တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)အား ျပဳျပင္ရန္ စီစဥ္ေန

တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)အား ျပဳျပင္ရန္ စီစဥ္ေန
ဇွန် 2, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂)ရက္
ျမန္မာ  - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕နွင့္ ထိုင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕အား ဆက္သြယ္ထားသည့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတားအား ထိုင္းႏိုင္ငံမွ အကုန္အက်ခံကာ ျပန္လည္ျပင္ဆင္ရန္ ကမ္းလွမ္းလာေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

"ထိုင္းႏိုင္ငံက အကုန္အက်ခံၿပီး ျပင္မယ္ေျပာတယ္ အဓိကေတာ့ တံတားအထိုင္ ဘယ္ရင္(Braing)ကို အသစ္နဲ႔အစားထိုးမွာ။ အဲဒီေတာ့ တံတားကို ဂ်ိဳက္နဲ႔အရင္ေျမွာက္ၿပီး ဒီေအာက္ခံကိုအစားထိုးရမွာေပါ့။ မႏွစ္က ေခ်ာင္းေရႀကီးတဲ့အခ်ိန္မွာ သစ္တံုးနဲ႔တိုက္ၿပီး နည္းနည္း ထိခိုက္သြားတာလည္းရွိတယ္။ ဒါေၾကာင့္ ျပင္မွာပါ။ အခုေတာ့ ျပည္နယ္အစိုးရကိုတင္ထားတယ္။ ခြင့္ျပဳမိန္႔က်တာနဲ႔ ျပင္ေတာ့မွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ေျပာသည္။

ခ်စ္ၾကည္ေရးတံတားအမွတ္(၁)အား ျပဳျပင္ရာတြင္ ထုိင္းႏိုင္ငံဘက္ျခမ္းမွ ျမန္မာႏိုင္ငံအျခမ္းထိ မီတာ(၁၀၀)အား (AC)ကတၱရာခင္းျခင္းျပဳလုပ္မည့္အျပင္ တံတားေအာက္ခံ အသစ္အစားထိုး ျခင္းအားလည္း ျပဳလုပ္သြားမည္ျဖစ္ၿပီး၊ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္အရ ျပဳျပင္ကုန္က်စရိတ္အားလံုးကို ထိုင္းႏုိင္ငံမွ အကုန္အက်ခံသြားမည္ျဖစ္ေၾကာင္းႏွင့္  ႏွစ္ဖက္အင္ဂ်င္နီယာမ်ားမွ စစ္ေဆး၍ ႏိုင္ငံတကာစံခ်ိန္ႏွင့္အညီ ျပဳျပင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အမွတ္(၁) ခ်စ္ၾကည္ေရးတံတား ျပဳျပင္ႏိုင္ေရးႏွင့္ ပတ္သက္၍ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ရယူႏိုင္ရန္ အစည္းအေ၀းတစ္ရပ္အား ဇြန္လ(၁)ရက္ေန႔က ႏွစ္ႏုိင္ငံ ေဒသဆိုင္ရာ တာ၀န္ရွိသူမ်ားမွ ေရႊနန္းေတာ္ကုန္တိုက္တြင္ ေတြ႕ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ရွမ္းျပည္နယ္အစိုးရထံသို႔ အေၾကာင္းၾကားထားေၾကာင္း ျပည္နယ္အစိုးရမွ ခြင့္ျပဳသည့္အခ်ိန္တြင္ ျပင္ဆင္မႈမ်ား စတင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)အား  တစ္ႏိုင္တစ္ပိုင္ ကုန္စည္စီးဆင္းမႈႏွင့္ ႏွစ္ႏိုင္ငံ ေဒသခံမ်ား၊ ခရီးသြားဧည့္သည္မ်ား သြားလာႏိုင္ေရး အတြက္သာ အသံုးျပဳလွ်က္ရွိၿပီး မယ္ေခါင္ရပ္ကြက္အတြင္းရွိသည့္ ခ်စ္ၾကည္ေရးတံတား အမွတ္(၂)အား ႏွစ္ႏုိင္ငံ ကုန္စည္စီးဆင္းရန္သာ အသံုးျပဳျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ေစာလွမင္း
..............

တာချီလိတ်၊ ဇွန်လ(၂)ရက်
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အား ဆက်သွယ်ထားသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားအား ထိုင်းနိုင်ငံမှ အကုန်အကျခံကာ ပြန်လည်ပြင်ဆင်ရန် ကမ်းလှမ်းလာကြောင်း တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

"ထိုင်းနိုင်ငံက အကုန်အကျခံပြီး ပြင်မယ်ပြောတယ် အဓိကတော့ တံတားအထိုင် ဘယ်ရင်(Braing)ကို အသစ်နဲ့အစားထိုးမှာ။ အဲဒီတော့ တံတားကို ဂျိုက်နဲ့အရင်မြှောက်ပြီး ဒီအောက်ခံကိုအစားထိုးရမှာပေါ့။ မနှစ်က ချောင်းရကြေီးတဲ့အချိန်မှာ သစ်တုံးနဲ့တိုက်ပြီး နည်းနည်း ထိခိုက်သွားတာလည်းရှိတယ်။ ဒါကြောင့် ပြင်မှာပါ။ အခုတော့ ပြည်နယ်အစိုးရကိုတင်ထားတယ်။ ခွင့်ပြုမိန့်ကျတာနဲ့ ပြင်တော့မှာပါ"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြုပြင်ရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံအခြမ်းထိ မီတာ(၁၀၀)အား (AC)ကတ္တရာခင်းခြင်းပြုလုပ်မည့်အပြင် တံတားအောက်ခံ အသစ်အစားထိုး ခြင်းအားလည်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ နှစ်နိုင်ငံသဘောတူညီချက်အရ ပြုပြင်ကုန်ကျစရိတ်အားလုံးကို ထိုင်းနိုင်ငံမှ အကုန်အကျခံသွားမည်ဖြစ်ကြောင်းနှင့် နှစ်ဖက်အင်ဂျင်နီယာများမှ စစ်ဆေး၍ နိုင်ငံတကာစံချိန်နှင့်အညီ ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၁) ချစ်ကြည်ရေးတံတား ပြုပြင်နိုင်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ သဘောတူညီချက်ရယူနိုင်ရန် အစည်းအေဝးတစ်ရပ်အား ဇွန်လ(၁)ရက်နေ့က နှစ်နိုင်ငံ ဒေသဆိုင်ရာ တာဝန်ရှိသူများမှ ရွှေနန်းတော်ကုန်တိုက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရထံသို့ အကြောင်းကြားထားကြောင်း ပြည်နယ်အစိုးရမှ ခွင့်ပြုသည့်အချိန်တွင် ပြင်ဆင်မှုများ စတင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)အား တစ်နိုင်တစ်ပိုင် ကုန်စည်စီးဆင်းမှုနှင့် နှစ်နိုင်ငံ ဒေသခံများ၊ ခရီးသွားဧည့်သည်များ သွားလာနိုင်ရေး အတွက်သာ အသုံးပြုလျှက်ရှိပြီး မယ်ခေါင်ရပ်ကွက်အတွင်းရှိသည့် ချစ်ကြည်ရေးတံတား အမှတ်(၂)အား နှစ်နိုင်ငံ ကုန်စည်စီးဆင်းရန်သာ အသုံးပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း။ စောလှမင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~