ေရႊထြက္ရွိမႈေလ်ာ့နည္းလာသျဖင့္ ကခ်င္ျပည္နယ္ရွိ ေရႊတူးေဖာ္ေရး ကုမၸဏီမ်ား လုပ္ငန္း ရပ္ဆိုင္းထား

ေရႊထြက္ရွိမႈေလ်ာ့နည္းလာသျဖင့္ ကခ်င္ျပည္နယ္ရွိ ေရႊတူးေဖာ္ေရး ကုမၸဏီမ်ား လုပ္ငန္း ရပ္ဆိုင္းထား
ဇူလိုင် 30, 2016
By Tachileik News Agency

ကခ်င္ျပည္နယ္အတြင္းရွိ ေရႊလုပ္ကြက္မ်ားတြင္ ေရႊထြက္ရွိမႈေလ်ာ့နည္းလာေသာေၾကာင့္ ေရႊတူးေဖာ္ေရး ကုမၸဏီထက္၀က္ေက်ာ္မွာ လုပ္ငန္းမ်ား ရပ္ဆိုင္းထားေၾကာင္း ေရႊတူးေဖာ္ေရး လုပ္ငန္းရွင္မ်ားက ေျပာသည္။

“ေရႊတူးေဖာ္ေရး အေျခအေနက ကခ်င္ျပည္နယ္မွာ အကုန္လံုး ရပ္ေနသလို ျဖစ္ေနၿပီ။ ေရႊနဲ႔ပတ္သက္ၿပီး လုပ္တာက သိပ္မရွိေတာ့ဘူး။ အရင္ကထက္စာရင္ အရမ္း နည္းသြားၿပီ။ ဧရာ၀တီ ျမစ္ရိုးမွာ အရင္တုန္းကလို ယႏၱရားနဲ႕ ႀကီးႀကီးက်ယ္က်ယ္ လုပ္တာေတြလည္း အခုနားသြားတာေပါ့ေနာ္။ ျမစ္ကမ္းဧရိယာေတြ အကုန္လံုးက ကုန္သေလာက္ရွိၿပီ။ ေတာ္ေတာ္မ်ားမ်ား ကုန္သေလာက္ရွိေနပါၿပီ“ ဟု သတၱဳလုပ္ငန္းရွင္မ်ားအသင္း (ျမစ္ႀကီးနား) ဥကၠဌ ဦးလခရိလေအာင္ က ေျပာသည္။

အခ်ိဳ႕ ေရႊတူးေဖာ္ေရးကုမၸဏီမ်ား လုပ္ငန္းရပ္ဆုိင္းထားျခင္းမွာ အစိုးရထံေပးသြင္းရမည့္ ေရႊေၾကြးက်န္မ်ား ရွိေနျခင္းေၾကာင့္ သက္ဆိုင္ရာ ၀န္ႀကီးဌာနမွ ဆက္လက္လုပ္ကိုင္ခြင့္ မျပဳျခင္း ျဖစ္ၿပီး ဖားကန္႔ ဧရိယာကိုလည္း အစိုးရမွ ရတနာနယ္ေျမဟု သတ္မွတ္လိုက္ေသာေၾကာင့္ ေရႊတူးေဖာ္ရန္ အခက္အခဲမ်ား ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း ေရႊလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

“ဖားကန္႔ဧရိယာေတြမွာ  အမ်ားအားျဖင့္ ဖားကန္႔က ေက်ာက္စိမ္းထြက္တဲ့ ေနရာဆိုေတာ့ ေက်ာက္မထြက္ေပမဲ့  အဲဒီၿမိဳ႕နယ္ကို အမ်ားစုက  ရတနာနယ္ေျမဆိုၿပီး သတ္မွတ္လိုက္ေတာ့ ေရႊလုပ္ကြက္ကို ခ်မေပးေတာ့ဘူး။ ေရႊလုပ္ကြက္က အသစ္ေလွ်ာက္တာ သိပ္မေတြ႕ေတာ့ဘူး။ သက္တမ္းကုန္သြားရင္ သက္တမ္းလည္း မတိုးၾကတာမ်ားတယ္။ ရွိတာကိုပဲေမွးၿပီး လုပ္ေနတာေတြက မ်ားတယ္။ က်န္တာေတြက လက္လုပ္လက္စားအဆင့္ပဲရွိပါတယ္“ ဟု  ဦးလခရိလေအာင္က ေျပာသည္။

ကခ်င္ျပည္နယ္အတြင္း ေရႊတူးေဖာ္ေရး ကုမၼဏီေပါင္း (၈၀) ေက်ာ္ခန္႔ရွိေသာ္လည္း လုပ္ငန္း လည္ပတ္ေနသည့္ ကုမၸဏီ (၄၀) ခန္႔သာရွိၿပီး က်န္ရွိေနသည့္ ကုမၸဏီမ်ားမွာ လုပ္ငန္းလုပ္ကိုင္ရန္ အခက္အခဲ ျဖစ္လာ၍ ထပ္မံသက္တမ္းတိုးမႈ မရွိေတာ့ဘဲ သက္ဆိုင္ရာ၀န္ႀကီးဌာနထံ လုပ္ငန္းျပန္လည္ အပ္ႏွံထားေၾကာင္း သိရသည္။

 အဆိုပါ ကုမၸဏီမ်ားသည္ ကခ်င္ျပည္နယ္အတြင္းရွိ ေရႊလုပ္ကြက္မ်ားကုိ အစိုးရႏွင့္ အက်ိဳးတူပူးေပါင္း၍ လုပ္ကိုင္ရျခင္းျဖစ္ၿပီး လက္ရွိတြင္ တႏိုင္းဘက္တြင္သာ အနည္းငယ္တူးေဖာ္ေနေၾကာင္း သိရသည္။

သတင္း - ထိုက္ထိုက္

..................

ကချင်ပြည်နယ်အတွင်းရှိ ရွှေလုပ်ကွက်များတွင် ရွှေထွက်ရှိမှုလျော့နည်းလာသောကြောင့် ရွှေတူးဖော်ရေး ကုမ္ပဏီထက်ဝက်ကျော်မှာ လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း ရွှေတူးဖော်ရေး လုပ်ငန်းရှင်များက ပြောသည်။

“ရွှေတူးဖော်ရေး အခြေအနေက ကချင်ပြည်နယ်မှာ အကုန်လုံး ရပ်နေသလို ဖြစ်နပြေီ။ ရွှေနဲ့ပတ်သက်ပြီး လုပ်တာက သိပ်မရှိတော့ဘူး။ အရင်ကထက်စာရင် အရမ်း နည်းသွားပြီ။ ဧရာဝတီ မြစ်ရိုးမှာ အရင်တုန်းကလို ယန္တရားနဲ့ ကြီးကြီးကျယ်ကျယ် လုပ်တာတွေလည်း အခုနားသွားတာပေါ့နော်။ မြစ်ကမ်းဧရိယာတွေ အကုန်လုံးက ကုန်သလောက်ရှိပြီ။ တော်တော်များများ ကုန်သလောက်ရှိနေပါပြီ“ ဟု သတ္တုလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား) ဥက္ကဌ ဦးလခရိလအောင် က ပြောသည်။

အချို့ ရွှေတူးဖော်ရေးကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားခြင်းမှာ အစိုးရထံပေးသွင်းရမည့် ရွှေကြွေးကျန်များ ရှိနခြေင်းကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆက်လက်လုပ်ကိုင်ခွင့် မပြုခြင်း ဖြစ်ပြီး ဖားကန့် ဧရိယာကိုလည်း အစိုးရမှ ရတနာနယ်မြေဟု သတ်မှတ်လိုက်သောကြောင့် ရွှေတူးဖော်ရန် အခက်အခဲများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

“ဖားကန့်ဧရိယာတွေမှာ အများအားဖြင့် ဖားကန့်က ကျောက်စိမ်းထွက်တဲ့ နေရာဆိုတော့ ကျောက်မထွက်ပေမဲ့ အဲဒီမြို့နယ်ကို အများစုက ရတနာနယ်မြေဆိုပြီး သတ်မှတ်လိုက်တော့ ရွှေလုပ်ကွက်ကို ချမပေးတော့ဘူး။ ရွှေလုပ်ကွက်က အသစ်လျှောက်တာ သိပ်မတွေ့တော့ဘူး။ သက်တမ်းကုန်သွားရင် သက်တမ်းလည်း မတိုးကြတာများတယ်။ ရှိတာကိုပဲမှေးပြီး လုပ်နေတာတွေက များတယ်။ ကျန်တာတွေက လက်လုပ်လက်စားအဆင့်ပဲရှိပါတယ်“ ဟု ဦးလခရိလအောင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း ရွှေတူးဖော်ရေး ကုမ္မဏီပေါင်း (၈၀) ကျော်ခန့်ရှိသော်လည်း လုပ်ငန်း လည်ပတ်နေသည့် ကုမ္ပဏီ (၄၀) ခန့်သာရှိပြီး ကျန်ရှိနေသည့် ကုမ္ပဏီများမှာ လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲ ဖြစ်လာ၍ ထပ်မံသက်တမ်းတိုးမှု မရှိတော့ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနထံ လုပ်ငန်းပြန်လည် အပ်နှံထားကြောင်း သိရသည်။

 အဆိုပါ ကုမ္ပဏီများသည် ကချင်ပြည်နယ်အတွင်းရှိ ရွှေလုပ်ကွက်များကို အစိုးရနှင့် အကျိုးတူပူးပေါင်း၍ လုပ်ကိုင်ရခြင်းဖြစ်ပြီး လက်ရှိတွင် တနိုင်းဘက်တွင်သာ အနည်းငယ်တူးဖော်နေကြောင်း သိရသည်။

သတင်း - ထိုက်ထိုက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~