တရားမ၀င္ ေရႊတူးေဖာ္စက္မ်ား မိုင္းျဖတ္၌ ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ

တရားမ၀င္ ေရႊတူးေဖာ္စက္မ်ား မိုင္းျဖတ္၌ ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ
ဇူလိုင် 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း တရားမ၀င္ေရႊတူးေဖာ္ေနေၾကာင္း သတင္းအရ သြားေရာက္ ရွာေဖြဖမ္းဆီးရာမွ ေရႊတူးေဖာ္မႈႏွင့္ သက္ဆိုင္သည့္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့အျဖစ္ ဖမ္းဆီးရမိေၾကာင္း မိုင္းျဖတ္ရဲစခန္းမွ သိရသည္။

မုိင္းျဖတ္ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးျမင့္လြင္ ႏွင့္ စခန္းမွဴး ဒုရဲမွဴးခင္ေမာင္ေဌးတုိ႔ဦးစီးသည့္ ပူးေပါင္းအဖြဲ႔သည္ မိုင္းျဖတ္ၿမိဳ႕နယ္ ေတာညႇေက်းရြာအုပ္စု၊ ဆုိက္ေခါင္ေက်းရြာအနီး နမ့္လုံေခ်ာင္းအတြင္းမွ တရားမ၀င္ ေရႊတူးေဖာ္သည့္ ဆက္စပ္ပစၥည္းမ်ားအား ဇူလိုင္လ(၁၁)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္က ရွာေဖြသိမ္းဆည္းရမိျခင္း ျဖစ္သည္။

ရွာေဖြရရွိေသာ ပစၥည္းမ်ားတြင္ ျမင္ေကာင္ေရ(၂၅)ေကာင္ရွိ တရုတ္ႏိုင္ငံထုတ္ ဒီဇယ္အင္ဂ်င္စင္ ႏွင့္ Air Compressor အပါအ၀င္ ေရႊတူးေဖာ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားပါရွိၿပီး ပိုင္ရွင္မဲ့ အျဖစ္ သိမ္းဆည္းရမိခဲ့ေသာ အဆိုပါ ပစၥည္းမ်ားအား ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီထံသို႔ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"သိမ္းဆည္းထားတဲ့ ပစၥည္းေတြက ပိုင္ရွင္မဲ့ေတြျဖစ္ေနေတာ့ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီကို တင္ျပၿပီး ေလလံတင္မယ္လို႔ သိရတယ္။ ပစၥည္းေတြ သိမ္းမိတုန္းက လူမပါဘူး။ လူေတြက ႀကိဳတင္ထြက္ေျပးသြားတာနဲ႔တူတယ္"ဟု တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ ေတာညုေက်းရြာအုပ္စု၊ ဆုိက္ေခါင္ေက်းရြာအနီး နမ့္လုံေခ်ာင္းအတြင္း တရားမ၀င္ေရႊတူးေဖၚမႈအား မိုင္းျဖတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး အပါအ၀င္ ဌာနဆိုင္ရာႏွင့္ တာ၀န္ရွိသူမ်ားမွ သြားေရာက္စစ္ေဆးရာ တရားမ၀င္ေရႊတူးေဖၚရန္ျပင္ဆင္ေနသည့္ ေရႊေဖာင္ႏွင့္ ဒီဇယ္အင္ဂ်င္စက္တို႔အား နမ္းလံုးေခ်ာင္း ေက်ာက္ေဆာင္၊ ၀ါးရံုမ်ားႏွင့္ ကြယ္၍ ၀ွက္ထားသည္ကိုေတြ႕ရွိသျဖင့္ သိမ္းဆည္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုသာ
ဓာတ္ပံု။  ။ ေရွာလမြန္
...........

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်း တရားမဝင်ရွှေတူးဖော်နေကြောင်း သတင်းအရ သွားရောက် ရှာဖွေဖမ်းဆီးရာမှ ရွှေတူးဖော်မှုနှင့် သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိကြောင်း မိုင်းဖြတ်ရဲစခန်းမှ သိရသည်။

မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် နှင့် စခန်းမှူး ဒုရဲမှူးခင်မောင်ဌေးတို့ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ် တောညှကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအနီး နမ့်လုံချောင်းအတွင်းမှ တရားမဝင် ရွှေတူးဖော်သည့် ဆက်စပ်ပစ္စည်းများအား ဇူလိုင်လ(၁၁)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်က ရှာဖွေသိမ်းဆည်းရမိခြင်း ဖြစ်သည်။

ရှာဖွေရရှိသော ပစ္စည်းများတွင် မြင်ကောင်ရေ(၂၅)ကောင်ရှိ တရုတ်နိုင်ငံထုတ် ဒီဇယ်အင်ဂျင်စင် နှင့် Air Compressor အပါအဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများပါရှိပြီး ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခဲ့သော အဆိုပါ ပစ္စည်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"သိမ်းဆည်းထားတဲ့ ပစ္စည်းတွေက ပိုင်ရှင်မဲ့တွဖြေစ်နေတော့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို တင်ပြပြီး လေလံတင်မယ်လို့ သိရတယ်။ ပစ္စည်းတွေ သိမ်းမိတုန်းက လူမပါဘူး။ လူတွေက ကြိုတင်ထွက်ပြေးသွားတာနဲ့တူတယ်"ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းဖြတ်မြို့နယ် တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအနီး နမ့်လုံချောင်းအတွင်း တရားမဝင်ရွှေတူးဖော်မှုအား မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ တရားမဝင်ရွှေတူးဖော်ရန်ပြင်ဆင်နေသည့် ရွှေဖောင်နှင့် ဒီဇယ်အင်ဂျင်စက်တို့အား နမ်းလုံးချောင်း ကျောက်ဆောင်၊ ဝါးရုံများနှင့် ကွယ်၍ ဝှက်ထားသည်ကိုတွေ့ရှိသဖြင့် သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုသာ
ဓာတ်ပုံ။ ရှောလမွန်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~