မွ်စ္ခ်ဳိးေရာင္းခ်သူမ်ားေၾကာင့္ ယပ္ေတာင္လုပ္ငန္းတြင္ အသံုးျပဳေသာ ဝါးကုန္ၾကမ္း ရွားပါးလာ

မွ်စ္ခ်ဳိးေရာင္းခ်သူမ်ားေၾကာင့္ ယပ္ေတာင္လုပ္ငန္းတြင္ အသံုးျပဳေသာ ဝါးကုန္ၾကမ္း ရွားပါးလာ
ဇူလိုင် 30, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္ ေရၾကည္ေညာင္ပင္ေက်းရြာမွ ရိုးရာ၀ါးယပ္ေတာင္လုပ္ငန္းတြင္ အသံုးျပဳသည့္ ဝါးကုန္ၾကမ္းမွာ မွ်စ္ခ်ိဳးေရာင္းခ်သူမ်ား၊ ေတာင္ယာစိုက္ပ်ိဳးေရး လုပ္ငန္းလုပ္ကိုင္သူမ်ား ႏွင့္ လူေနအိမ္မ်ား မ်ားျပားလာမႈေၾကာင့္ ရွားပါးလာေနေၾကာင္း သိရသည္။

“မႏၱေလးနဲ႔ အနီးတစ္၀ိုက္ကေတာ့ ၀ါးယပ္ေတာင္ဆိုရင္ ဒီေရၾကည္ေညာင္ပင္ ရြာတစ္ရြာပဲ အစဥ္အဆက္ လုပ္တာ။ ဒါေပမဲ့ လြန္ခဲ့တဲ့ (၂)ႏွစ္ေလာက္ကစၿပီး ၀ါးကရွားလားတယ္။ ၀ါးရွားတာက ေျမေစ်းေကာင္းေတာ့ ေတာင္ယာလုပ္ငန္း လုပ္တဲ့သူေတြက အပင္စိုက္ဖို႕ မီးရိႈ႕တယ္။ မွ်စ္ေစ်း ေကာင္းေတာ့ မွ်စ္ခ်ိဳးတဲ့သူေပါလာေတာ့ ၀ါးခုတ္တဲ့သူေတြအတြက္ အခက္အခဲျဖစ္လာတယ္။”ဟု ၀ါးခုတ္ေတာင္သူ တစ္ဦးျဖစ္သူ ကိုျပဴးက ဆိုသည္။

ယခင္ ယပ္ေတာင္၀ါးခုတ္ရာတြင္ ေရၾကည္ေညာင္ပင္ရြာအနီး ေရတံခြန္ေတာင္ ႏွင့္အနီးတစ္၀ိုက္တြင္ ခုတ္ရျခင္းျဖစ္ေသာ္လည္း ၀ါးရွားပါးလာမႈေၾကာင့္ ျပင္ဦးလြင္အနီး ျပင္စာရြာအထိ ဝါးသြားေရာက္ခုတ္ရ ေၾကာင္း ဝါးခုတ္ေတာင္သူမ်ားထံမွ သိရသည္။

“မွ်စ္စိမ္းကလည္း တစ္ပိႆာကို တစ္ေထာင္ေက်ာ္ေလာက္ရွိတယ္။ ေျမေစ်းကလည္း တစ္ဧကကို သိန္း (၅၀) ေလာက္ေစ်းေပါက္တယ္။ ေတာင္ယာစိုက္ဖို႔လည္း ခုတ္ၾကေတာ့ ၀ါးေတာက တျဖည္းျဖည္း နဲ႔ေပ်ာက္သလိုျဖစ္သြားတာေပါ့။ ေရတံခြန္ေတာင္ဆိုတာကလည္း အရင္က ေတာရေက်ာင္း နည္းနည္းပါးပါးပဲ ရွိတာ အခုကေက်ာင္းေတြလည္းမ်ားလာ၊ လူေနထူထပ္လာေတာ့ ေက်ာင္းေဆာက္ဖို႔နဲ႔ ေတာင္ယာခုတ္တာ ေတြေၾကာင့္လည္းပါတယ္။” ဟု ဦးျပဴးက ဆိုသည္။

၀ါးအေခ်ာင္း (၁,၀၀၀) လွ်င္ ယပ္ေတာင္ျပဳလုပ္ႏိုင္ေသာ အရြယ္အစားအလိုက္ က်ပ္ (၅,၀၀၀) မွ (၆,၅၀၀) အထိေစ်းရွိေၾကာင္း သိရသည္။

“၀ါးကရွားေတာ့ ေစ်းေကာင္းတယ္။ ယပ္ေတာင္ေစ်းလည္း တက္လာတာေပါ့။ မႏွစ္က ဆိုဒ္အေသးဆံုး ယပ္ေတာင္အေခ်ာင္း တစ္ေထာင္ကို (က်ပ္) တစ္ေသာင္းေက်ာ္ကေန ဒီႏွစ္က တစ္ေသာင္းခြဲေလာက္ ျဖစ္လာတယ္။ ယပ္ေတာင္လုပ္ငန္းကလည္း အဆင့္ဆင့္ အလုပ္သမားခ ၊  ၀ါး၀ယ္ရတာ ေစ်းတက္တာနဲ႔ ယပ္ေတာင္ေစ်းလည္း တက္လာတယ္။ ဒါေပမဲ့လည္း ရိုးရာ၀ါးယပ္ေတာင္လုပ္ငန္းကေတာ့ လူသံုးမ်ားတဲ့အ တြက္ ဆက္လက္လုပ္ကိုင္ လို႔ရေနဆဲေပါ့။”ဟု ဝါးယပ္ေတာင္လုပ္ငန္း လုပ္ကိုင္သည့္ ဦးေက်ာ္ေဆြ၀င္းက ေျပာသည္။

ယပ္ေတာင္မွာ ဆိုဒ္အေသးဆံုး ကိုးလက္မ မွ (၁၂) လက္မအထိ ဆိုဒ္အမ်ိဳး မ်ိဳးရွိၿပီး အေခ်ာင္းတစ္ေထာင္လွ်င္ က်ပ္ တစ္ေသာင္းခြဲမွ က်ပ္ေလးေသာင္းေက်ာ္ထိရွိကာ တစ္ေန႔လွ်င္  ယပ္ေတာင္၀ါး ( စကၠဴကပ္ရန္သာ က်န္ေတာ့ေသာပံုစံ)အေခ်ာင္း တစ္ေသာင္းခန္႕ ေရာင္းရေၾကာင္း သိရသည္။

“လက္ရွိအခ်ိန္က ၀ါ၀င္ေနၿပီဆိုေတာ့ ယပ္ေတာင္အေရာင္းပါးတယ္။ ခုေခတ္ပလပ္စတစ္ယပ္ေတာင္ေတြ ေပၚလာေပမဲ့လည္း ၀ါးယပ္ေတာင္ကို လူႀကိဳက္မ်ားေနတုန္းပဲ။ ပလပ္စတစ္ယပ္ေတာင္က လူငယ္ေတြေလာက္ပဲ ႀကိဳက္ၾကတာ။ အလွဴ ၊မဂၤလာေဆာင္ေတြမွာဆိုရင္လည္း ရိုးရာ၀ါးယပ္ေတာင္ကိုပဲ အသံုးမ်ားၾကတယ္။ ၀ါးယပ္ေတာင္က ေစ်းနည္းေပမဲ့ ခတ္ရတာက ပလပ္စတစ္ ယပ္ေတာင္ထက္ ေလပိုရတယ္ဆိုေတာ့ လူႀကီးေတြက ပိုႀကိဳက္ၾကတယ္။”ဟု ဦးေက်ာ္ေဆြမင္းက ဆိုသည္္။

ယပ္ေတာင္ျပဳလုပ္ေသာ၀ါးကို နတ္ေတာ္၊ ျပာသိုႏွင့္ တပို႔တြဲလမ်ားတြင္ အမ်ားဆံုးခုတ္ယူရၿပီး အဆိုပါလမ်ားတြင္ ခုတ္ယူေသာ ၀ါးမ်ားကို တစ္ႏွစ္ပတ္လံုး ယပ္ေတာင္ျပဳ လုပ္ရေၾကာင္း သီတင္းကၽြတ္တြင္ ယပ္ေတာင္ေရာင္းအား အေကာင္းဆံုးျဖစ္ေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္
...............

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရကြေည်ညောင်ပင်ကျေးရွာမှ ရိုးရာဝါးယပ်တောင်လုပ်ငန်းတွင် အသုံးပြုသည့် ဝါးကုန်ကြမ်းမှာ မျှစ်ချိုးရောင်းချသူများ၊ တောင်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူများ နှင့် လူနေအိမ်များ များပြားလာမှုကြောင့် ရှားပါးလာနေကြောင်း သိရသည်။

“မန္တလေးနဲ့ အနီးတစ်ဝိုက်ကတော့ ဝါးယပ်တောင်ဆိုရင် ဒီရကြေည်ညောင်ပင် ရွာတစ်ရွာပဲ အစဉ်အဆက် လုပ်တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကစပြီး ဝါးကရှားလားတယ်။ ဝါးရှားတာက မြေဈေးကောင်းတော့ တောင်ယာလုပ်ငန်း လုပ်တဲ့သူတွေက အပင်စိုက်ဖို့ မီးရှို့တယ်။ မျှစ်ဈေး ကောင်းတော့ မျှစ်ချိုးတဲ့သူပေါလာတော့ ဝါးခုတ်တဲ့သူတွေအတွက် အခက်အခဲဖြစ်လာတယ်။”ဟု ဝါးခုတ်တောင်သူ တစ်ဦးဖြစ်သူ ကိုပြူးက ဆိုသည်။

ယခင် ယပ်တောင်ဝါးခုတ်ရာတွင် ရကြေည်ညောင်ပင်ရွာအနီး ရေတံခွန်တောင် နှင့်အနီးတစ်ဝိုက်တွင် ခုတ်ရခြင်းဖြစ်သော်လည်း ဝါးရှားပါးလာမှုကြောင့် ပြင်ဦးလွင်အနီး ပြင်စာရွာအထိ ဝါးသွားရောက်ခုတ်ရ ကြောင်း ဝါးခုတ်တောင်သူများထံမှ သိရသည်။

“မျှစ်စိမ်းကလည်း တစ်ပိဿါကို တစ်ထောင်ကျော်လောက်ရှိတယ်။ မြေဈေးကလည်း တစ်ဧကကို သိန်း (၅၀) လောက်ဈေးပေါက်တယ်။ တောင်ယာစိုက်ဖို့လည်း ခုတ်ကြတော့ ဝါးတောက တဖြည်းဖြည်း နဲ့ပျောက်သလိုဖြစ်သွားတာပေါ့။ ရေတံခွန်တောင်ဆိုတာကလည်း အရင်က တောရကျောင်း နည်းနည်းပါးပါးပဲ ရှိတာ အခုကကျောင်းတွေလည်းများလာ၊ လူနေထူထပ်လာတော့ ကျောင်းဆောက်ဖို့နဲ့ တောင်ယာခုတ်တာ တွေကြောင့်လည်းပါတယ်။” ဟု ဦးပြူးက ဆိုသည်။

ဝါးအချောင်း (၁,ဝဝဝ) လျှင် ယပ်တောင်ပြုလုပ်နိုင်သော အရွယ်အစားအလိုက် ကျပ် (၅,ဝဝဝ) မှ (၆,၅၀၀) အထိဈေးရှိကြောင်း သိရသည်။

“ဝါးကရှားတော့ ဈေးကောင်းတယ်။ ယပ်တောင်ဈေးလည်း တက်လာတာပေါ့။ မနှစ်က ဆိုဒ်အသေးဆုံး ယပ်တောင်အချောင်း တစ်ထောင်ကို (ကျပ်) တစ်သောင်းကျော်ကနေ ဒီနှစ်က တစ်သောင်းခွဲလောက် ဖြစ်လာတယ်။ ယပ်တောင်လုပ်ငန်းကလည်း အဆင့်ဆင့် အလုပ်သမားခ၊ ဝါးဝယ်ရတာ ဈေးတက်တာနဲ့ ယပ်တောင်ဈေးလည်း တက်လာတယ်။ ဒါပေမဲ့လည်း ရိုးရာဝါးယပ်တောင်လုပ်ငန်းကတော့ လူသုံးများတဲ့အ တွက် ဆက်လက်လုပ်ကိုင် လို့ရနေဆဲပေါ့။”ဟု ဝါးယပ်တောင်လုပ်ငန်း လုပ်ကိုင်သည့် ဦးကျော်ဆွေဝင်းက ပြောသည်။

ယပ်တောင်မှာ ဆိုဒ်အသေးဆုံး ကိုးလက်မ မှ (၁၂) လက်မအထိ ဆိုဒ်အမျိုး မျိုးရှိပြီး အချောင်းတစ်ထောင်လျှင် ကျပ် တစ်သောင်းခွဲမှ ကျပ်လေးသောင်းကျော်ထိရှိကာ တစ်နေ့လျှင် ယပ်တောင်ဝါး ( စက္ကူကပ်ရန်သာ ကျန်တော့သောပုံစံ)အချောင်း တစ်သောင်းခန့် ရောင်းရကြောင်း သိရသည်။

“လက်ရှိအချိန်က ဝါဝင်နပြေီဆိုတော့ ယပ်တောင်အရောင်းပါးတယ်။ ခုခေတ်ပလပ်စတစ်ယပ်တောင်တွေ ပေါ်လာပေမဲ့လည်း ဝါးယပ်တောင်ကို လူကြိုက်များနေတုန်းပဲ။ ပလပ်စတစ်ယပ်တောင်က လူငယ်တွေလောက်ပဲ ကြိုက်ကြတာ။ အလှူ၊မင်္ဂလာဆောင်တွေမှာဆိုရင်လည်း ရိုးရာဝါးယပ်တောင်ကိုပဲ အသုံးများကြတယ်။ ဝါးယပ်တောင်က ဈေးနည်းပေမဲ့ ခတ်ရတာက ပလပ်စတစ် ယပ်တောင်ထက် လေပိုရတယ်ဆိုတော့ လူကြီးတွေက ပိုကြိုက်ကြတယ်။”ဟု ဦးကျော်ဆွေမင်းက ဆိုသည်။

ယပ်တောင်ပြုလုပ်သောဝါးကို နတ်တော်၊ ပြာသိုနှင့် တပို့တွဲလများတွင် အများဆုံးခုတ်ယူရပြီး အဆိုပါလများတွင် ခုတ်ယူသော ဝါးများကို တစ်နှစ်ပတ်လုံး ယပ်တောင်ပြု လုပ်ရကြောင်း သီတင်းကျွတ်တွင် ယပ်တောင်ရောင်းအား အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~