ရွမ္းျပည္နယ္အစိုးရ၏ လူထုေတြ႔ဆံုပြဲမ်ားမွ တင္ျပခ်က္မ်ားကို ျပန္ၾကားေရးေကာ္မတီျဖင့္ သတင္းထုတ္ျပန္ သြားမည္

ရွမ္းျပည္နယ္အစိုးရ၏ လူထုေတြ႔ဆံုပြဲမ်ားမွ တင္ျပခ်က္မ်ားကို ျပန္ၾကားေရးေကာ္မတီျဖင့္ သတင္းထုတ္ျပန္ သြားမည္
ဇူလိုင် 31, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လူထုေတြ႔ဆံုပြဲမ်ားမွ တင္ျပခ်က္မ်ားကို ျပန္ၾကားေရးေကာ္မတီမွ ထုတ္ျပန္ ေပးသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က တာခ်ီလိတ္ၿမိဳ႕ လူထုေတြ႔ဆံုပြဲတြင္ ေျပာၾကားလုိက္သည္။

"အခုျပည္သူလူထုက ေမးျမန္းတဲ့ေမးခြန္းေတြနဲ႔ တင္ျပခ်က္ေတြကို ကၽြန္ေတာ္တို႔ အစိုးရအေနနဲ႔ အခ်ဳိ႕ေမးခြန္းေတြကို အဆင္သင့္ မျဖစ္ေသးပါဘူး။ အခုလိုေမးခြန္းေတြ ေမးျမန္းတဲ့ဟာေတြကို မွတ္တမ္းျပဳစုၿပီး အလ်ဥ္းသင့္သလို အစိုးရအဖြဲ႕ရဲ႕ ျပန္ၾကားေရးေကာ္မတီက တစ္ဆင့္ ထုတ္ျပန္ေပးသြားပါ့မယ္။"ဟု ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ၊ ေအာင္ျမတ္ခန္းမတြင္ ဇူလိုင္လ (၂၆) ရက္က ျပဳလုပ္သည့္ လူထုေတြ႕ဆံုပြဲတြင္ ျပည္သူလူထုမွ ေမးျမန္းသည့္ ေမးခြန္းမ်ားႏွင့္ တင္ျပခ်က္မ်ားအနက္ အခ်ိဳ႕ကိစၥမ်ားကို ျပန္ၾကားေရး ေကာ္မတီမွ ျပန္လည္၍ သတင္းထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ လူထုေတြ႕ဆံုပြဲတြင္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးမည့္ကိစၥႏွင့္ပတ္သက္၍ ျပည္သူလူထုမွ ေဒသတြင္း သြားလာခြင့္လိုင္စင္မ်ားခ်ထားေပးရန္ႏွင့္ မူးယစ္ေဆး၀ါးႏွင့္ ေလာင္းကစားမ်ားေၾကာင့္ လူငယ္မ်ား ပ်က္စီးေနျခင္းမ်ားအေပၚ အစိုးရအေနျဖင့္ တာ၀န္ယူေဆာင္ရြက္ေပးရန္ တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္အတူ ျပည္နယ္၀န္ႀကီးမ်ားပါဝင္သည့္ အစိုးရအဖြဲ႕သည္ ဇူလိုင္လ(၂၄)ရက္ေန႔မွစ၍ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသမ်ားမွ ၿမိဳ႕မ်ားတြင္ လူထုေတြ႕ဆံုပြဲ ျပဳလုပ္ေနျခင္းျဖစ္သည္။

သတင္း - ကိုဇက္

................

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လူထုတွေ့ဆုံပွဲများမှ တင်ပြချက်များကို ပြန်ကြားရေးကော်မတီမှ ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တာချီလိတ်မြို့ လူထုတွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

"အခုပြည်သူလူထုက မေးမြန်းတဲ့မေးခွန်းတွေနဲ့ တင်ပြချက်တွေကို ကျွန်တော်တို့ အစိုးရအနေနဲ့ အချို့မေးခွန်းတွေကို အဆင်သင့် မဖြစ်သေးပါဘူး။ အခုလိုမေးခွန်းတွေ မေးမြန်းတဲ့ဟာတွေကို မှတ်တမ်းပြုစုပြီး အလျဉ်းသင့်သလို အစိုးရအဖွဲ့ရဲ့ ပြန်ကြားရေးကော်မတီက တစ်ဆင့် ထုတ်ပြန်ပေးသွားပါ့မယ်။"ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောသည်။

တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ဇူလိုင်လ (၂၆) ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်သူလူထုမှ မေးမြန်းသည့် မေးခွန်းများနှင့် တင်ပြချက်များအနက် အချို့ကိစ္စများကို ပြန်ကြားရေး ကော်မတီမှ ပြန်လည်၍ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့ လူထုတွေ့ဆုံပွဲတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးမည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုမှ ဒေသတွင်း သွားလာခွင့်လိုင်စင်များချထားပေးရန်နှင့် မူးယစ်ဆေးဝါးနှင့် လောင်းကစားများကြောင့် လူငယ်များ ပျက်စီးနခြေင်းများအပေါ် အစိုးရအနဖြေင့် တာဝန်ယူဆောင်ရွက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အတူ ပြည်နယ်ဝန်ကြီးများပါဝင်သည့် အစိုးရအဖွဲ့သည် ဇူလိုင်လ(၂၄)ရက်နေ့မှစ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများမှ မြို့များတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်နခြေင်းဖြစ်သည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~