(၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် ကျဘမ်း စကားပြောပြိုင်ပွဲ အထက(တာလေ)၌ ကျင်းပ

(၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် ကျဘမ်း စကားပြောပြိုင်ပွဲ အထက(တာလေ)၌ ကျင်းပ
ဇူလိုငျ 15, 2016
By Tachileik News Agency

ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် ကျဘမ်း စကားပြောပြိုင်ပွဲအား တာချီလိတ်ခရိုင်၊ တာလေမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ဇူလိုင်(၁၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ကျောင်းမှာ ကျဘမ်းစကားပြောပြိုင်ပွဲကို တစ်ခါမှ မကျင်းပခဲ့ဖူးဘူး၊ ဒါပထမဆုံးအကြိမ်ပါ အဓိက ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ ပြောရဲ၊ ဆိုရဲရှိလာအောင် နဲ့ အာဇာနည်နေ့ဆိုတာ ဘာလဲဆိုတာကို သူတို့ကိုယ်တိုင် သိလာအောင်လို့ ကျဘမ်းစကားပြောပြိုင်ပွဲကို ကျင်းပပေးတာပါ"ဟု တာလေမြို့မှ ကျောင်းအကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ကိုရဲဇော်ခိုင်က ပြောသည်။



သတင်း။  ။ ကိုဇက်
ဓာတ်ပုံ။  ။ ရဲခိုင်
.................

ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် ကျဘမ်းစကားပြောပြိုင်ပွဲအား တာချီလိတ်ခရိုင်၊ တာလမြေို့ အခြေခံပညာအထက်တန်း ကျောင်း၌ ဇူလိုင်(၁၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ကျောင်းမှာ ကျဘမ်းစကားပြောပြိုင်ပွဲကို တစ်ခါမှ မကျင်းပခဲ့ဖူးဘူး၊ ဒါပထမဆုံးအကြိမ်ပါ အဓိက ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ ပြောရဲ၊ ဆိုရဲရှိလာအောင် နဲ့ အာဇာနည်နေ့ဆိုတာ ဘာလဲဆိုတာကို သူတို့ကိုယ်တိုင် သိလာအောင်လို့ ကျဘမ်းစကားပြောပြိုင်ပွဲကို ကျင်းပပေးတာပါ"ဟု တာလမြေို့မှ ကျောင်းအကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ကိုရဲဇော်ခိုင်က ပြောသည်။

ကျဘမ်းစကားပြောပြိုင်ပွဲအား အလယ်တန်းအဆင့် ကျောင်းသား(၅)ဦး၊ အထက်တန်းအဆင့်ကျောင်းသား(၅)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၁၀)ဦးမှ ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ခေါင်းစဉ် (၁၀)မျိုးအား မဲလိပ်နှိုက်ကာ ကျရာ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းမှပြောသည်။

ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ အလယ်တန်းအဆင့် (၃)ဦးနှင့် အထက်တန်းအဆင့်(၃)ဦးအား ပထမ၊ ဒုတိယ၊ တတိယ ဆုများချီးမြှင့်ခဲ့ပြီး၊ ဆုရရှိခြင်း မရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နှစ်သိမ့်ဆုနှင့် ပြိုင်ပွဲဝင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း နှင့် အဆိုပါ ကျဘမ်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၀၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း။ ကိုဇက်
ဓာတ်ပုံ။ ရဲခိုင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~