လဲခ်ားၿမိဳ႕နယ္အတြင္း နမ့္တိမ္းေခ်ာင္း ေရတက္လာမႈေၾကာင့္ စိုက္ဧက(၂၀၀)ေက်ာ္နစ္ျမဳပ္ခဲ့

လဲခ်ားၿမိဳ႕နယ္အတြင္း နမ့္တိမ္းေခ်ာင္း ေရတက္လာမႈေၾကာင့္ စိုက္ဧက(၂၀၀)ေက်ာ္နစ္ျမဳပ္ခဲ့
သြဂုတ် 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း လဲခ်ားၿမိဳ႕နယ္အတြင္း နမ့္တိမ္းေခ်ာင္း ေရႀကီးေရလွ်ံမႈေၾကာင့္ စိုက္ဧက (၂၀၀) ေက်ာ္ ေရနစ္ျမဳပ္မႈဒဏ္ခံေနရေၾကာင္း ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈေကာ္မတီမွသိရသည္။

"ၾသဂုတ္(၂၀)ရက္ေန႔မွာ မိုးတစ္ရက္လံုးရြာၿပီး ေနာက္ေန႔ ေခ်ာင္းေရျမင့္လာတာပဲ။ (၂၂)ရက္ေန႔ေလာက္က သိသိသာသာ ေခ်ာင္းေရလွ်ံလာတယ္။ ေရေခ်ာင္းတစ္ေလွ်ာက္မွာရွိတဲ့ သဲတူးတဲ့ လုပ္ငန္းေတြလည္း ရပ္နားထားရတယ္။ ေက်းရြာအုပ္စု(၃)ခုေလာက္မွာ စပါးစိုက္ထားတဲ့ လယ္ကြင္းေတြ ေရနစ္ကုန္ၿပီ"ဟု ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈေကာ္မတီမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

မိုင္းကိုင္ၿမိဳ႕နယ္မွ စတင္စီးဆင္းလာသည့္ နမ့္တိန္းေခ်ာင္းေရသည္ ၾသဂုတ္လ (၂၀) ရက္ေန႔က မိုးသည္းထန္စြာ ရြာသြန္းၿပီးေနာက္ ေခ်ာင္းေရစတင္ျမင့္တက္လာရာ လဲခ်ားၿမိဳ႕နယ္အတြင္း ၿမိဳ႕မေက်းရြာအုပ္စုတြင္ လယ္ေျမဧက(၁၀၀)ေက်ာ္၊ ပံုတိုက္ေက်းရြာအုပ္စုတြင္ လယ္ေျမဧက(၈၀)ေက်ာ္ႏွင့္ ပံုေနေက်းရြာအုပ္စုတြင္ ဧက(၂၀)ေက်ာ္မွ စပါးခင္း၊ ေျပာင္းခင္းမ်ား ေရနစ္ျမဳပ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

 "ေရနစ္ျမဳပ္မႈက လယ္ယာေတြအတြက္ (၁၀)ရက္ေက်ာ္ရင္္ေတာ့ ပ်က္စီး ဆံုး႐ွံဳးႏိုင္တယ္။ ခုက (၃) ရက္ (၄)ရက္ေလာက္႐ွိေတာ့ ထိခိုက္တဲ့ အဆင့္ေလာက္ပါပဲ။ ႀကီးမားတဲ့ ပ်က္စီးဆံုး႐ႈံးမႈေတာ့ မျဖစ္ႏိုင္ပါဘူး။ ေရလည္း အနည္းငယ္ျပန္က်ေနပါၿပီ"ဟု လဲခ်ားၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ႏိုင္က ေျပာသည္။

နမ့္တိမ္းေခ်ာင္းေရတက္လာသျဖင့္ အဆိုပါေခ်ာင္းအတြင္း သဲတူးသည့္လုပ္ငန္းမ်ားမွ သဲစုပ္စက္မ်ားကို ၾသဂုတ္လ (၂၃)ရက္ကတည္းက ျဖဳတ္သိမ္းထားရေၾကာင္း သဲက်င္းလုပ္ငန္းမ်ားထံမွ သိရသည္။

သတင္း - ဟံႏိုင္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်း နမ့်တိမ်းချောင်း ရကြေီးရေလျှံမှုကြောင့် စိုက်ဧက (၂၀၀) ကျော် ရေနစ်မြုပ်မှုဒဏ်ခံနေရကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှသိရသည်။

"သြဂုတ်(၂၀)ရက်နေ့မှာ မိုးတစ်ရက်လုံးရွာပြီး နောက်နေ့ ချောင်းရမြေင့်လာတာပဲ။ (၂၂)ရက်နေ့လောက်က သိသိသာသာ ချောင်းရေလျှံလာတယ်။ ရေချောင်းတစ်လျှောက်မှာရှိတဲ့ သဲတူးတဲ့ လုပ်ငန်းတွေလည်း ရပ်နားထားရတယ်။ ကျေးရွာအုပ်စု(၃)ခုလောက်မှာ စပါးစိုက်ထားတဲ့ လယ်ကွင်းတွေ ရေနစ်ကုန်ပြီ"ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်မှ စတင်စီးဆင်းလာသည့် နမ့်တိန်းချောင်းရေသည် သြဂုတ်လ (၂၀) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ချောင်းရေစတင်မြင့်တက်လာရာ လဲချားမြို့နယ်အတွင်း မြို့မကျေးရွာအုပ်စုတွင် လယ်မြေဧက(၁၀၀)ကျော်၊ ပုံတိုက်ကျေးရွာအုပ်စုတွင် လယ်မြေဧက(၈၀)ကျော်နှင့် ပုံနေကျေးရွာအုပ်စုတွင် ဧက(၂၀)ကျော်မှ စပါးခင်း၊ ပြောင်းခင်းများ ရေနစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

 "ရေနစ်မြုပ်မှုက လယ်ယာတွေအတွက် (၁၀)ရက်ကျော်ရင်တော့ ပျက်စီး ဆုံးရှုံးနိုင်တယ်။ ခုက (၃) ရက် (၄)ရက်လောက်ရှိတော့ ထိခိုက်တဲ့ အဆင့်လောက်ပါပဲ။ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတော့ မဖြစ်နိုင်ပါဘူး။ ရေလည်း အနည်းငယ်ပြန်ကျနေပါပြီ"ဟု လဲချားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။

နမ့်တိမ်းချောင်းရေတက်လာသဖြင့် အဆိုပါချောင်းအတွင်း သဲတူးသည့်လုပ်ငန်းများမှ သဲစုပ်စက်များကို သြဂုတ်လ (၂၃)ရက်ကတည်းက ဖြုတ်သိမ်းထားရကြောင်း သဲကျင်းလုပ်ငန်းများထံမှ သိရသည်။

သတင်း - ဟံနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~