမဧရိယာ (၂၀၄) ဧကအား ၂၀၁၆ ခုႏွစ္အတြင္း ေျမငွားဂရန္ အၿပီးသတ္ခ်ေပးရန္ လုပ္ေဆာင္ေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ သိရသည္။

"အရင္အစိုးရလက္ထက္တုန္းက တာခ်ီလိတ္မွာဆို မယ္ယန္းေက်းရြာကို ႏွစ္(၃၀)ဂရန္ ခ်ေပးထားတာရွိတယ္။ ဒီႏွစ္မွာေတာ့ ၀မ္ပံုေက်းရြာကို ခ်ေပးဖို႔အတြက္ ေျမတိုင္းလုပ္ငန္းေတြလုပ္ေနပါၿပီ။ စက္တင္ဘာလအတြင္း အၿပီးသတ္ ေဆာင္ရြက္ႏိုင္ပါလိမ့္မယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေက်ာ္နႏၵက ေျပာသည္။

၀မ္ပံုေက်းရြာဧရိယာအတြင္းရွိ ယာေျမႏွင့္ ဥယ်ာဥ္ေျမမ်ားအား ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနမွ ေျမတုိင္းတာျခင္း၊ ကြက္စိတ္ေျမပံုေရးဆြဲျခင္းလုပ္ငန္းႏွင့္ ေျမရာဇ၀င္စိစစ္ျခင္း လုပ္ငန္းမ်ားေဆာင္ရြက္ၿပီးစီးပါက တာခ်ီလိတ္ခရိုင္ ၊ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးမွ (ခရိုင္ေကာ္လိပ္ေတာ္ အရာရွိမွ) ေျမဂရန္ခ်ေပးေရး ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အစိုးရမွ ေက်းရြာေနေတာင္သူမ်ားဘ၀လံုၿခံဳေရးအတြက္ ေျမငွားဂရမ္မ်ား ထုတ္ေပးရာတြင္ အသြားအလာ လြယ္ကူ၍ ေျမယာအရွဳပ္အရွင္းကင္းသည့္ ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားအား ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ယခင္အစိုးရလက္ထက္က မယ္ယန္းေက်းရြာမွ (၉၁)ဧကအား  ပံုစံ(၁၀၅/၁၀၆)  ႏွစ္(၃၀)ေျမငွားဂရန္ ခ်ထားေပးျခင္းျဖစ္ကာ အဆိုပါ ေျမငွားဂရန္ရိွပါက ေတာင္သူမ်ားအေနျဖင့္ ဘဏ္တြင္ ေပါင္ႏွံျခင္းမ်ား လုပ္ေဆာင္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္မယ္ယန္းေက်းရြာအတြင္းရွိ ေျမဂရန္ငွားရမ္း ေလွ်ာက္ထားသူ (၃၄၉) ဦးအနက္ (၂၅၁)ဦးအား အၿပီးေဆာင္ရြက္ေပးခဲ့ၿပီး က်န္(၉၈)ဦးမွာ လမ္းနယ္နိမိတ္ႏွင့္ လြတ္ကင္းျခင္းမရွိသူႏွင့္ ေနအိမ္ေဆာက္လုပ္ ထားျခင္းမရွိသူတို႔ျဖစ္သည့္အတြက္ ဆိုင္းငံ့ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္
***********

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာရှိ ကျေးရွာအတွင်းရှိ မြေဧရိယာ (၂၀၄) ဧကအား ၂၀၁၆ ခုနှစ်အတွင်း မြေငှါးဂရန် အပြီးသတ်ချပေးရန် လုပ်ဆောင်နေကြောင်း တာချီလိတ်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

"အရင်အစိုးရလက်ထက်တုန်းက တာချီလိတ်မှာဆို မယ်ယန်းကျေးရွာကို နှစ်(၃၀)ဂရန် ချပေးထားတာရှိတယ်။ ဒီနှစ်မှာတော့ ဝမ်ပုံကျေးရွာကို ချပေးဖို့အတွက် မြေတိုင်းလုပ်ငန်းတွေလုပ်နေပါပြီ။ စက်တင်ဘာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ပါလိမ့်မယ်"ဟု တာချီလိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နန္ဒက ပြောသည်။

ဝမ်ပုံကျေးရွာဧရိယာအတွင်းရှိ ယာမြေနှင့် ဥယျာဉ်မြေများအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြေတိုင်းတာခြင်း၊ ကွက်စိတ်မြေပုံရေးဆွဲခြင်းလုပ်ငန်းနှင့် မြေရာဇဝင်စိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက တာချီလိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ (ခရိုင်ကော်လိပ်တော် အရာရှိမှ) မြေဂရန်ချပေးရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရမှ ကျေးရွာနေတောင်သူများဘဝလုံခြုံရေးအတွက် မြေငှါးဂရမ်များ ထုတ်ပေးရာတွင် အသွားအလာ လွယ်ကူ၍ မြေယာအရှုပ်အရှင်းကင်းသည့် မြို့နယ်အတွင်းရှိ ကျေးရွာများအား ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က မယ်ယန်းကျေးရွာမှ (၉၁)ဧကအား ပုံစံ(၁၀၅/၁၀၆) နှစ်(၃၀)မြေငှါးဂရန် ချထားပေးခြင်းဖြစ်ကာ အဆိုပါ မြေငှါးဂရန်ရှိပါက တောင်သူများအနဖြေင့် ဘဏ်တွင် ပေါင်နှံခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်မယ်ယန်းကျေးရွာအတွင်းရှိ မြေဂရန်ငှါးရမ်း လျှောက်ထားသူ (၃၄၉) ဦးအနက် (၂၅၁)ဦးအား အပြီးဆောင်ရွက်ပေးခဲ့ပြီး ကျန်(၉၈)ဦးမှာ လမ်းနယ်နိမိတ်နှင့် လွတ်ကင်းခြင်းမရှိသူနှင့် နေအိမ်ဆောက်လုပ် ထားခြင်းမရှိသူတို့ဖြစ်သည့်အတွက် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~