တာခ်ီလိတ္အတြင္းရွိ က်ဴးေက်ာ္တဲမ်ား ၂၀၁၆ အတြင္း ဖယ္ရွားမည္

တာခ်ီလိတ္အတြင္းရွိ က်ဴးေက်ာ္တဲမ်ား ၂၀၁၆ အတြင္း ဖယ္ရွားမည္
ဇွန် 20, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၀)ရက္
တာခ်ီလိတ္ၿမိဳ႕ရွိ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုႏွင့္ ၿမိဳ႕ကြက္သစ္(စ်)အတြင္ရွိ က်ဴးေက်ာ္တဲမ်ားအား ၂၀၁၆ ခုႏွစ္အတြင္း ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

က်ဴးေက်ာ္တဲမ်ား ဖယ္ရွားမႈမ်ား ျပဳလုပ္ျခင္းႏွင့္ ပါတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ရွိ လြႊတ္ေတာ္(၃)ရပ္မွ ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆံုပြဲတြင္ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

"ဒီလိုဖယ္ရွားဖို႔ဆိုရင္ အရပ္ဖက္အဖြဲ႕အစည္းနဲ႔ လြႊတ္ေတာ္ကိုယ္စားလွယ္ႀကီးေတြရဲ႕ အကူအညီလည္း လိုအပ္တယ္။ မဟုတ္ရင္ ကၽြန္ေတာ္တို႔ က်ဴးေက်ာ္တဲ ဖ်က္စီးခံရတဲ့ မိသားစုေတြက ျပည္သူေတြကို အတင္းအဓမၼ ဖယ္ရွားေနပါတယ္ဆိုၿပီး ေျပာလာမွာေတြ ရွိတယ္။ ဖယ္ရွားမွာကေတာ့ ဥပေဒနဲ႔အညီ လုပ္ထံုးလုပ္နည္း အတိုင္း လုပ္မွာပါပဲ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ေျပာသည္။

က်ဳးေက်ာ္တဲမ်ား ဖယ္ရွားသြားရန္ ခရိုင္အဆင့္ႏွင့္ ရွမ္းျပည္နယ္အစိုးရထံသို႔ တင္ျပၿပီး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

က်ဴးေက်ာ္တဲမ်ား ဖယ္ရွားရာတြင္ ဦးစားေပးအဆင့္ အေနျဖင့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရွိ မယ္ဆိုင္ေခ်ာင္းေဘး တစ္ေလွ်ာက္ႏွင့္ ဒုတိယအဆင့္ အေနျဖင့္ ၿမိဳ႕ကြက္သစ္ ေဖၚေဆာင္ထားသည့္ အပိုင္း(စ်)အတြင္း ေဆာင္ရြက္သြားမွာျဖစ္ျဖစ္ေၾကာင္းႏွင့္  တာခ်ီလိတ္ၿမိဳ႕တြင္ က်ဴးေက်ာ္ အိမ္ေထာင္စုေပါင္း (၈၀)ခန္႔ရိွေနေၾကာင္း သိရွိရသည္။

သတင္း။  ။ ကိုဇက္
.............................

တာချီလိတ်၊ ဇွန်လ(၂၀)ရက်
တာချီလိတ်မြို့ရှိ လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် မြို့ကွက်သစ်(ဈ)အတွင်ရှိ ကျူးကျော်တဲများအား ၂၀၁၆ ခုနှစ်အတွင်း ဖယ်ရှားသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျူးကျော်တဲများ ဖယ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ပါတ်သက်၍ တာချီလိတ်မြို့ရှိ လွှတ်တော်(၃)ရပ်မှ ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ဒီလိုဖယ်ရှားဖို့ဆိုရင် အရပ်ဖက်အဖွဲ့အစည်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေရဲ့ အကူအညီလည်း လိုအပ်တယ်။ မဟုတ်ရင် ကျွန်တော်တို့ ကျူးကျော်တဲ ဖျက်စီးခံရတဲ့ မိသားစုတွေက ပြည်သူတွေကို အတင်းအဓမ္မ ဖယ်ရှားနေပါတယ်ဆိုပြီး ပြောလာမှာတွေ ရှိတယ်။ ဖယ်ရှားမှာကတော့ ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်း အတိုင်း လုပ်မှာပါပဲ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

ကျုးကျော်တဲများ ဖယ်ရှားသွားရန် ခရိုင်အဆင့်နှင့် ရှမ်းပြည်နယ်အစိုးရထံသို့ တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျူးကျော်တဲများ ဖယ်ရှားရာတွင် ဦးစားပေးအဆင့် အနဖြေင့် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ မယ်ဆိုင်ချောင်းဘေး တစ်လျှောက်နှင့် ဒုတိယအဆင့် အနဖြေင့် မြို့ကွက်သစ် ဖော်ဆောင်ထားသည့် အပိုင်း(ဈ)အတွင်း ဆောင်ရွက်သွားမှာဖြစ်ဖြစ်ကြောင်းနှင့် တာချီလိတ်မြို့တွင် ကျူးကျော် အိမ်ထောင်စုပေါင်း (၈၀)ခန့်ရှိနေကြောင်း သိရှိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~