မိုင္းျဖတ္ၿမိဳ႕ ဝမ္ေနာင္ ေက်းရြာတြင္ ရက္ (၁၀၀)စီမံခ်က္ျဖင့္ ေက်းရြာေျမငွား ဂရမ္ထုတ္ေပးမည္

မိုင္းျဖတ္ၿမိဳ႕ ဝမ္ေနာင္ ေက်းရြာတြင္ ရက္ (၁၀၀)စီမံခ်က္ျဖင့္ ေက်းရြာေျမငွား ဂရမ္ထုတ္ေပးမည္
ဇွန် 16, 2016
By Tachileik News Agency

မိုင္းျဖတ္၊ ဇြန္လ(၁၆)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္ ၊ မိုင္းျဖတ္ၿမိဳ႕နယ္ ၊ မိုင္းျဖတ္ေက်းရြာအုပ္စု ၊ ဝမ္ေနာင္ေက်းရြာတြင္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန မွ ရက္(၁၀၀)စီမံခ်က္ျဖင့္ ေက်းရြာေျမငွားဂရမ္ ထုတ္ေပးေရး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန  ရက္(၁၀၀)စီမံခ်က္န႔ဲ  ဒီဝမ္ေနာင္ေက်းရြာကို ေက်းရြာေျမငွားဂရမ္ ထုတ္ေပးႏိုင္ေရး စီစဥ္ေဆာင္ရြက္ေနျခင္း ျဖစ္ပါတယ္။ ေျမငွားဂရမ္နဲ႔ သက္ဆိုင္တဲ့ စာရြက္စာတမ္းမ်ားကို သက္ဆိုင္ရာဌာနမ်ားက မိဘျပည္သူမ်ားကို ေဆာင္ရြက္ျပဳလုပ္ေပးသြားမွာျဖစ္ပါတယ္။ ေျမခြန္ အျဖစ္ ေပ(၆၀ × ၄၀) အတြက္  တစ္ႏွစ္ကို ေျမငွားခ  က်ပ္သံုးရာေပးေဆာင္ရမွာျဖစ္ပါတယ္ "ဟု မိုင္းျဖတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္က ေျပာသည္။

အဆိုပါ စီမံခ်က္ေဆာင္ရြက္ႏုိင္ေရးအတြက္ ဇြန္လ (၁၃) ရက္က ဝမ္ေနာင္ေက်းရြာတြင္ မိုင္းျဖတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအားကို၊  လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနမွ   ၿမိဳ႕နယ္ဦးစီးမွဴး  ဦးထြန္းထြန္းႏိုင္၊ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ  ၿမိဳ႕နယ္ဦးစီးမွဴး  ဦးထြန္းလင္း ႏွင့္ ၿမိဳ႕နယ္အေထာက္အကူျပဳအဖြဲ႔မ်ား၊ ေဒသခံမ်ား စုစုေပါင္း အင္အား (၁၂၀)ခန္႔ တက္ေရာက္ၿပီး ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

"ကြ်န္ေတာ္တို႔ အေနနဲ႔ကေတာ့ အရင္က ေျမငွားဂရမ္ေလွ်ာက္ထားရမွာကိုလည္း မသိခဲ့ပါဘူး။ ေလွ်ာက္ထားရင္လည္း ေငြေၾကးအကုန္အက်မ်ားမယ္လို႔ ထင္ခဲ့ပါတယ္။ "ဟု ဝမ္ေနာင္ေက်းရြာေန ဦးစိုင္းခမ္းက ေျပာသည္။

ေျမငွားဂရမ္ထုတ္ေပးေရးအတြက္  ေျမကြက္မ်ားအား ေျမတိုင္းစာေရးမ်ားျဖင့္ တိုင္းတာျခင္း၊ လိုအပ္သည့္ စာရြက္စာတမ္းထုတ္ေပးျခင္းတို႔ကို လုပ္ေဆာင္ေပးသြားမယ္လို႔ ၿမိဳ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ သိရွိရသည္။

သတင္း။  ။ ကိုသာ

......................

မိုင်းဖြတ်၊ ဇွန်လ(၁၆)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှါးဂရမ် ထုတ်ပေးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရက်(၁၀၀)စီမံချက်နဲ့ ဒီဝမ်နောင်ကျေးရွာကို ကျေးရွာမြေငှါးဂရမ် ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နခြေင်း ဖြစ်ပါတယ်။ မြေငှါးဂရမ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းများကို သက်ဆိုင်ရာဌာနများက မိဘပြည်သူများကို ဆောင်ရွက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ မြေခွန် အဖြစ် ပေ(၆၀ × ၄၀) အတွက် တစ်နှစ်ကို မြေငှါးခ ကျပ်သုံးရာပေးဆောင်ရမှာဖြစ်ပါတယ် "ဟု မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ပြောသည်။

အဆိုပါ စီမံချက်ဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ (၁၃) ရက်က ဝမ်နောင်ကျေးရွာတွင် မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်း နှင့် မြို့နယ်အထောက်အကူပြုအဖွဲ့များ၊ ဒေသခံများ စုစုပေါင်း အင်အား (၁၂၀)ခန့် တက်ရောက်ပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ကတော့ အရင်က မြေငှါးဂရမ်လျှောက်ထားရမှာကိုလည်း မသိခဲ့ပါဘူး။ လျှောက်ထားရင်လည်း ငွေကြေးအကုန်အကျများမယ်လို့ ထင်ခဲ့ပါတယ်။ "ဟု ဝမ်နောင်ကျေးရွာနေ ဦးစိုင်းခမ်းက ပြောသည်။

မြေငှါးဂရမ်ထုတ်ပေးရေးအတွက် မြေကွက်များအား မြေတိုင်းစာရေးများဖြင့် တိုင်းတာခြင်း၊ လိုအပ်သည့် စာရွက်စာတမ်းထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးသွားမယ်လို့ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

သတင်း။ ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~