ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ တရားဝင်အထောက်အထား ရလာပြီးနောက် အလုပ်ဖြုတ်ခံရမှုများရှိလာ
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ တရားဝင်အထောက်အထား ရလာပြီးနောက် အလုပ်ဖြုတ်ခံရမှုများရှိလာ
ဇူလိုငျ 11, 2016
By Tachileik News Agency
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာလုပ်သားများ လုပ်ငန်းခွင် အခွင့်အရေးရရန် ထိုင်းအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်း မြန်မာလုပ်သားများအပေါ် လူမျိုးရေးမုန်းတီးမှု ဖြစ်ပေါ်စေရန် သွေးထိုးလှုံဆော်မှုများ ထွက်ပေါ်လာနေသည့်အပြင် မြန်မာ အလုပ်သမားများ နေရာတွင် အစားထိုး ခန့်ထားခြင်းများ ရှိလာနေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ သိရသည်။
ထိုင်းနိုင်ငံအတွင်း လူမျိုးရေးမုန်းတီးရန် ပြောဆိုနေသူများအား တရားစွဲဆိုနိုင်သည့် ဥပဒေများပြဌာန်းထား သော်လည်း အချို့လုပ်ငန်းရှင်များက မြန်မာလုပ်သားများနေရာတွင် ကမ္ဘောဒီးယား၊ လာအို နိုင်ငံသားများအား ပြောင်းလဲ၍ ခန့်ထားမှုများရှိလာကြောင်း ၎င်းထံမှ သိရသည်။
သတင်း။ ။ ကိုဇက်
..................
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အပြီးတွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ထိုင်းအစိုးရက အလုပ်သမားစာရွက်စာတမ်း အထောက်အထားများ ထုတ်ပေးလာခြင်းကြောင့် အလုပ်ရှင်အချို့က မြန်မာလုပ်သားများနေရာတွင် အစားထိုးခန့်ထားခြင်းများ ပြုလုပ်လာကြောင်း သိရသည်။ 
"ထိုင်းနိုင်ငံတောင်ပိုင်းမှာဆိုရင် ငါးဖမ်းသင်္ဘောတစ်စီးလုံးမှာရှိတဲ့ မြန်မာအလုပ်သမားတွေအကုန်လုံး အလုပ်က ထုတ်ခံရတယ်။ ပြီးတော့ တခြား အလုပ်သမားတွေနဲ့ပြောင်းပစ်တာတွေရှိလာတယ်။ ဒါကလည်း အလုပ်သမား စာရွက်စာတမ်းတွေ အကုန်လုပ်ပေးနေတော့ အခွင့်အရေး အပြည့်အဝပေးရမှာကြောက်လို့ လုပ်ငန်းရှင်တွေက ထုတ်ပစ်တာပါ။ ထိုင်းနိုင်ငံ အစိုးရကတော့ ပုဒ်မ(၄၄)ကို ကိုင်တွယ်ပြီး ဥပဒေအရ ဘယ်နိုင်ငံသားမဆို သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်မဟုတ်ရင် ဖမ်းဆီး၊ စစ်ဆေးတာတွေတော့ရှိတယ်။ သူ့နိုင်ငံသားလည်း အလုပ်သမားတွေကို အခွင့်အရေးအပြည့်မပေးရင် မလျှော့ပေးပါဘူး"ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးမိုးေဝက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာလုပ်သားများ လုပ်ငန်းခွင် အခွင့်အရေးရရန် ထို်င်းအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်း မြန်မာလုပ်သားများအပေါ် လူမျိုးရေးမုန်းတီးမှု ဖြစ်ပေါ်စေရန် သွေးထိုးလှုံဆော်မှုများ ထွက်ပေါ်လာနေသည့်အပြင် မြန်မာ အလုပ်သမားများ နေရာတွင် အစားထိုး ခန့်ထားခြင်းများ ရှိလာနခြေင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ သိရသည်။
"ခရီးစဉ်အပြီးမှာတော့ ထိုင်းနိုင်ငံအတွင်းမှာ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် မြန်မာအလုပ်သမားတွေကို မုန်းတီးအောင် သွေးထိုးလှုံ့ဆော်မှုတွေရှိလာတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း နားလည်ပေးတတ်တဲ့ အဖွဲ့တွေရှိလာတယ်။ မုန်းတီးအောင် လှုံဆော်တဲ့လူတွေက အများအားဖြင့် အလုပ်လက်မဲ့တို့ ပညာနည်းတဲ့ လူတန်းစားတွဖြေစ်ပြီး တစ်ဖက်ကတော့ ငါတို့ ထိုင်းတွေ သူများနိုင်ငံမှာသွားလုပ်ရင်လည်း ဒါမျိုးအကာအကွယ် လာပေးတာမျိုး ရှိသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုသွားတာ မှန်တယ်လို့ထောက်ခံတဲ့ ထိုင်းလူမျိုးတွေလည်းရှိပါတယ် "ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဦးမိုးေဝက ပြောသည်။
ထိုင်းနိုင်ငံအတွင်း လူမျိုးရေးမုန်းတီးရန် ပြောဆိုနေသူများအား တရားစွဲဆိုနိုင်သည့် ဥပဒေများပြဌာန်းထား သော်လည်း အချို့လုပ်ငန်းရှင်များက မြန်မာလုပ်သားများနေရာတွင် ကမော္ဘဒီးယား၊ လာအို နိုင်ငံသားများအား ပြောင်းလဲ၍ ခန့်ထားမှုများရှိလာကြောင်း၎င်းထံမှ သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)သည် ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြေင်းအလုပ်သမားများအား ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားအခွင့်အရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးလုပ်ငန်းများအား လွန်ခဲ့သည့် (၁၆)နှစ်ကတည်းက ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~