တာခ်ီလိတ္၌ မူးယစ္ေဆး၀ါး ျဖန္႔ျဖဴးေရာင္းခ်ေနသူႏွင့္ သံုးစြဲသူမ်ားကို ဖမ္းဆီး

တာခ်ီလိတ္၌ မူးယစ္ေဆး၀ါး ျဖန္႔ျဖဴးေရာင္းခ်ေနသူႏွင့္ သံုးစြဲသူမ်ားကို ဖမ္းဆီး
သြဂုတ် 14, 2016
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း မူးယစ္ေဆး၀ါး ျဖန္႔ျဖဴးေရာင္းခ်ေနသူႏွင့္ ၀ိုင္းဖြဲ႔ သံုးစြဲေနသူမ်ားကို ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။
တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္၀င္လမ္းရွိ အိမ္ခန္းငွားရမ္းေနထိုင္ေသာ ေနလင္းေအာင္၏ ေနအိမ္အား ၾသဂုတ္လ(၁၄)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲအခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ နယ္ထိန္းေခါင္းေဆာင္ႏွင့္ တပ္ဖြဲ႔၀င္မ်ားအျပင္ သက္ဆိုင္ရာ ပူးေပါင္း ပါ၀င္ေသာ ပူးေပါင္းအဖြဲ႕သည္ မူးယစ္ေဆး၀ါး သတင္းအရ ၀င္ေရာက္ရွာေဖြရာမွ မူးယစ္ေဆး၀ါး ျဖန္႔ျဖဴး ေရာင္းခ်ေနသူႏွင့္ ၀ိုင္းဖြဲ႔သံုးစြဲေနသူ စုစုေပါင္း (၁၀)ဦးကို ဖမ္းဆီးရမိတာ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ပူးေပါင္းအဖြဲ႔မွ ၀င္ေရာက္ရွာေဖြရာတြင္ အခန္းပိုင္ရွင္ ေနလင္းေအာင္ႏွင့္အတူ မူးယစ္ေဆး၀ါး ျဖန္႔ျဖဴးေရာင္းခ်ေနသူဟု သတင္းရရွိထားသူ ဘုန္းျမတ္သာ ႏွင့္ မူးယစ္ေဆး၀ါးမ်ား ၀ိုင္းဖြဲ႔သံုးစြဲေနသူ ေသာင္းထိုက္၊ အိုက္ပ်န္း၊ အိုက္ကြက္၊ ေအာင္မ်ဳိးထြန္း၊ စိုင္းခမ္းပြဲ၊ အားကိန္း၊ စိုးတင့္ ႏွင့္ အားခ်ာတို႔အား အဆင္သင့္ေတြ႕ရွိရၿပီး ၎တို႔ထံ စစ္ေဆးရွာေဖြရာ စိတ္ၾကြေဆးျပား (၁၁၂)ျပား၊ စိတ္ၾကြေဆးျပား
အေၾကအခဲအေလးခ်ိန္ (၀.၂)ဂရမ္ခန္႔ ႏွင့္ မက္သာအက္ဖီတမင္း(အိုက္စ္) အျဖဴေရာင္ ပံုေဆာင္ခဲ အေလးခ်ိန္ (၅.၆)ဂရမ္ခန္႔တို႔အျပင္ စိတ္ၾကြေဆးျပားမ်ား ရွဴရာတြင္ အသံုးျပဳသည့္ ကိရိယာမ်ားအပါအ၀င္ ေမာ္ေတာ္ဆိုင္ကယ္ (၃)စီးအား သိမ္းဆည္းရမိျပီး ၎တို႔အား ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆး၀ါးမ်ားႏွင့္ အတူ ဖမ္းဆီးရမိသည့္ အဆိုပါ အမ်ဳိးသား (၁၀)ဦးအား မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၀/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
..................
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူနှင့် ဝိုင်းဖွဲ့ သုံးစွဲနေသူများကို ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ဝိန်းကျောက်ရပ်ကွက်၊ တော်ဝင်လမ်းရှိ အိမ်ခန်းငှါးရမ်းနေထိုင်သော နေလင်းအောင်၏ နေအိမ်အား သြဂုတ်လ(၁၄)ရက်နေ့ နေ့လယ်(၂)နာရီခွဲအချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ နယ်ထိန်းခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များအပြင် သက်ဆိုင်ရာ ပူးပေါင်း ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေသူနှင့် ဝိုင်းဖွဲ့သုံးစွဲနေသူ စုစုပေါင်း (၁၀)ဦးကို ဖမ်းဆီးရမိတာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာတွင် အခန်းပိုင်ရှင် နေလင်းအောင်နှင့်အတူ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူဟု သတင်းရရှိထားသူ ဘုန်းမြတ်သာ နှင့် မူးယစ်ဆေးဝါးများ ဝိုင်းဖွဲ့သုံးစွဲနေသူ သောင်းထိုက်၊ အိုက်ပျန်း၊ အိုက်ကွက်၊ အောင်မျိုးထွန်း၊ စိုင်းခမ်းပွဲ၊ အားကိန်း၊ စိုးတင့် နှင့် အားချာတို့အား အဆင်သင့်တွေ့ရှိရပြီး၎င်းတို့ထံ စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား (၁၁၂)ပြား၊ စိတ်ကြွဆေးပြား
အကြေအခဲအလေးချိန် (ဝ.၂)ဂရမ်ခန့် နှင့် မက်သာအက်ဖီတမင်း(အိုက်စ်) အဖြူရောင် ပုံဆောင်ခဲ အလေးချိန် (၅.၆)ဂရမ်ခန့်တို့အပြင် စိတ်ကြွဆေးပြားများ ရှူရာတွင် အသုံးပြုသည့် ကိရိယာများအပါအဝင် မော်တော်ဆိုင်ကယ် (၃)စီးအား သိမ်းဆည်းရမိပြီး၎င်းတို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် အဆိုပါ အမျိုးသား (၁၀)ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၀/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~