စကားမ်ားရာမွ တူမီးေသနတ္ျဖင့္ ပစ္ခတ္၍ ေယာက္ဖျဖစ္သူ ေသဆံုး

စကားမ်ားရာမွ တူမီးေသနတ္ျဖင့္ ပစ္ခတ္၍ ေယာက္ဖျဖစ္သူ ေသဆံုး
ဇွန် 3, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၃)
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စု ဝမ္ေကာင္း(၁)ေက်းရြာတြင္ ဓမၼဆရာက တူမီးေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ဒဏ္ရာရရိွသြားသူအား ေဆးရံုသို႔ ပို႔ေဆာင္စဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စု ဝမ္ေကာင္း(၁)ေက်းရြာတြင္ အသက္ (၄၅)ႏွစ္အရြယ္ ဦးအားဂ်ာအား ေယာက္ဖျဖစ္သူ ဓမၼဆရာ ဦးအားေဂ့က ဇြန္လ (၂)ရက္ေန႔ ညေန (၅)နာရီခြဲခန္႔တြင္ တူမီးေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ဒဏ္ရာမ်ား ရရိွသြားေၾကာင္း သတင္းရရိွသျဖင့္ သက္ဆိုင္ရာမွ သြားေရာက္ စစ္ေဆးရာ ဦးအားဂ်ာမွာ ဝမ္ေကာင္းရြာ လမ္းမေပၚတြင္ ဝဲလက္ျပင္ေနာက္ဖက္၊ ဝဲလက္ေနာက္ေက်ာ အလယ္၊ ယာဘက္ေနာက္ေက်ာ၊ ဝဲဘက္ညႇပ္ရိုးအေပၚ၊ ဝဲရင္အံုေအာက္ဖက္၊ ယာဘက္ရင္အံုေဘးတို႔တြင္ ေဖါက္ထြက္ဒဏ္ရာမ်ားျဖင့္ ေတြ႕ရိွရၿပီး ၎အား တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႕ေဆးရံုသို႔ ပို႔ေဆာင္စဥ္ လမ္းတြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသြားသူ ဦးအားဂ်ာအားသည္ ၎၏ ဇနီး ေဆြမ်ဳိးမ်ားထံ ျပန္သြားသည္ကို လိုက္ေခၚရာမွာ စကားမ်ားၿပီး ယခုလို ျဖစ္ပြားခဲ့ရျခင္းျဖစ္ေၾကာင္း နာေရးကူညီေပးေနသည့္ တာခ်ီလိတ္နာေရး ကူညီမႈအသင္းမွ သိရသည္။

အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ အသက္(၅၆)ႏွစ္အရြယ္ ဦးအားေဂ့အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၁၄/၂၀၁၆၊ ျပစ္မႈပုဒ္မ(၃၀၂)ျဖင့္ အမႈဖြင့္ထားၿပီး ၎အား ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

...................

တာချီလိတ်၊ ဇြန္လ(၃)
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဝမ်ကောင်း(၁)ကျေးရွာတွင် ဓမ္မဆရာက တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိသွားသူအား ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဝမ်ကောင်း(၁)ကျေးရွာတွင် အသက် (၄၅)နှစ်အရွယ် ဦးအားဂျာအား ယောက်ဖဖြစ်သူ ဓမ္မဆရာ ဦးအားဂေ့က ဇွန်လ (၂)ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာ ဦးအားဂျာမှာ ဝမ်ကောင်းရွာ လမ်းမပေါ်တွင် ဝဲလက်ပြင်နောက်ဖက်၊ ဝဲလက်နောက်ကျော အလယ်၊ ယာဘက်နောက်ကျော၊ ဝဲဘက်ညှပ်ရိုးအပေါ်၊ ဝဲရင်အုံအောက်ဖက်၊ ယာဘက်ရင်အုံဘေးတို့တွင် ဖောက်ထွက်ဒဏ်ရာများဖြင့် တွေ့ရှိရပြီး၎င်းအား တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ ဦးအားဂျာအားသည်၎င်း၏ ဇနီး ဆွေမျိုးများထံ ပြန်သွားသည်ကို လိုက်ခေါ်ရာမှာ စကားများပြီး ယခုလို ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း နာရေးကူညီပေးနေသည့် တာချီလိတ်နာရေး ကူညီမှုအသင်းမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ အသက်(၅၆)နှစ်အရွယ် ဦးအားဂေ့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၁၄/၂၀၁၆၊ ပြစ်မှုပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့်ထားပြီး၎င်းအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~