ထိုင်းနိုင်ငံသို့ MOU ဖြင့် ပို့ဆောင်ထားသည့် မြန်မာလုပ်သားများ၏ အခြေအနေနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တွင် ပြုလုပ်မည်

ထိုင်းနိုင်ငံသို့ MOU ဖြင့် ပို့ဆောင်ထားသည့် မြန်မာလုပ်သားများ၏ အခြေအနေနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တွင် ပြုလုပ်မည်
ဇူလိုင် 30, 2016
By Tachileik News Agency
................
ထိုင်းနိုင်ငံသို့ MOU ဖြင့် ပို့ဆောင်ထားသည့် မြန်မာလုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် အခြေအနေများကို အလုပ်သမားများကိုယ်တိုင် ရှင်းလင်းတင်ပြမည့် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် သြဂုတ်လ (၂) ရက်နေ့ နေ့လယ် (၁၂) နာရီ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ သတင်းစာရှင်းလင်းပွဲအား ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမားများကို ကူညီပေးနေသည့် Myanmar Association Thailand [MAT] နှင့် Aid Alliance Committee [AAC] တို့က ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net