အခြန္ေပးေဆာင္မႈနည္းသည့္ တာခ်ီလိတ္တြင္ လုပ္ငန္းရွင္မ်ားအား အခြန္ပညာေပးကို ထပ္တိုး လုပ္ေဆာင္ေန

အခြန္ေပးေဆာင္မႈနည္းသည့္ တာခ်ီလိတ္တြင္ လုပ္ငန္းရွင္မ်ားအား အခြန္ပညာေပးကို ထပ္တိုး လုပ္ေဆာင္ေန
သြဂုတ် 25, 2016
By Tachileik News Agency

အခြန္ဥပေဒဆိုင္ရာမ်ား သိရိွနားလည္သူနည္း၍ စီးပြားေရးလုပ္ငန္းရွင္မ်ား အခြန္ေပးေဆာင္မႈ အားနည္း ေနသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ အခြန္ပညာေပးမ်ား ယခုႏွစ္အတြင္း တိုး၍ လုပ္ေဆာင္ေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴးရံုးမွ သိရသည္။

"လတ္တေလာမွာ စီးပြားေရးလုပ္ငန္းရွင္ေတြက အခြန္ေဆာင္ဖို႔ အခက္အခဲရွိတာက အခြန္ ဥပေဒဆိုင္ရာေတြ ေလ့လာမႈ အားနည္းတာေတြလည္း ပါတာေပါ့။ ဒါေၾကာင့္လည္း အခြန္ပညာေပး လုပ္ငန္းေတြကို ဒီထက္ကို က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္သင့္ပါတယ္။ အခုလည္း ဦးစားေပး ေဆာင္ရြက္ေနပါတယ္။ အရင္ႏွစ္ေတြမွာေတာ့ ပညာေပး ႏွစ္ေခါက္ေလာက္ပဲ လုပ္ျဖစ္တယ္။ အခြန္ ဥပေဒေတြကို သိရွိနားလည္ၿပီး အခြန္ေရွာင္မႈေတြ မလုပ္ေအာင္လို႔ ဒီႏွစ္မွာ (၇)ေခါက္ေလာက္လုပ္မယ္လို႔ စီမံထားပါတယ္။ ေလာေလာဆယ္မွာ အခြန္ပညာေပး (၄)ေခါက္ ေပးၿပီးပါၿပီ။"ဟု တာခ်ီလိတ္ၿမိဳ ့နယ္ အခြန္ဦးစီးဌာနမွဴးရုံးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလိႈင္က ေျပာသည္။

အခြန္ဥပေဒဆိုင္ရာ ပညာေပးလုပ္ငန္းမ်ားကို ေဒသတြင္း သတၱဳလုပ္ငန္းရွင္မ်ား၊ ကုန္သြယ္လုပ္ငန္းရွင္မ်ား၊ ဟိုတယ္လုပ္ငန္းရွင္မ်ား၊ စီးပြားလုပ္ငန္းရွင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးရုံးမ်ားႏွင့္ စာသင္ေက်ာင္းမ်ားတြင္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္ျပည္တြင္းအခြန္မ်ား ဦးစီးဌာနအေနျဖင့္ ၂၀၁၅- ၂၀၁၆ ဘ႑ာႏွစ္တြင္ လ်ာထားခ်က္၏ (၉၈)ရာခိုင္ႏႈန္းသာ ေကာက္ခံရရိွခဲ့ၿပီး ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ လ်ာထားခ်က္ကို ရာႏႈန္းျပည့္ရရိွရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္ လ်ာထားခ်က္ က်ပ္သန္း(၁၀၂၁၀.၇၀၀)အနက္ က်ပ္သန္း(၉၈၀၆.၀၉၈) ကိုသာရရိွခဲ့ၿပီး (၂၀၁၆-၂၁၀၇)ခု ဘ႑ာႏွစ္တြင္ က်ပ္သန္း (၁၂၄၁၆.၇၀၀) ေကာက္ခံရန္ လ်ာထားေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
အခွန်ဥပဒေဆိုင်ရာများ သိရှိနားလည်သူနည်း၍ စီးပွားရေးလုပ်ငန်းရှင်များ အခွန်ပေးဆောင်မှု အားနည်း နေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အခွန်ပညာပေးများ ယခုနှစ်အတွင်း တိုး၍ လုပ်ဆောင်နေကြောင်း တာချီလိတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ သိရသည်။

"လတ်တလောမှာ စီးပွားရေးလုပ်ငန်းရှင်တွေက အခွန်ဆောင်ဖို့ အခက်အခဲရှိတာက အခွန် ဥပဒေဆိုင်ရာတွေ လေ့လာမှု အားနည်းတာတွေလည်း ပါတာပေါ့။ ဒါကြောင့်လည်း အခွန်ပညာပေး လုပ်ငန်းတွေကို ဒီထက်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်ပါတယ်။ အခုလည်း ဦးစားပေး ဆောင်ရွက်နေပါတယ်။ အရင်နှစ်တွေမှာတော့ ပညာပေး နှစ်ခေါက်လောက်ပဲ လုပ်ဖြစ်တယ်။ အခွန် ဥပဒေတွေကို သိရှိနားလည်ပြီး အခွန်ရှောင်မှုတွေ မလုပ်အောင်လို့ ဒီနှစ်မှာ (၇)ခေါက်လောက်လုပ်မယ်လို့ စီမံထားပါတယ်။ လောလောဆယ်မှာ အခွန်ပညာပေး (၄)ခေါက် ပေးပြီးပါပြီ။"ဟု တာချီလိတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

အခွန်ဥပဒေဆိုင်ရာ ပညာပေးလုပ်ငန်းများကို ဒေသတွင်း သတ္တုလုပ်ငန်းရှင်များ၊ ကုန်သွယ်လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ စီးပွားလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများနှင့် စာသင်ကျောင်းများတွင် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြည်တွင်းအခွန်များ ဦးစီးဌာနအနဖြေင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် လျာထားချက်၏ (၉၈)ရာခိုင်နှုန်းသာ ကောက်ခံရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လျာထားချက်ကို ရာနှုန်းပြည့်ရရှိရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့တွင် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် လျာထားချက် ကျပ်သန်း(၁၀၂၁၀.၇၀၀)အနက် ကျပ်သန်း(၉၈၀၆.ဝ၉၈) ကိုသာရရှိခဲ့ပြီး (၂၀၁၆-၂၁၀၇)ခု ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၁၂၄၁၆.၇၀၀) ကောက်ခံရန် လျာထားကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~