တာခ်ီလိတ္ၿမိဳ႕နယ္မွ ေက်းရြာ ၁၂ ရြာအား ျမစိမ္းေရာင္စီမံကိန္းျဖင့္ က်ပ္သိန္းေပါင္း ၃၃၀၀ ခ်ထားေပး

တာခ်ီလိတ္ၿမိဳ႕နယ္မွ ေက်းရြာ ၁၂ ရြာအား ျမစိမ္းေရာင္စီမံကိန္းျဖင့္ က်ပ္သိန္းေပါင္း ၃၃၀၀ ခ်ထားေပး
ဇူလိုင် 30, 2016
By Tachileik News Agency

ေက်းလက္ေဒသဖြံ႕ၿဖဳိးေရးႏွင့္ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရးလုပ္ငန္း ျမစိမ္းေရာင္စီမံကိန္း အစီအစဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း ေက်းရြာေပါင္း(၁၂)ရြာအား ေက်းလက္ဦးစီးဌာနမွ က်ပ္သိန္း(၃,၃၀၀) ခ်ေပးလိုက္ေၾကာင္း သိရသည္။

 ဇူလိုင္လ (၂၆)ရက္ေန႔က ျပဳလုပ္ခဲ့သည့္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ႏွင့္ ၀န္ႀကီးမ်ား၏ တာခ်ီလိတ္ လူထုေတြ႕ဆံုပြဲတြင္ ေက်းလက္ဦးစီးဌာနမွ ေက်းရြာ(၁၁)ရြာအတြက္ ျမစိမ္းေရာင္စီမံကိန္းျဖင့္ ေပးအပ္လိုက္ျခင္း ျဖစ္သည္။

"ေက်းလက္ဦးစီးဌာနမွာပါတဲ့ ျမစိမ္းေရာင္ ေက်းရြာမ်ား ၀င္ေငြတိုးပြားေရး ၊ ဆင္းရဲမႈေလွ်ာ့ခ်ေရး စတဲ့ မိမိရြာအလိုက္ ေဆာင္ရြက္ႏိုင္မယ့္ လုပ္ငန္းစဥ္ေတြလည္း ပါ ပါတယ္။ ဒီဟာလည္း ဒီေန႔ အခမ္းအနားမွာ ေပးအပ္သြားမွာျဖစ္ပါတယ္။ တာခ်ီလိတ္မွာ (၁၁)ယူနစ္နဲ႔ ေက်းရြာေပါင္း(၁၂)ရြာ ရပါတယ္။
ဒီရြာေတြကိုလည္း ႏွစ္စဥ္ အရင္းမေပ်ာက္ မတည္ေငြေတြနဲ႔ တည္ေထာင္ေပးၿပီးေတာ့ ဒီေက်းရြာကေန စုေပါင္းလုပ္တတ္တဲ့ အေလ့အထေတြ ဒီေငြေတြကို တိုးပြားေအာင္ေဆာင္ရြက္ၿပီး မိမိရပ္ရြာေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္တဲ့လုပ္ငန္းစဥ္လည္း ျဖစ္ပါတယ္။"ဟု ျပည္နယ္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး၀န္ႀကီး ဦးစိုင္းလုံေက်ာက္ က ေျပာသည္။

ေက်းလက္ဦးစီးဌာနမွ ျမစိမ္းေရာင္စီမံကိန္းျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ မိုင္းကိုးေက်းရြာအုပ္စုမွ၊ ဖန္မင္ေက်းရြာအုပ္စု ၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု ၊ တာေလၿမိဳ႕ရွိ ေက်းရြာမ်ား ၊ မိုင္းဖုန္း(က)-(ခ)ေက်းရြာအုပ္စု ႏွင့္ မိုင္းဟဲေက်းရြာအုပ္စုတို႔မွ ေက်းရြာ (၁၂)ရြာတုိ႔ကို ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေမြးျမဴေရး၊ ေရလုပ္ငန္းႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္အတြင္း ေက်းရြာေပါင္း (၇၂)ရြာအား က်ပ္သန္းေပါင္း (၁,၇၄၀) ခ်ေပးခဲ့ရာ ၂၀၁၆ ခုႏွစ္အကုန္တြင္ အရင္းမေပ်ာက္ အတိုးႏွဳန္း(၁၅၅.၇၈၀)သန္း ရရွိခဲ့ၿပီျဖစ္ၿပီး၊ လာမည့္ ဘ႑ာႏွစ္တြင္ ေက်းရြာေပါင္း(၂၂) ရြာအား ျမစိမ္းေရာင္ စီမံကိန္းေခ်းေငြမ်ား ဆက္လက္ရရွိရန္ ေတာင္းခံထားေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ
................

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း မြစိမ်းရောင်စီမံကိန်း အစီအစဉ်ဖြင့် တာချီလိတ်မြို့နယ် အတွင်း ကျေးရွာပေါင်း(၁၂)ရွာအား ကျေးလက်ဦးစီးဌာနမှ ကျပ်သိန်း(၃,၃၀၀) ချပေးလိုက်ကြောင်း သိရသည်။

 ဇူလိုင်လ (၂၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၏ တာချီလိတ် လူထုတွေ့ဆုံပွဲတွင် ကျေးလက်ဦးစီးဌာနမှ ကျေးရွာ(၁၁)ရွာအတွက် မြစိမ်းရောင်စီမံကိန်းဖြင့် ပေးအပ်လိုက်ခြင်း ဖြစ်သည်။

"ကျေးလက်ဦးစီးဌာနမှာပါတဲ့ မြစိမ်းရောင် ကျေးရွာများ ဝင်ငွေတိုးပွားရေး၊ ဆင်းရဲမှုလျှော့ချရေး စတဲ့ မိမိရွာအလိုက် ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တွေလည်း ပါ ပါတယ်။ ဒီဟာလည်း ဒီနေ့ အခမ်းအနားမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။ တာချီလိတ်မှာ (၁၁)ယူနစ်နဲ့ ကျေးရွာပေါင်း(၁၂)ရွာ ရပါတယ်။
ဒီရွာတွေကိုလည်း နှစ်စဉ် အရင်းမပျောက် မတည်ငွေတွေနဲ့ တည်ထောင်ပေးပြီးတော့ ဒီကျေးရွာကနေ စုပေါင်းလုပ်တတ်တဲ့ အလေ့အထတွေ ဒီငွေတွေကို တိုးပွားအောင်ဆောင်ရွက်ပြီး မိမိရပ်ရွာတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။"ဟု ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျောက် က ပြောသည်။

ကျေးလက်ဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ မိုင်းကိုးကျေးရွာအုပ်စုမှ၊ ဖန်မင်ကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာလမြေို့ရှိ ကျေးရွာများ၊ မိုင်းဖုန်း(က)-(ခ)ကျေးရွာအုပ်စု နှင့် မိုင်းဟဲကျေးရွာအုပ်စုတို့မှ ကျေးရွာ (၁၂)ရွာတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်အတွင်း ကျေးရွာပေါင်း (၇၂)ရွာအား ကျပ်သန်းပေါင်း (၁,၇၄၀) ချပေးခဲ့ရာ ၂၀၁၆ ခုနှစ်အကုန်တွင် အရင်းမပျောက် အတိုးနှုန်း(၁၅၅.၇၈၀)သန်း ရရှိခဲ့ပြီဖြစ်ပြီး၊ လာမည့် ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း(၂၂) ရွာအား မြစိမ်းရောင် စီမံကိန်းချေးငွေများ ဆက်လက်ရရှိရန် တောင်းခံထားကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~