ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားတွင် ဒုတိယဆု ရရှိခဲ့သည့် တာချီလိတ်ခရိုင်ဘောလုံးအသင်းအား ဂုဏ်ပြု

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားတွင် ဒုတိယဆု ရရှိခဲ့သည့် တာချီလိတ်ခရိုင်ဘောလုံးအသင်းအား ဂုဏ်ပြု
ဇူလိုငျ 5, 2016
By Tachileik News Agency

တာချီလိတ်၊ ဇူလိုင်(၅)
ရှမ်းပြည်နယ်၊ တောင်ကြီး၌ ဇွန်လအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၆ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် တာချီလိတ်ခရိုင်ဘောလုံး အသင်းအား ဂုဏ်ပြုပွဲအဖြစ် ယနေ့ ဇူလိုင်လ(၅)ရက်နေ့တွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပြီး ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းအား ပေးအပ်ချီးမြှင့်သည်။


၂၀၁၆ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပွဲစဉ်များတွင် တာချီလိတ်ခရိုင်ဘောလုံးအသင်းအနေဖြင့် ဇွန်လ(၁၅)ရက်နေ့မှ စတင် ကစားရာ မူဆယ်ခရိုင်ကို (၃-၁)ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ဇွန်လ (၁၈)ရက်နေ့က မိုင်းဆတ်ခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၉)ဂိုး (၀)ဂိုးဖြင့်ဆက်လက် အနိုင်ရရှိခဲ့ပြီး၊ ဇွန်လ(၂၁)ရက်နေ့က ကျောက်မဲခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၁)ဂိုးစီဖြင့် သရေကျသွားကြောင်း နှင့် ဇွန်လ(၂၃)ရက်နေ့က လွိုင်လင်ခရိုင်နှင့် ယှဉ်ပြိုင်ရာ လွိုင်လင်ခရိုင်အား (၂-၀)ဖြင့် အနိုင်ရရှိခဲ့သည့်အပြင်၊ ဇွန်လ(၂၇)ရက်က ကျင်းပသည့် အကြိုဗိုလ်လုပွဲ၌ လားရှိုးခရိုင်နှင့် ယှဉ်ပြိုင်ရာ ပင်နယ်တီဖြင့် ဂိုးသွင်းဆုံးဖြတ်ရာ၌ တာချီလိတ်ခရိုင်မှ (၉)ဂိုး၊ လားရှိုးခရိုင်မှ (၈)ဂိုးဖြင့် တာချီလိတ်ခရိုင်မှ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဇွန်လ(၂၉)ရက်နေ့က ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် တောင်ကြီးခရိုင်ဘောလုံးအသင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ တောင်ကြီးခရိုင်ဘောလုံးအသင်းက တာချီလိတ်ခရိုင်ဘောလုံးအသင်းအား (၄)ဂိုး၊ (၃)ဂိုးဖြင့် (၁)ဂိုးအသာ ရရှိသွားကာ ပထမဆုကို ရရှိသွားပြီး တာချီလိတ်ခရိုင် ဘောလုံးအသင်းမှ ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်ဘောလုံးအသင်းအနေဖြင့် အဆိုပါ ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့်အပြင် ရှေ့တန်းအကောင်းဆုံး ကစားသမားဆု နှင့် ကွင်းလယ်အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ။ ။ ‪#‎ယာဆေး‬
.........................

တာချီလိတ်၊ ဇူလိုင်(၅)
ရှမ်းပြည်နယ်၊ တောင်ကြီး၌ ဇွန်လအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၆ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် တာချီလိတ်ခရိုင်ဘောလုံး အသင်းအား ဂုဏ်ပြုပွဲအဖြစ် ယနေ့ ဇူလိုင်လ(၅)ရက်နေ့တွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအေဝးခန်းမ၌ ကျင်းပပြုလုပ်ပြီး ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းအား ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ကော်မတီဝင်များမှ တက်ရောက်ပြီး တောင်ကြီးမှ ပြန်လည်ရောက်ရှိလာသည့် တာချီလိတ်ခရိုင်ဘောလုံး အသင်းအား တွေ့ဆုံကာ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။

၂၀၁၆ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပွဲစဉ်များတွင် တာချီလိတ်ခရိုင်ဘောလုံးအသင်းအနဖြေင့် ဇွန်လ(၁၅)ရက်နေ့မှ စတင် ကစားရာ မူဆယ်ခရိုင်ကို (၃-၁)ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ဇွန်လ (၁၈)ရက်နေ့က မိုင်းဆတ်ခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၉)ဂိုး (ဝ)ဂိုးဖြင့်ဆက်လက် အနိုင်ရရှိခဲ့ပြီး၊ ဇွန်လ(၂၁)ရက်နေ့က ကျောက်မဲခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၁)ဂိုးစီဖြင့် သရေကျသွားကြောင်း နှင့် ဇွန်လ(၂၃)ရက်နေ့က လွိုင်လင်ခရိုင်နှင့် ယှဉ်ပြိုင်ရာ လွိုင်လင်ခရိုင်အား (၂-ဝ)ဖြင့် အနိုင်ရရှိခဲ့သည့်အပြင်၊ ဇွန်လ(၂၇)ရက်က ကျင်းပသည့် အကြိုဗိုလ်လုပွဲ၌ လားရှိုးခရိုင်နှင့် ယှဉ်ပြိုင်ရာ ပင်နယ်တီဖြင့် ဂိုးသွင်းဆုံးဖြတ်ရာ၌ တာချီလိတ်ခရိုင်မှ (၉)ဂိုး၊ လားရှိုးခရိုင်မှ (၈)ဂိုးဖြင့် တာချီလိတ်ခရိုင်မှ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဇွန်လ(၂၉)ရက်နေ့က ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် တောင်ကြီးခရို်င်ဘောလုံးအသင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ တောင်ကြီးခရိုင်ဘောလုံးအသင်းက တာချီလိတ်ခရိုင်ဘောလုံးအသင်းအား (၄)ဂိုး၊ (၃)ဂိုးဖြင့် (၁)ဂိုးအသာ ရရှိသွားကာ ပထမဆုကို ရရှိသွားပြီး တာချီလိတ်ခရိုင် ဘောလုံးအသင်းမှ ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်ဘောလုံးအသင်းအနဖြေင့် အဆိုပါ ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့်အပြင် ရှေ့တန်းအကောင်းဆုံး ကစားသမားဆု နှင့် ကွင်းလယ်အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ။ ‪#‎ယာဆေး‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net