ခရမ္းစြဲ ၾကက္သြန္ျဖဴ လစဥ္ တန္ခ်ိန္ (၁၀၀)ေက်ာ္ တာခ်ီလိတ္နယ္စပ္ဂိတ္မွ တင္ပို႔ေန

ခရမ္းစြဲ ၾကက္သြန္ျဖဴ လစဥ္ တန္ခ်ိန္ (၁၀၀)ေက်ာ္ တာခ်ီလိတ္နယ္စပ္ဂိတ္မွ တင္ပို႔ေန
ဇွန် 17, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၇)ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း) မ်ိဳးရင္းျဖစ္သည့္ ခရမ္းစြဲၾကက္သြန္ျဖဴမ်ားအား ႏိုင္ငံျခားပို႔ကုန္အျဖစ္ ထိုင္းႏိုင္ငံသို႔ တင္ပို႔လွ်က္ရွိရာ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္အတြင္း လစဥ္ ပ်မ္းမွ် တန္ခ်ိန္(၁၀၀)ေက်ာ္တင္ပို႔ႏိုင္ခဲ့ၿပီး ပိုမိုတင္ပို႔ႏိုင္ရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ သိရသည္။

"အခု ၾကက္သြန္ျဖဴ ကေတာ့ ပံုမွန္တင္ပို႔ေနတာျဖစ္ပါတယ္။ (၂)လအတြင္း တန္ခ်ိန္(၂၀၀)ေက်ာ္ တင္ပို႔ၿပီးပါၿပီ။ ဒီထက္ပိုၿပီး တင္ပို႔ႏိုင္ဖို႔ ကုန္သည္ေတြနဲ႔ ေျပာထားပါတယ္ "ဟု တာခ်ီလိတ္နယ္စပ္ ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးစိုးလြင္က ေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ၾကက္သြန္ျဖဴမ်ားအား တာခ်ီလိတ္မွတစ္ဆင့္ ထုိင္းႏိုင္ငံသို႔ တင္ပို႔လွ်က္ရွိရာ တာခ်ီလိိတ္-က်ိုဳင္းတံု လမ္းေၾကာင္း ႏွင့္ တာခ်ီလိတ္- မိုင္းဆတ္လမ္းေၾကာင္းမ်ားမွလည္း ၀င္ေရာက္မႈ ရွိေၾကာင္းႏွင့္ ဧၿပီလအတြင္း ထိုင္းႏိုင္ငံသို႔ ၾကက္သြန္ျဖဴ တင္ပို႔မႈအေျခအေနမွာ တန္ခ်ိန္(၁၀၀)ရွိၿပီး ေမလတြင္ တန္ခ်ိန္(၁၀၆.၅)တန္ တင္ပို႔ခဲ့ၿပီးျဖစ္ေၾကာင္း တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္း၏ ကုန္သြယ္မႈ စာရင္းမ်ားအရ သိရသည္။

"ထိုင္းႏိုင္ငံက ဒီၾကက္သြန္ျဖဴေတြကို အလွကုန္ပစၥည္းနဲ႔ တျခားေဆး၀ါးေတြမွာ အသံုးျပဳဖို႔ ၀ယ္ယူတာပါ။ ဒီၾကက္သြန္ျဖဴေတြကေတာ့ ရွမ္းျပည္နယ္(ေတာင္ပိုင္း) လဲခ်ား၊ မိုးနဲ၊ မိုင္းကိုင္ၿမိဳ႕နယ္ေတြဘက္ကပါ ၊ တန္ခ်ိန္ (၁၀၀၀)ေက်ာ္တင္ပို႔ဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္"ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္မ်ား အသင္းမွ ရံုးအဖြဲ႕မွဴး ဦးေက်ာ္ေဆြက ေျပာသည္။

ထိုင္းႏိုင္ငံသို႔ တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ အဓိက ပို႔ကုန္အျဖစ္ လယ္ယာ ထြက္ကုန္မ်ားျဖစ္ေသာ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ သစ္ေခါက္၊ ေထာပတ္သီးတို႔ကို အဓိက တင္ပို႔လွ်က္ရွိၿပီး ထုိင္းႏိုင္ငံမွ သြင္းကုန္မ်ားအျဖစ္ ေဆာက္လုပ္ေရးလုပ္ငန္းသံုး သံေခ်ာင္း၊ ဘိလပ္ေျမႏွင့္ ေလာင္စာဆီမ်ား တင္သြင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

.....................
တာချီလိတ်၊ ဇွန်လ(၁၇)ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) မျိုးရင်းဖြစ်သည့် ခရမ်းစွဲကြက်သွန်ဖြူများအား နိုင်ငံခြားပို့ကုန်အဖြစ် ထိုင်းနိုင်ငံသို့ တင်ပို့လျှက်ရှိရာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လစဉ် ပျမ်းမျှ တန်ချိန်(၁၀၀)ကျော်တင်ပို့နိုင်ခဲ့ပြီး ပိုမိုတင်ပို့နိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

"အခု ကြက်သွန်ဖြူ ကတော့ ပုံမှန်တင်ပို့နေတာဖြစ်ပါတယ်။ (၂)လအတွင်း တန်ချိန်(၂၀၀)ကျော် တင်ပို့ပြီးပါပြီ။ ဒီထက်ပိုပြီး တင်ပို့နိုင်ဖို့ ကုန်သည်တွေနဲ့ ပြောထားပါတယ် "ဟု တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကြက်သွန်ဖြူများအား တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျှက်ရှိရာ တာချီလိတ်-ကျိုင်းတုံ လမ်းကြောင်း နှင့် တာချီလိတ်- မိုင်းဆတ်လမ်းကြောင်းများမှလည်း ဝင်ရောက်မှု ရှိကြောင်းနှင့် ဧပြီလအတွင်း ထိုင်းနိုင်ငံသို့ ကြက်သွန်ဖြူ တင်ပို့မှုအခြေအနေမှာ တန်ချိန်(၁၀၀)ရှိပြီး မေလတွင် တန်ချိန်(၁၀၆.၅)တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

"ထိုင်းနိုင်ငံက ဒီကြက်သွန်ဖြူတွေကို အလှကုန်ပစ္စည်းနဲ့ တခြားဆေးဝါးတွေမှာ အသုံးပြုဖို့ ဝယ်ယူတာပါ။ ဒီကြက်သွန်ဖြူတွေကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချား၊ မိုးနဲ၊ မိုင်းကိုင်မြို့နယ်တွေဘက်ကပါ၊ တန်ချိန် (၁၀၀၀)ကျော်တင်ပို့ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်"ဟု တာချီလိတ်နယ်စပ်ကုန်သည်များ အသင်းမှ ရုံးအဖွဲ့မှူး ဦးကျော်ဆွေက ပြောသည်။

ထိုင်းနိုင်ငံသို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အဓိက ပို့ကုန်အဖြစ် လယ်ယာ ထွက်ကုန်များဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သစ်ခေါက်၊ ထောပတ်သီးတို့ကို အဓိက တင်ပို့လျှက်ရှိပြီး ထိုင်းနိုင်ငံမှ သွင်းကုန်များအဖြစ် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်း၊ ဘိလပ်မြေနှင့် လောင်စာဆီများ တင်သွင်းနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~