ေက်ာက္မဲဆႏၵထုတ္ေဖာ္မႈမွာ ေဒသခံမ်ားႀကံဳေနရသည့္ လက္ေတြ႔အေျခအေနကို ေဖာ္ျပျခင္းသာျဖစ္ဟုဆို

ေက်ာက္မဲဆႏၵထုတ္ေဖာ္မႈမွာ ေဒသခံမ်ားႀကံဳေနရသည့္ လက္ေတြ႔အေျခအေနကို ေဖာ္ျပျခင္းသာျဖစ္ဟုဆို
ဇွန် 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း )ေက်ာက္မဲၿမိဳ႕ႏွင့္ အနီးဝန္းက်င္ေက်းရြာမ်ားက ဆႏၵထုတ္ေဖာ္ထုတ္မႈမွာ ေဒသတြင္း ႀကံဳေတြ႕ေနရသည့္ အေျခအေနကို ေဖာ္ျပျခင္းသာျဖစ္ၿပီး လူမ်ိဳးေရးအရ ရည္ရြယ္ျခင္း မဟုတ္ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲအား ဦးေဆာင္သူမ်ားက ေျပာလိုက္သည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ႏွင့္ အနီးဝန္းက်င္ေက်းရြာမ်ားက ေဒသခံမ်ားႏွင့္ ဗုဒၶဘာသာ ရဟန္းသံဃာမ်ားက ေမလ (၂၈)ရက္ေန႔က ေဒသတြင္း တုိက္ပြဲမ်ားရပ္တန္႔ေရး ဆႏၵထုတ္ေဖာ္ရာတြင္ တုိက္ပြဲျဖစ္ပြား ေနသည့္ လက္နက္ကိုင္အဖြဲ႕မ်ားအနက္  TNLA  တစ္ခုထဲကိုသာ ကန္႔ကြက္လိုက္သျဖင့္ ေဝဖန္မႈမ်ား ထြက္ေပၚခဲ့ျခင္းျဖစ္သည္။

"တစ္ဖက္ေဇာင္းနင္း ျဖစ္သြားတယ္ဆိုတဲ့ ကိစၥမွာ ဆႏၵျပတာက ဆရာေတာ္ပဲျဖစ္ျဖစ္၊ ရြာသူ၊ ရြာသားပဲျဖစ္ျဖစ္ ကၽြန္ေတာ္တုိ႔ ခံစားေနရတဲ့ ျပႆနာ အျဖစ္အပ်က္ကို မသိလို႔ပါ။ တကယ္ ႏိွဳက္ႏိွဳက္ခၽြတ္ခၽြတ္သိရင္ေတာ့ ဒီေလာက္ႀကီး ျဖစ္သြားလိမ့္မယ္လို႔ မထင္ဘူး။ “ဟု ဆႏၵျပပြဲတြင္ ဒုတိယဦးေဆာင္သူျဖစ္သည့္ ဦးစိုင္းလြမ့္ေခး က ေျပာသည္။

၎တို႔ အေနျဖင့္ ျပည္သူလူထုကို ထိခိုက္ႏိုင္သည့္ လက္နက္ကိုင္အဖြဲ႕အစည္းအားလံုးကို ကန္႔ကြက္ျခင္းသာ ျဖစ္ၿပီး  TNLA အား ကန္႔ကြက္ျခင္းမွာ  တအာင္းလူမ်ိဳးမ်ားအား ကန္႔ကြက္ျခင္းမဟုတ္ေၾကာင္း ၎ကဆိုသည္။

“ခုလက္ရွိ ျပည္သူလူထုကို ထိခိုက္ႏိုင္တဲ့ လက္နက္ကိုင္အဖြဲ႕အစည္းအားလံုးကို ကန္႔ကြက္ပါတယ္။  TNLA လို႔ေျပာတယ္။  ဒါက ပေလာင္ေတြကို ကၽြန္ေတာ္တို႔ မုန္းတာမဟုတ္ပါဘူး။ ပေလာင္တိုင္းရင္းသားနဲ႔ ရွမ္းတိုင္းရင္းသားေတြဟာ ေရွးနွစ္ေပါင္းမ်ားစြာ ကတည္းက အတူ တူေနလာတဲ႔အတြက္ ခိုင္မာတဲ့ ယံုၾကည္ခ်က္ ေတြရွိတယ္။ ေပါင္းသင္းဆက္ဆံေရးလည္း ေကာင္းတယ္။”ဟု ဦးစိုင္းလြမ့္ေခး က ေျပာသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္ပြဲအၿပီး  လူမႈကြန္ရက္စာမ်က္ႏွာ ျဖစ္သည့္ ေဖ့စ္ဘုတ္တြင္ ေဝဖန္မႈမ်ား ျမင့္လာၿပီးေနာက္ တအာင္းအဖြဲ႕အစည္းျဖစ္သည့္ ပေလာင္လြတ္ေျမာက္ေရးတပ္ဦး  (PSLF)ကလည္း တအာင္းလူမ်ိဳးမ်ားအေနျဖင့္ လူမ်ိဳးေရးပဋိပကၡအား ေရွာင္လႊဲၾကေစရန္ ထုတ္ျပန္ခ်က္ တစ္ေစာင္ကို  ေမ လ (၂၈)ရက္မွာပင္ ထုတ္ျပန္လုိက္သည္ကို ေတြ႔ရသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္မႈသည္ ႏုိင္ငံေရးျပႆနာအား လူမ်ိဳးေရးအသြင္ေဆာင္သြားသျဖင့္ ျပည္သူမ်ား အေနျဖင့္လည္း အသံုးအႏႈန္းမ်ားအား သတိထားသံုးစြဲသင့္ေၾကာင္း တအာင္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႕က တိုက္တြန္းလိုက္သည္။

 “ဒီကိစၥနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တို႔ စိုးရိမ္မိပါတယ္။ ဒါက ႏုိင္ငံေရးအရ ေဖာ္ေဆာင္တာမဟုတ္ဘဲ လူမ်ိဳးေရးအရ လုပ္ေဆာင္သလို ျဖစ္ေနတာေပါ့ေနာ္။ လူမ်ိဳးေရး ပဋိပကၡကို ျဖစ္ေစတယ္လို႔ျမင္တယ္။ ဒီသတင္း ေဖ့စ္ဘုတ္မွာ ေရာက္လာၿပီးကတည္းက တအာင္းေတြဘက္ကလည္း အၿပိဳင္အဆိုင္ျပမယ္ ဆိုတာေတြ ျဖစ္လာတယ္။ ဒါမ်ိဳးေတြ ျဖစ္မလာဖို႔ ကၽြန္ေတာ္တို႔ အခ်ိန္မီ ထိန္းသိမ္းရပါတယ္။”ဟု တအာင္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႕မွ မိုင္းမ်ိဳးေအာင္က ဆိုသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္ပြဲမွာ ျဖစ္ေနသည့္ အေၾကာင္းရင္းမ်ားထက္ လက္ေတြ႕ေဒသခံမ်ားႀကံဳေနရသည့္ အေျခအေနအား ေဖာ္ျပရာမွ တဖက္ေစာင္းနင္းပံုစံျဖစ္သြားျခင္းျဖစ္သည္ဟု ရွမ္းလူငယ္အဖြဲ႕က ေထာက္ျပလိုက္သည္။

“ပထမအေနနဲ႔ စစ္ပြဲရပ္တန္႔ေစခ်င္တဲ့ ျပည္သူေတြရဲ႕ဆႏၵကို အသိအမွတ္ျပဳရမွာျဖစ္ပါတယ္။ ဒုတိယတစ္ခုအေနနဲ႔ ကေတာ့ ျဖစ္တဲ့ကိစၥမွာ ျပည္သူလူထုရဲ႕အျမင္က အေျဖမွန္ကို မေဖာ္ထုတ္ဘဲနဲ႔ ျမင္ေနတာလို႔ သံုးသပ္မိတယ္။ ဒီတုိက္ပြဲေတြမွာဆို ပါဝင္ေနတဲ့ အဖြဲ႕ေတြမွာ RCSS  ရိွမယ္။ ျမန္မာ့ တပ္မေတာ္ရိွမယ္။  TNLA ရိွမယ္။  ဒါေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းေတြကို ျပည္သူေတြက ေကာင္းေကာင္းမသိဘူး။ သူတို႔လက္ေတြ႕ ႀကံဳေနရတာကိုပဲ ေဖာ္ျပတာေၾကာင့္ အခုလိုျဖစ္တယ္လို႔ ျမင္ပါတယ္။ ေနာက္တစ္ခုက ဒီေနာက္ကြယ္မွာ သူ႔အက်ိဳး၊ ကိုယ့္အက်ိဳးအတြက္ ကစားေနတဲ့ အဖြဲ႕ေတြလည္း ရိွမယ္လို႔ ျမင္တယ္”ဟု  ရွမ္းလူငယ္အဖြဲ႕၏ ဆက္ဆံေရး တာဝန္ခံျဖစ္တဲ့  စိုင္းဦး က ဆိုသည္။

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)တြင္ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ား ရပ္တန္႔ေပးရန္ ေက်ာက္မဲၿမိဳ႕ႏွင့္ အနီးဝန္က်င္ရွိ ေက်းရြာမ်ားမွ ေဒသခံမ်ား၊ သံဃာေတာ္မ်ားအပါအဝင္ စုစုေပါင္းအင္အား (၃၅၀၀)ေက်ာ္က  ေမလ (၂၈) ရက္တြင္ ေက်ာက္မဲၿမိဳ႕အတြင္း စီတန္းလွည့္လည္ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္။

“ကၽြန္ေတာ္ျဖစ္ခ်င္တာ  လူမ်ိဳးတစ္မ်ိဳးထဲမဟုတ္ဘူးဗ်။  ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းမဆို ဆက္ေၾကးေကာက္တယ္။  လူသစ္စုေဆာင္းတယ္။  ဒီဟာက ျပည္သူလူထုကို ဝန္ထုပ္ဝန္ပိုးျဖစ္ေစတယ္။ တိုက္ပြဲေတြရပ္ဖို႔၊ ၿငိမ္းခ်မ္းဖို႔၊ တိုက္ပြဲျဖစ္တဲ့အခါ ေက်းရြာျပည္သူေတြ ခံစားေနရတာေတြ သိရိွၿပီး ေလ်ာ့ပါးဖို႔အတြက္ စီတန္းေတာင္းဆိုတာပါ”ဟု ဆႏၵထုတ္ေဖာ္မႈတြင္ ပါဝင္သည့္ ကိုသားေဇာ္က ေျပာသည္။

ေဝဖန္သံမ်ားထြက္ေပၚခဲ့ေသာ္လည္း ၎တို႔၏ ဆႏၵထုတ္ေဖာ္မႈမွ ရလဒ္ေကာင္းမ်ား ရရိွရန္ ေမွ်ာ္လင့္ထားေၾကာင္း ဆႏၵထုတ္ေဖာ္မႈအား ဦးေဆာင္ခဲ့သူမ်ားထဲတြင္ပါဝင္သည့္ ဦးစိုင္းလြမ့္ေခး ကဆိုသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း )ေက်ာက္မဲၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ TNLA အဖြဲ႕မ်ား မၾကာခဏ တုိက္ပြဲမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

သတင္း။  ။ ေအာင္ျပည့္(လားရႈိး)

............

ရှမ်းပြည်နယ်(မြောက်ပိုင်း )ကျောက်မဲမြို့နှင့် အနီးဝန်းကျင်ကျေးရွာများက ဆန္ဒထုတ်ဖော်ထုတ်မှုမှာ ဒေသတွင်း ကြုံတွေ့နေရသည့် အခြေအနေကို ဖော်ပြခြင်းသာဖြစ်ပြီး လူမျိုးရေးအရ ရည်ရွယ်ခြင်း မဟုတ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူများက ပြောလိုက်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ နှင့် အနီးဝန်းကျင်ကျေးရွာများက ဒေသခံများနှင့် ဗုဒ္ဓဘာသာ ရဟန်းသံဃာများက မေလ (၂၈)ရက်နေ့က ဒေသတွင်း တိုက်ပွဲများရပ်တန့်ရေး ဆန္ဒထုတ်ဖော်ရာတွင် တိုက်ပွဲဖြစ်ပွား နေသည့် လက်နက်ကိုင်အဖွဲ့များအနက်ွဋ္ဌဗြ တစ်ခုထဲကိုသာ ကန့်ကွက်လိုက်သဖြင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

"တစ်ဖက်ဇောင်းနင်း ဖြစ်သွားတယ်ဆိုတဲ့ ကိစ္စမှာ ဆန္ဒပြတာက ဆရာတော်ပဲဖြစ်ဖြစ်၊ ရွာသူ၊ ရွာသားပဲဖြစ်ဖြစ် ကျွန်တော်တို့ ခံစားနေရတဲ့ ပြဿနာ အဖြစ်အပျက်ကို မသိလို့ပါ။ တကယ် နှိုက်နှိုက်ချွတ်ချွတ်သိရင်တော့ ဒီလောက်ကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ဘူး။ “ဟု ဆန္ဒပြပွဲတွင် ဒုတိယဦးဆောင်သူဖြစ်သည့် ဦးစိုင်းလွမ့်ခေး က ပြောသည်။

၎င်းတို့ အနဖြေင့် ပြည်သူလူထုကို ထိခိုက်နိုင်သည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ကန့်ကွက်ခြင်းသာ ဖြစ်ပြီးွဋ္ဌဗြ အား ကန့်ကွက်ခြင်းမှာ တအာင်းလူမျိုးများအား ကန့်ကွက်ခြင်းမဟုတ်ကြောင်း၎င်းကဆိုသည်။

“ခုလက်ရှိ ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ကန့်ကွက်ပါတယ်။ွဋ္ဌဗြ လို့ပြောတယ်။ ဒါက ပလောင်တွေကို ကျွန်တော်တို့ မုန်းတာမဟုတ်ပါဘူး။ ပလောင်တိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသားတွေဟာ ရှေးနှစ်ပေါင်းများစွာ ကတည်းက အတူ တူနေလာတဲ့အတွက် ခိုင်မာတဲ့ ယုံကြည်ချက် တွေရှိတယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတယ်။”ဟု ဦးစိုင်းလွမ့်ခေး က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအပြီး လူမှုကွန်ရက်စာမျက်နှာ ဖြစ်သည့် ဖေ့စ်ဘုတ်တွင် ဝေဖန်မှုများ မြင့်လာပြီးနောက် တအာင်းအဖွဲ့အစည်းဖြစ်သည့် ပလောင်လွတ်မြောက်ရေးတပ်ဦး (ဏှဋ္ဌ်)ကလည်း တအာင်းလူမျိုးများအနဖြေင့် လူမျိုးရေးပဋိပက္ခအား ရှောင်လွှဲကြစေရန် ထုတ်ပြန်ချက် တစ်စောင်ကို မေ လ (၂၈)ရက်မှာပင် ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် နိုင်ငံရေးပြဿနာအား လူမျိုးရေးအသွင်ဆောင်သွားသဖြင့် ပြည်သူများ အနဖြေင့်လည်း အသုံးအနှုန်းများအား သတိထားသုံးစွဲသင့်ကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့က တိုက်တွန်းလိုက်သည်။

 “ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒါက နိုင်ငံရေးအရ ဖော်ဆောင်တာမဟုတ်ဘဲ လူမျိုးရေးအရ လုပ်ဆောင်သလို ဖြစ်နေတာပေါ့နော်။ လူမျိုးရေး ပဋိပက္ခကို ဖြစ်စေတယ်လို့မြင်တယ်။ ဒီသတင်း ဖေ့စ်ဘုတ်မှာ ရောက်လာပြီးကတည်းက တအာင်းတွေဘက်ကလည်း အပြိုင်အဆိုင်ပြမယ် ဆိုတာတွေ ဖြစ်လာတယ်။ ဒါမျိုးတွေ ဖြစ်မလာဖို့ ကျွန်တော်တို့ အချိန်မီ ထိန်းသိမ်းရပါတယ်။”ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ မိုင်းမျိုးအောင်က ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲမှာ ဖြစ်နေသည့် အကြောင်းရင်းများထက် လက်တွေ့ဒေသခံများကြုံနေရသည့် အခြေအနေအား ဖော်ပြရာမှ တဖက်စောင်းနင်းပုံစံဖြစ်သွားခြင်းဖြစ်သည်ဟု ရှမ်းလူငယ်အဖွဲ့က ထောက်ပြလိုက်သည်။

“ပထမအနေနဲ့ စစ်ပွဲရပ်တန့်စေချင်တဲ့ ပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ကတော့ ဖြစ်တဲ့ကိစ္စမှာ ပြည်သူလူထုရဲ့အမြင်က အဖြေမှန်ကို မဖော်ထုတ်ဘဲနဲ့ မြင်နေတာလို့ သုံးသပ်မိတယ်။ ဒီတိုက်ပွဲတွေမှာဆို ပါဝင်နေတဲ့ အဖွဲ့တွေင်္မှာီဃှ ရှိမယ်။ မြန်မာ့ တပ်မတော်ရှိမယ်။ွဋ္ဌဗြ ရှိမယ်။ ဒါတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို ပြည်သူတွေက ကောင်းကောင်းမသိဘူး။ သူတို့လက်တွေ့ ကြုံနေရတာကိုပဲ ဖော်ပြတာကြောင့် အခုလိုဖြစ်တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက ဒီနောက်ကွယ်မှာ သူ့အကျိုး၊ ကိုယ့်အကျိုးအတွက် ကစားနေတဲ့ အဖွဲ့တွေလည်း ရှိမယ်လို့ မြင်တယ်”ဟု ရှမ်းလူငယ်အဖွဲ့၏ ဆက်ဆံရေး တာဝန်ခံဖြစ်တဲ့ စိုင်းဦး က ဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်ပေးရန် ကျောက်မဲမြို့နှင့် အနီးဝန်ကျင်ရှိ ကျေးရွာများမှ ဒေသခံများ၊ သံဃာတော်များအပါအဝင် စုစုပေါင်းအင်အား (၃၅၀၀)ကျော်က မေလ (၂၈) ရက်တွင် ကျောက်မဲမြို့အတွင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်ဖြစ်ချင်တာ လူမျိုးတစ်မျိုးထဲမဟုတ်ဘူးဗျ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဆက်ကြေးကောက်တယ်။ လူသစ်စုဆောင်းတယ်။ ဒီဟာက ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ တိုက်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းဖို့၊ တိုက်ပွဲဖြစ်တဲ့အခါ ကျေးရွာပြည်သူတွေ ခံစားနေရတာတွေ သိရှိပြီး လျော့ပါးဖို့အတွက် စီတန်းတောင်းဆိုတာပါ”ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ကိုသားဇော်က ပြောသည်။

ဝေဖန်သံများထွက်ပေါ်ခဲ့သော်လည်း၎င်းတို့၏ ဆန္ဒထုတ်ဖော်မှုမှ ရလဒ်ကောင်းများ ရရှိရန် မျှော်လင့်ထားကြောင်း ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်ခဲ့သူများထဲတွင်ပါဝင်သည့် ဦးစိုင်းလွမ့်ခေး ကဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း )ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့်ွဋ္ဌဗြ အဖွဲ့များ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနခြေင်းဖြစ်သည်။

သတင်း။ အောင်ပြည့်(လားရှိုး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~