(၁၀)ရက္အၾကာ ေနအိမ္မျပန္လာသည့္ လူငယ္တစ္ဦး၊ တာခ်ီလိတ္သတင္းေအဂ်င္စီ၏ ေဖာ္ျပမႈေၾကာင့္ ေနအိမ္သို႔ ျပန္ေရာက္

(၁၀)ရက္အၾကာ ေနအိမ္မျပန္လာသည့္ လူငယ္တစ္ဦး၊ တာခ်ီလိတ္သတင္းေအဂ်င္စီ၏ ေဖာ္ျပမႈေၾကာင့္ ေနအိမ္သို႔ ျပန္ေရာက္
ဇွန် 16, 2016
By Tachileik News Agency

၂၀၁၆ ခုႏွစ္ ဇြန္ လ(၇)ရက္ေန႔က ေနအိမ္မွထြက္ခြာသြားၿပီး ျပန္လည္ေရာက္ရွိလာျခင္း မရွိေသးသည့္ ေမာင္စိုင္းေအာင္၀မ္းအား ေစ်းသည္ျဖစ္သူ မိခင္မွ ပူပင္ေသာကေရာက္ေနရာ အိမ္နီးခ်င္းမိတ္ေဆြ မွ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၁၅)ရက္ေန႔က ဆက္သြယ္လာၿပီး လူေပ်ာက္အျဖစ္ သတင္းတြင္ ေၾကာ္ျငာေပးဖို႔ အကူအညီေတာင္းခံလာသျဖင့္ တာခ်ီလိတ္သတင္းေအဂ်င္စီမွ ယေန႔ ဇြန္ လ(၁၆)ရက္ေန႔တြင္ ေဖာ္ျပေပးလိုက္ရာ  ေမာင္စိုင္းေအာင္၀မ္း၏ သူငယ္ခ်င္းမ်ားမွ တာခ်ီလိတ္သတင္းေအဂ်င္စီတြင္ လူေပ်ာက္အျဖစ္ ေဖာ္ျပထားေၾကာင္းကို ေတြ႕ရွိၿပီး ေမာင္စိုင္းေအာင္၀မ္းအား တစ္ဆင့္ ျပန္လည္ေျပာျပရာမွ မိခင္မွ စိတ္ပူေနေၾကာင္းကို ၎မွ သိရ၍ ညေနပိုင္းမွာပင္ ေနအိမ္သို႔ ျပန္လာခဲ့ေၾကာင္း သိရသည္။

( တာခ်ီလိတ္သတင္းေအဂ်င္စီမွ စီးပြားေရးလုပ္ငန္းေၾကာ္ျငာမွ လြဲ၍ လူေပ်ာက္ေၾကာ္ျငာမ်ား ႏွင့္ အလုပ္အကိုင္ေၾကာ္ျငာမ်ားကို အခမဲ့ ေၾကာ္ျငာေပးလွ်က္ရွိပါသည္။ )

Facebook တြင္ ကာယကံရွင္ မိသားစုကိုယ္စား စိုးရိမ္စိတ္ျဖင့္ ၀ိုင္း၀န္း ရွယ္ ေပးၾကသူမ်ားကို ေက်းဇူးအထူးတင္ရွိပါသည္။

 ...................

၂၀၁၆ ခုနှစ် ဇွန် လ(၇)ရက်နေ့က နေအိမ်မှထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့် မောင်စိုင်းအောင်ဝမ်းအား ဈေးသည်ဖြစ်သူ မိခင်မှ ပူပင်သောကရောက်နေရာ အိမ်နီးချင်းမိတ်ဆွေ မှ တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၅)ရက်နေ့က ဆက်သွယ်လာပြီး လူပျောက်အဖြစ် သတင်းတွင် ကြော်ငြာပေးဖို့ အကူအညီတောင်းခံလာသဖြင့် တာချီလိတ်သတင်းအေဂျင်စီမှ ယနေ့ ဇွန် လ(၁၆)ရက်နေ့တွင် ဖော်ပြပေးလိုက်ရာ မောင်စိုင်းအောင်ဝမ်း၏ သူငယ်ချင်းများမှ တာချီလိတ်သတင်းအေဂျင်စီတွင် လူပျောက်အဖြစ် ဖော်ပြထားကြောင်းကို တွေ့ရှိပြီး မောင်စိုင်းအောင်ဝမ်းအား တစ်ဆင့် ပြန်လည်ပြောပြရာမှ မိခင်မှ စိတ်ပူနေကြောင်းကို၎င်းမှ သိရ၍ ညနေပိုင်းမှာပင် နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။

( တာချီလိတ်သတင်းအေဂျင်စီမှ စီးပွားရေးလုပ်ငန်းကြော်ငြာမှ လွဲ၍ လူပျောက်ကြော်ငြာများ နှင့် အလုပ်အကိုင်ကြော်ငြာများကို အခမဲ့ ကြော်ငြာပေးလျှက်ရှိပါသည်။ )

Facebook တွင် ကာယကံရှင် မိသားစုကိုယ်စား စိုးရိမ်စိတ်ဖြင့် ဝိုင်းဝန်း ရှယ် ပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net