တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးတြင္ အထူးကုန္စည္(၁၆)မ်ိဳးမွလြဲ၍ ပို႔ကုန္ ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ ေပးထားေသာ္လည္း သြင္းကုန္ပိုမ်ားေနဆဲ

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးတြင္ အထူးကုန္စည္(၁၆)မ်ိဳးမွလြဲ၍ ပို႔ကုန္ ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ ေပးထားေသာ္လည္း သြင္းကုန္ပိုမ်ားေနဆဲ
သြဂုတ် 14, 2016
By Tachileik News Agency

ျမန္မာ- ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သြယ္ေရးတြင္ ပို႔ကုန္တိုးလာေစရန္ အထူးကုန္စည္ (၁၆)မ်ိဳးမွလြဲ၍ အျခားပုိ႔ကုန္မ်ားကို ၿမိဳ႕နယ္ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ေပးထားေသာ္လည္း သြင္းကုန္ပိုမ်ားေနဆဲျဖစ္ေၾကာင္း သိရသည္။

"ျပည္ပ တင္ပို႔ကုန္ေတြကို ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ေပးထားတယ္။ အထူးကုန္စည္ (၁၆)မ်ိဳးကလြဲရင္ အျခားကုန္စည္အကုန္လုံးကို ကင္းလြတ္ခြင့္ေပးထားတာပါ။ နယ္စပ္ၿမိဳ႕ပဲျဖစ္ျဖစ္ ရန္ကုန္ကလို သေဘၤာကေန ပို႔တာပဲျဖစ္ျဖစ္ ပို႔ကုန္ေတြကို (၂)ဆ (၃)ဆ တိုးျမႇင့္ႏိုင္ေအာင္လို႔ ကင္းလြတ္ခြင့္ ေပးထားတာပါ။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလႈိင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)မွ ျမန္မာ- ထိုင္း ကုန္သြယ္မႈအေျခအေနမွာ တာခ်ီလိတ္ၿမိဳ႕ နယ္စပ္ကုန္သြယ္ေရးစခန္း၏ စာရင္းအရ ၂၀၁၆ ခုႏွစ္ ဧၿပီလမွ ဇြန္လအထိ ပို႔ကုန္ပမာဏ အေမရိကန္ေဒၚလာ (၃ ဒႆမ ၇၄၁)သန္းႏွင့္ သြင္းကုန္ပမာဏ အေမရိကန္ေဒၚလာ (၁၅ ဒႆမ ၇၄၁)သန္းရွိျခင္းေၾကာင့္ ပို႔ကုန္ထက္ သြင္းကုန္က (၅)ဆ ပိုမ်ားေနေၾကာင္း သိရသည္။

"အဓိကေတာ့ သြင္းကုန္ႏွင့္ ပို႔ကုန္ မမွ်တာ ကုန္ပစၥည္းေတြရဲ႕ အရည္အေသြးေတြ၊ လမ္းခရီး အေျခအေနေတြေၾကာင့္လို႔ေတာ့ထင္တယ္။ ဘာလို႔လဲဆိုတာ တာခ်ီလိတ္ဟာ တစ္ဖက္ထိုင္းႏိုင္ငံႏွင့္ ထိစပ္ေနၿပီး အိမ္ေဆာက္ပစၥည္းေတြ စားသုံးကုန္ေတြ အျပင္ လူသုံးကုန္ပစၥည္းေတြကအစ ၀ယ္ယူသုံးၾကတယ္။ ေနာက္ၿပီး ထိုင္းႏိုင္ငံက QC(အရည္အေသြး)ကို ထိန္းတယ္။ ကၽြန္ေတာ္တို႔ဘက္မွာ ထြက္တဲ့ကုန္ေတြကို QC ၾကည့္ျပီးမွ တင္သြင္းၾကတယ္။ မိုင္းလားတို႔ တရုတ္နဲ႔ ထိစပ္တဲ့ေနရာက် အဲဒီလိုမဟုတ္ဘူး။ အကုန္၀ယ္ယူတယ္။ QC မသတ္မွတ္ဘူး။"ဟု ေဒသခံ ကုန္သည္တစ္ဦးက ေျပာသည္။

ျပည္ပသုိ႔ ပို႔ကုန္တိုးျမင့္ေစရန္ အထူးကုန္စည္ခြန္ ဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္တြင္ ၂၀၁၆ ဇန္န၀ါရီလ (၁၈)ရက္ေန႔က ဥပေဒသစ္ ျပ႒ာန္းလိုက္ၿပီး အထူးကုန္စည္ (၁၆)မ်ိဳးကိုသာ ကုန္သြယ္လုပ္ငန္းခြန္ ေကာက္ခံကာ အျခားကုန္စည္မ်ားကို ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ ျပဳထားျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ နယ္စပ္ကုန္သြယ္ေရးစခန္း၏ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္၏ ဧၿပီလမွ ဇြန္လအထိ ျမန္မာ-ထိုင္း ကုန္သြယ္ေရးပမာဏ လ်ာထားခ်က္မွာ အေမရိကန္ေဒၚလာ (၂၄)သန္းျဖစ္ၿပီး အမွန္တကယ္ ရရွိသည့္ ပမာဏမွာ အေမရိကန္ေဒၚလာ (၁၉ ဒႆမ ၄၈၂)သန္းရွိျခင္းေၾကာင့္ ရာခိုင္ႏႈန္းအေနျဖင့္ (၈၁.၁၈) ရာခိုင္ႏႈန္းရရွိေၾကာင္း သိရသည္။

၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္၏ ဧၿပီလမွ ဇြန္လအထိ ျမန္မာ-ထိုင္း ကုန္သြယ္ေရးပမာဏ ပို႔ကုန္ႏွင့္ သြင္းကုန္ စုစုေပါင္း အေမရိကန္ေဒၚလာ (၂၇ ဒႆမ ၄၂၈) သန္း လ်ာထားခဲ့ေသာ္လည္း အမွန္တကယ္ ေကာက္ခံရရိွမႈမွာ (၁၈ ဒႆမ ၃၀၇)သန္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္

Update: (( အထူးကုန္စည္(၁၆)မ်ဳိးဆိုသည္မွာ (၁)စီးကရက္အမ်ဳိးမ်ဳိး၊ (၂)ေဆးရြက္ႀကီး၊ (၃) ဗာဂ်ီး နီးယားေပါင္းတင္ေဆး၊(၄)ေဆးေပါ့လိပ္၊ (၅)ေဆးျပင္းလိပ္၊ (၆)ေဆးတံေသာက္ေဆး၊ (၇) ကြမ္းစားေဆးအမ်ဳိးမ်ဳိး၊ (၈)အရက္အမ်ဳိးမ်ဳိး၊ (၉) ဘီယာအမ်ဳိးမ်ဳိး၊ (၁ဝ) ဝိုင္အမ်ဳိး မ်ဳိး၊ (၁၁) ကြၽန္းသစ္မာသစ္လံုးႏွင့္ အေျခခံအဆင့္သာခြဲစိတ္ ထားေသာ သစ္ခြဲသားမ်ား၊ (၁၂) ေက်ာက္စိမ္း၊ ပတၱျမား၊ နီိလာ၊ ျမ၊ စိန္ႏွင့္ အျခားအဖုိးတန္ေက်ာက္မ်က္ရတနာအ႐ိုင္းထည္မ်ား၊ (၁၃) ထုိအဖိုးတန္ ေက်ာက္မ်က္ရတနာ အေခ်ာထည္မ်ားႏွင့္ လက္ဝတ္ရတနာမ်ား၊ (၁၄) Double Cup 4 Door Pick up မွအပ ၁၈ဝဝ. cc အထက္ ဗင္ကားမ်ား၊ ဆလြန္း၊ ဆီဒင္ႏွင့္ ဝက္ဂြန္ (Estate wagon)ကားမ်ား၊ ကူေပး(coupe) ကားမ်ား၊ (၁၅) ေရနံဆီ၊ ဓာတ္ ဆီ၊ ဒီဇယ္ဆီ၊ ဂ်က္ေလယာဥ္ဆီ၊ (၁၆) သဘာဝဓာတ္ေငြ႕ တို႔ ျဖစ္သည္။ )))

***********

မြန်မာ- ထိုင်း နယ်စပ် တာချီလိတ်မြို့နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တိုးလာစေရန် အထူးကုန်စည် (၁၆)မျိုးမှလွဲ၍ အခြားပို့ကုန်များကို မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားသော်လည်း သွင်းကုန်ပိုများနေဆဲဖြစ်ကြောင်း သိရသည်။

"ပြည်ပ တင်ပို့ကုန်တွေကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားတယ်။ အထူးကုန်စည် (၁၆)မျိုးကလွဲရင် အခြားကုန်စည်အကုန်လုံးကို ကင်းလွတ်ခွင့်ပေးထားတာပါ။ နယ်စပ်မြို့ပဲဖြစ်ဖြစ် ရန်ကုန်ကလို သင်္ဘောကနေ ပို့တာပဲဖြစ်ဖြစ် ပို့ကုန်တွေကို (၂)ဆ (၃)ဆ တိုးမြှင့်နိုင်အောင်လို့ ကင်းလွတ်ခွင့် ပေးထားတာပါ။"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ မြန်မာ- ထိုင်း ကုန်သွယ်မှုအခြေအနေမှာ တာချီလိတ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းအရ ၂၀၁၆ ခုနှစ် ဧပြီလမှ ဇွန်လအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ (၃ ဒဿမ ၇၄၁)သန်းနှင့် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ (၁၅ ဒဿမ ၇၄၁)သန်းရှိခြင်းကြောင့် ပို့ကုန်ထက် သွင်းကုန်က (၅)ဆ ပိုများနေကြောင်း သိရသည်။

"အဓိကတော့ သွင်းကုန်နှင့် ပို့ကုန် မမျှတာ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးတွေ၊ လမ်းခရီး အခြေအနေတွေကြောင့်လို့တော့ထင်တယ်။ ဘာလို့လဲဆိုတာ တာချီလိတ်ဟာ တစ်ဖက်ထိုင်းနိုင်ငံနှင့် ထိစပ်နပြေီး အိမ်ဆောက်ပစ္စည်းတွေ စားသုံးကုန်တွေ အပြင် လူသုံးကုန်ပစ္စည်းတွေကအစ ဝယ်ယူသုံးကြတယ်။ နောက်ပြီး ထိုင်းနိုင်ငံက QC(အရည်အသွေး)ကို ထိန်းတယ်။ ကျွန်တော်တို့ဘက်မှာ ထွက်တဲ့ကုန်တွေကို QC ကြည့်ပြီးမှ တင်သွင်းကြတယ်။ မိုင်းလားတို့ တရုတ်နဲ့ ထိစပ်တဲ့နေရာကျ အဲဒီလိုမဟုတ်ဘူး။ အကုန်ဝယ်ယူတယ်။ QC မသတ်မှတ်ဘူး။"ဟု ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

ပြည်ပသို့ ပို့ကုန်တိုးမြင့်စေရန် အထူးကုန်စည်ခွန် ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၆ ဇန်နဝါရီလ (၁၈)ရက်နေ့က ဥပဒေသစ် ပြဋ္ဌာန်းလိုက်ပြီး အထူးကုန်စည် (၁၆)မျိုးကိုသာ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံကာ အခြားကုန်စည်များကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားခြင်းဖြစ်သည်။

တာချီလိတ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇွန်လအထိ မြန်မာ-ထိုင်း ကုန်သွယ်ရေးပမာဏ လျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄)သန်းဖြစ်ပြီး အမှန်တကယ် ရရှိသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၉ ဒဿမ ၄၈၂)သန်းရှိခြင်းကြောင့် ရာခိုင်နှုန်းအနဖြေင့် (၈၁.၁၈) ရာခိုင်နှုန်းရရှိကြောင်း သိရသည်။

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇွန်လအထိ မြန်မာ-ထိုင်း ကုန်သွယ်ရေးပမာဏ ပို့ကုန်နှင့် သွင်းကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၇ ဒဿမ ၄၂၈) သန်း လျာထားခဲ့သော်လည်း အမှန်တကယ် ကောက်ခံရရှိမှုမှာ (၁၈ ဒဿမ ၃၀၇)သန်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

Update: (( အထူးကုန်စည်(၁၆)မျိုးဆိုသည်မှာ (၁)စီးကရက်အမျိုးမျိုး၊ (၂)ဆေးရွက်ကြီး၊ (၃) ဗာဂျီး နီးယားပေါင်းတင်ဆေး၊(၄)ဆေးပေါ့လိပ်၊ (၅)ဆေးပြင်းလိပ်၊ (၆)ဆေးတံသောက်ဆေး၊ (၇) ကွမ်းစားဆေးအမျိုးမျိုး၊ (၈)အရက်အမျိုးမျိုး၊ (၉) ဘီယာအမျိုးမျိုး၊ (၁ဝ) ဝိုင်အမျိုး မျိုး၊ (၁၁) ကျွန်းသစ်မာသစ်လုံးနှင့် အခြေခံအဆင့်သာခွဲစိတ် ထားသော သစ်ခွဲသားများ၊ (၁၂) ကျောက်စိမ်း၊ ပတ္တမြား၊ နိီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာအရိုင်းထည်များ၊ (၁၃) ထိုအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များနှင့် လက်ဝတ်ရတနာများ၊ (၁၄) Double Cup 4 Door Pick up မှအပ ၁၈ဝဝ. cc အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate wagon)ကားများ၊ ကူပေး(coupe) ကားများ၊ (၁၅) ရေနံဆီ၊ ဓာတ် ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ၊ (၁၆) သဘာဝဓာတ်ငွေ့ တို့ ဖြစ်သည်။ )))

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~