ကျိုင်းလပ်ဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သီးနှံများအတွက် သီးနှံမျိုးစေ့များ အခမဲ့ ပေးအပ်

ကျိုင်းလပ်ဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သီးနှံများအတွက် သီးနှံမျိုးစေ့များ အခမဲ့ ပေးအပ်
ဇှနျ 1, 2016
By Tachileik News Agency

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စုမှ သီးနှံများအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် မျိုးစပါးများကို တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်က မိုင်းပါလျှိုးကျေးရွာအုပ်စုရှိ နမ့်ဝမ်းဘုရားရှိခိုးကျောင်းတွင် စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံကာ အခမဲ့ ထောက်ပံ့ပေးအပ်လိုက်ကြောင်း သိရသည်။



ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်လာသည့် ဒေသခံတောင်းသူများအား ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စုမှ သီးနှံများအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် မျိုးစပါးများကို တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်က မိုင်းပါလျှိုးကျေးရွာအုပ်စုရှိ နမ့်ဝမ်းဘုရားရှိခိုးကျောင်းတွင် စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ပေးအပ်လိုက်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သီးနှံများအတွက် တောင်သူများအား ယခုလို ထောက်ပံ့ပေးအပ်ခြင်းသည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး၊ ထောက်ပံ့ပေးအပ်ရာတွင် မြေပဲ၊ ပဲပုပ်၊ ဟင်းသီးဟင်းရွက်မျိုးစုံ မျိုးစေ့များ နှင့် မျိုးစပါးများ ပါဝင်ပြီး တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ အစေ့ထုတ် ပြောင်းမျိုးစေ့ ကီလို(၉၀၀)ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း နှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျိုင်းလပ်မြို့မှ ဌာနဆိုင်ရာ တာဝန်ခံများနှင့် ဒေသခံ တိုင်းရင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်လာသည့် ဒေသခံတောင်းသူများအား ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ပေးေဝခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~