ရွမ္းျပည္နယ္အတြင္း တိုင္းရင္းသားစာေပႏွင့္ ပတ္သက္၍ တြဲဖက္ဦးစီးဌာန ဖြင့္လွစ္ေပးရန္ လႊတ္ေတာ္၌ ေဆြးေႏြး

ရွမ္းျပည္နယ္အတြင္း တိုင္းရင္းသားစာေပႏွင့္ ပတ္သက္၍ တြဲဖက္ဦးစီးဌာန ဖြင့္လွစ္ေပးရန္ လႊတ္ေတာ္၌ ေဆြးေႏြး
ဇူလိုင် 15, 2016
By Tachileik News Agency

တိုင္းရင္းသားစာေပသင္ၾကားမႈ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ စာေပအာမခံခ်က္မ်ား ရရွိေစရန္ တြဲဖက္ဦးစီးဌာနတစ္ခု ဖြင့္လွစ္ႏိုင္ေရး အဆိုကို ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ ဒုတိယပံုမွန္ အစည္းအေ၀း၏ ဒုတိယေန႔တြင္ ေဆြးေႏြးေၾကာင္း သိရသည္။

ဇူလိုင္လ (၁၂)ရက္ေန႔တြင္ က်င္းပသည့္ လႊတ္ေတာ္အစည္းအေဝးတြင္ ေက်ာက္မဲၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဝင္းက အဆိုတင္သြင္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိကေတာ့ ကၽြန္ေတာ္တို႔ တိုင္းရင္းသားစာေပေတြကို အရင္တုန္းက သင္ၾကားတဲ့ေနရာမွာ ေဘာင္မဝင္ သလိုလို တရားမဝင္ သလိုလိုနဲ႔ တိက်တဲ့ပံုစံနဲ႔ စံသတ္မွတ္ခ်က္နဲ႔ သင္ၾကားေနရတာ မဟုတ္ဘူး။ တခ်ိဳ႕ ေနရာေတြမွာ သင္ၾကားရေပမဲ့ တခ်ိဳ႕ေနရာမွာက်ေတာ့ သင္ၾကားခြင့္ေတြ မရဘူး။ ဒါေၾကာင့္ အားသာခ်က္ေတြ ရွိလာေအာင္ တြဲဖက္ဦးစီးဌာနတစ္ခု ဖြင့္လွစ္ၿပီး ေဆာင္ရြက္ေစခ်င္တာပါ"ဟု ေက်ာက္မဲၿမိဳ႕နယ္ ၊ မဲဆႏၵနယ္ အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္း၀င္းက ေျပာသည္။

တိုင္းရင္းသားစာေပသင္ၾကားမႈတြင္ သင္ရိုးညႊန္းတမ္း၊ ေက်ာင္းဆရာ၊ ေက်ာင္းသားအေရအတြက္၊ ဆရာမ်ားအား ခ်ီးျမႇင့္ေငြကိစၥ စသည္တို႔ကို ပိုမိုထိေရာက္စြာ ေဆာင္ရြက္ႏိုင္ရန္ တိုင္းရင္းသား စာေပသင္ၾကားေရး တြဲဖက္ဦးစီးဌာနတစ္ခု ဖြင့္လွစ္ေရး အဆိုတင္သြင္း ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ အဆိုတင္သြင္းတာကေတာ့ ဘယ္လူမ်ိဳးမဆို၊ ဘယ္တိုင္းရင္းသားမဆို အားလံုးအတြက္ ရည္ရြယ္ၿပီး အဆိုတင္သြင္းတာပါ။ ရွမ္းျပည္နယ္ထဲမွာရွိတဲ့ တိုင္းရင္းသားအားလံုးအတြက္ အက်ံဳး၀င္ေအာင္လို႔ တိုင္းရင္းသားအလုိက္ စာေပေတြရွိတယ္ေလ အားလံုးအက်ံဳး၀င္ပါတယ္"ဟု ဦးစိုင္းထြန္းဝင္းက ေျပာသည္။

တိုင္းရင္းသားစာေပသင္ၾကားေရး တြဲဖက္ဦးစီးဌာန ဖြင့္လွစ္ေဆာင္ရြက္ႏိုင္ရန္အဆိုအား လႊတ္ေတာ္တြင္ ေထာက္ခံေဆြးေႏြးသည့္ ကုိယ္စားလွယ္တစ္ဦး ရွိၿပီး ဇူလိုင္လ(၁၃)ရက္ေန႔ ဒုတိယပံုမွန္အစည္းအေ၀း ဒုတိယရက္တြင္ ဆက္လက္ေဆြးေႏြးေနျခင္းျဖစ္သည္။

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ ဒုတိယပံုမွန္အစည္းအေ၀းမ်ားအား (၄)ရက္တိုင္တိုင္ က်င္းပသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ခရိုင္(၁၄)ခရိုင္၊ ၿမိဳ႕နယ္(၈၃)ၿမိဳ႕နယ္တြင္ လူဦးေရ (၅,၈၂၄,၄၃၂)ဦး ေနထိုင္ၿပီး ဗမာ၊ ရွမ္း၊ အာခါ၊ လားဟူ၊ လီဆူး၊ ပေလာင္၊ ၀၊ ပအို၀့္၊ ဓႏု၊ အင္းသားစသည့္ တိုင္းရင္းသား အမ်ားအျပား ေနထိုင္ၾကျခင္း ျဖစ္သည္။

သတင္း။  ။ ကိုဇက္

................
 
တိုင်းရင်းသားစာပေသင်ကြားမှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေအာမခံချက်များ ရရှိစေရန် တွဲဖက်ဦးစီးဌာနတစ်ခု ဖွင့်လှစ်နိုင်ရေး အဆိုကို ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအေဝး၏ ဒုတိယနေ့တွင် ဆွေးနွေးကြောင်း သိရသည်။
ဇူလိုင်လ (၁၂)ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက အဆိုတင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
"အဓိကတော့ ကျွန်တော်တို့ တိုင်းရင်းသားစာပေတွေကို အရင်တုန်းက သင်ကြားတဲ့နေရာမှာ ဘောင်မဝင် သလိုလို တရားမဝင် သလိုလိုနဲ့ တိကျတဲ့ပုံစံနဲ့ စံသတ်မှတ်ချက်နဲ့ သင်ကြားနေရတာ မဟုတ်ဘူး။ တချို့ နေရာတွေမှာ သင်ကြားရပေမဲ့ တချို့နေရာမှာကျတော့ သင်ကြားခွင့်တွေ မရဘူး။ ဒါကြောင့် အားသာချက်တွေ ရှိလာအောင် တွဲဖက်ဦးစီးဌာနတစ်ခု ဖွင့်လှစ်ပြီး ဆောင်ရွက်စေချင်တာပါ"ဟု ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောသည်။
တိုင်းရင်းသားစာပေသင်ကြားမှုတွင် သင်ရိုးညွှန်းတမ်း၊ ကျောင်းဆရာ၊ ကျောင်းသားအရေအတွက်၊ ဆရာများအား ချီးမြှင့်ငွေကိစ္စ စသည်တို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား စာပေသင်ကြားရေး တွဲဖက်ဦးစီးဌာနတစ်ခု ဖွင့်လှစ်ရေး အဆိုတင်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အဆိုတင်သွင်းတာကတော့ ဘယ်လူမျိုးမဆို၊ ဘယ်တိုင်းရင်းသားမဆို အားလုံးအတွက် ရည်ရွယ်ပြီး အဆိုတင်သွင်းတာပါ။ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားအားလုံးအတွက် အကျုံးဝင်အောင်လို့ တိုင်းရင်းသားအလိုက် စာပေတွေရှိတယ်လေ အားလုံးအကျုံးဝင်ပါတယ်"ဟု ဦးစိုင်းထွန်းဝင်းက ပြောသည်။
တိုင်းရင်းသားစာပေသင်ကြားရေး တွဲဖက်ဦးစီးဌာန ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အဆိုအား လွှတ်တော်တွင် ထောက်ခံဆွေးနွေးသည့် ကိုယ်စားလှယ်တစ်ဦး ရှိပြီး ဇူလိုင်လ(၁၃)ရက်နေ့ ဒုတိယပုံမှန်အစည်းအေဝး ဒုတိယရက်တွင် ဆက်လက်ဆွေးနွေးနခြေင်းဖြစ်သည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအေဝးများအား (၄)ရက်တိုင်တိုင် ကျင်းပသွားခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ခရိုင်(၁၄)ခရိုင်၊ မြို့နယ်(၈၃)မြို့နယ်တွင် လူဦးရေ (၅,၈၂၄,၄၃၂)ဦး နေထိုင်ပြီး ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ၊ လီဆူး၊ ပလောင်၊ ဝ၊ ပအိုဝ့်၊ ဓနု၊ အင်းသားစသည့် တိုင်းရင်းသား အများအပြား နေထိုင်ကြခြင်း ဖြစ်သည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~