ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသားမ်ားအား ဂိတ္ေၾကး ဆက္လက္ေကာက္ခံေန၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမွ သြားေရာက္ အသိေပး

ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသားမ်ားအား ဂိတ္ေၾကး ဆက္လက္ေကာက္ခံေန၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမွ သြားေရာက္ အသိေပး
ဇူလိုင် 30, 2016
By Tachileik News Agency

တာခ်ီလိတ္ - မိုင္းဖုန္းအုပ္စုသြားလမ္းေပၚတြင္ ျဖတ္သန္းခေကာက္ခံေနသည့္ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္ သည္ ဇူလိုင္လ(၂၃)ရက္ေန႔မွစ၍ ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဂိတ္ျဖတ္သန္းခ မေကာက္ေတာ့ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံ ကတိေပးခဲ့ၿပီး ျဖစ္ေသာ္လည္း ဆက္လက္၍ ေကာက္ခံေနသည့္အတြက္ ဇူလိုင္(၃၀)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးမွ သြားေရာက္၍ ထပ္မံ အသိေပးလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က လမ္းျဖတ္သန္းခေကာက္ခံေနသည့္ ဦးထြန္းေအာင္ဂိတ္မွ တာ၀န္ရွိသူ မန္ေနဂ်ာ ဦးခ်စ္ထြန္းအား ေတြ႕ဆံုကာ "ဇူလုိင္လ(၂၃)ရက္ေန႔က စတင္၍ ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဂိတ္ျဖတ္သန္းခကို မေကာက္ခံေတာ့ဟု ဦးခ်စ္ထြန္းကိုယ္တိုင္မွ လာေရာက္ေျပာၾကားၿပီး ယခု ေကာက္ခံေနမႈသည္ မျဖစ္သင့္ေၾကာင္း၊ ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေပၚ ဂိတ္ျဖတ္သန္းခ ေကာက္ခံေနသည္ကို ၾကားသိရ၍ ဖုန္းဆက္ေသာ္လည္း ဖုန္းမကိုင္ေၾကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ညႇိႏႈိင္းၿပီး ျဖတ္သန္းခ ေလွ်ာ့ေပးမႈႏွင့္ ၀န္ထမ္းမ်ားအေပၚ ေကာက္ခံမႈသည္ မသက္ဆိုင္ေၾကာင္းႏွင့္ နဂိုမူလ အတိုင္း ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အခမဲ့ ျဖတ္သန္းသြားလာခြင့္ ျပဳသင့္ေၾကာင္း"ေျပာၾကားျခင္း ျဖစ္သည္။

စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွ ႏိုင္င့ံ၀န္ထမ္းမ်ား ႏွင့္ ေက်ာင္းသားမ်ားအား ဇူလိုင္လ(၂၃)ရက္ေန႔မွစ၍ အခမဲ့ ျဖတ္သန္းခြင့္ျပဳမည္ျဖစ္ေၾကာင္းကို တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ဇူလိုင္လ(၂၂)ရက္ေန႔ ေန႔လယ္ပိုင္းက အဆိုပါ ဂိတ္မွ တာ၀န္ရွိ မန္ေနဂ်ာ ဦးခ်စ္ထြန္းကိုယ္တုိင္ လာေရာက္၍ အသိေပးသြားခဲ့ျခင္းျဖစ္ေသာ္လည္း ဆက္လက္ေကာက္ခံေန၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမွ သြားေရာက္ အသိေပးရျခင္း ျဖစ္ေၾကာင္း သိရသည္။

"အဲ့ဒီဂိတ္က လူေတြက ျဖတ္သန္းခ ပိုက္ဆံမေပးမခ်င္း ဂိတ္တံကို မဖြင့္ေပးဘူး၊ အေျပာအဆိုလဲ မသိမ္ေမြ႕ဘူး၊ ကၽြန္မတို႔က အစိုးရအလုပ္နဲ႔ သြားတာ၊ ႏိုင္ငံေတာ္ တာ၀န္ထမ္းေဆာင္တာပါ။ အခုက ႏိုင္ငံေတာ္ကို အခြန္ေပးတာလဲ မဟုတ္ဘဲနဲ႔ ပိုက္ဆံေကာက္ေနတာ၊ ဆက္ဆံေရး မေျပျပစ္ေတာ့ စကားမေျပာခ်င္တာနဲ႔၊ ပိုက္ဆံေပးၿပီးသြားခဲ့ရတယ္၊ "ဟု ၀န္ထမ္းတစ္ဦးမွ ေျပာသည္။

အဆိုပါ ဂိတ္မွ ေမာ္ေတာ္ဆိုင္ကယ္ အား (၁၀)ဘတ္၊ ကားငယ္ (၅၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္လြတ္) (၃၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္ပါ) (၅၀)ဘတ္၊ ကုန္တင္ကား (အလြတ္) (၅၀)ဘတ္ ႏွင့္ ကုန္တင္ကား (ကုန္ပါ) (၁၀၀)ဘတ္ႏႈန္းျဖင့္ ေကာက္ခံျခင္း ျဖစ္သည္။

သတင္း - ကိုဇက္
.....................

တာချီလိတ် - မိုင်းဖုန်းအုပ်စုသွားလမ်းပေါ်တွင် ဖြတ်သန်းခကောက်ခံနေသည့် စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ် သည် ဇူလိုင်လ(၂၃)ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂိတ်ဖြတ်သန်းခ မကောက်တော့ဟု မြို့နယ်အုပ်ချုပ်ရေးမှူးထံ ကတိပေးခဲ့ပြီး ဖြစ်သော်လည်း ဆက်လက်၍ ကောက်ခံနေသည့်အတွက် ဇူလိုင်(၃၀)ရက်နေ့တွင် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ သွားရောက်၍ ထပ်မံ အသိပေးလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က လမ်းဖြတ်သန်းခကောက်ခံနေသည့် ဦးထွန်းအောင်ဂိတ်မှ တာဝန်ရှိသူ မန်နေဂျာ ဦးချစ်ထွန်းအား တွေ့ဆုံကာ "ဇူလိုင်လ(၂၃)ရက်နေ့က စတင်၍ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂိတ်ဖြတ်သန်းခကို မကောက်ခံတော့ဟု ဦးချစ်ထွန်းကိုယ်တိုင်မှ လာရောက်ပြောကြားပြီး ယခု ကောက်ခံနေမှုသည် မဖြစ်သင့်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အပေါ် ဂိတ်ဖြတ်သန်းခ ကောက်ခံနေသည်ကို ကြားသိရ၍ ဖုန်းဆက်သော်လည်း ဖုန်းမကိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး ဖြတ်သန်းခ လျှော့ပေးမှုနှင့် ဝန်ထမ်းများအပေါ် ကောက်ခံမှုသည် မသက်ဆိုင်ကြောင်းနှင့် နဂိုမူလ အတိုင်း နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြတ်သန်းသွားလာခွင့် ပြုသင့်ကြောင်း"ပြောကြားခြင်း ဖြစ်သည်။

စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှ နိုင်ငံ့ဝန်ထမ်းများ နှင့် ကျောင်းသားများအား ဇူလိုင်လ(၂၃)ရက်နေ့မှစ၍ အခမဲ့ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဇူလိုင်လ(၂၂)ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါ ဂိတ်မှ တာဝန်ရှိ မန်နေဂျာ ဦးချစ်ထွန်းကိုယ်တိုင် လာရောက်၍ အသိပေးသွားခဲ့ခြင်းဖြစ်သော်လည်း ဆက်လက်ကောက်ခံနေ၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သွားရောက် အသိပေးရခြင်း ဖြစ်ကြောင်း သိရသည်။

"အဲ့ဒီဂိတ်က လူတွေက ဖြတ်သန်းခ ပိုက်ဆံမပေးမချင်း ဂိတ်တံကို မဖွင့်ပေးဘူး၊ အပြောအဆိုလဲ မသိမ်မွေ့ဘူး၊ ကျွန်မတို့က အစိုးရအလုပ်နဲ့ သွားတာ၊ နိုင်ငံတော် တာဝန်ထမ်းဆောင်တာပါ။ အခုက နိုင်ငံတော်ကို အခွန်ပေးတာလဲ မဟုတ်ဘဲနဲ့ ပိုက်ဆံကောက်နေတာ၊ ဆက်ဆံရေး မပြပြေစ်တော့ စကားမပြောချင်တာနဲ့၊ ပိုက်ဆံပေးပြီးသွားခဲ့ရတယ်၊ "ဟု ဝန်ထမ်းတစ်ဦးမှ ပြောသည်။

အဆိုပါ ဂိတ်မှ မော်တော်ဆိုင်ကယ် အား (၁၀)ဘတ်၊ ကားငယ် (၅၀)ဘတ်၊ ထော်လာဂျီ(ကုန်လွတ်) (၃၀)ဘတ်၊ ထော်လာဂျီ(ကုန်ပါ) (၅၀)ဘတ်၊ ကုန်တင်ကား (အလွတ်) (၅၀)ဘတ် နှင့် ကုန်တင်ကား (ကုန်ပါ) (၁၀၀)ဘတ်နှုန်းဖြင့် ကောက်ခံခြင်း ဖြစ်သည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~