တာခ်ီလိတ္၌ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕အား ယာယီဖြဲ႔စည္းထား

တာခ်ီလိတ္၌ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕အား ယာယီဖြဲ႔စည္းထား
ဇွန် 2, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕၏ ဥကၠဌမ်ား ႏွင့္ ဆပ္ေကာ္မတီဥကၠဌမ်ားအား ဇြန္ လ (၂)ရက္ေန႔ ညေနပိုင္းက မကာဟိုခမ္းရပ္ကြက္ရွိ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ ေရြးခ်ယ္ပြဲ အခမ္းအနားျဖင့္ ျပဳလုပ္ကာ အဖြဲ႕ကို ယာယီ ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

"ကၽြန္မတို႔အေနနဲ႔ ဗမာမႈကိုျမတ္ႏိုးလို႔ ဒီအဖြဲ႕ကို ဖြဲ႕စည္းျခင္းျဖစ္ပါတယ္။ ရွင္းရွင္းေလးပါပဲ ဘာအေရာင္ အေသြးမွ ပါ၀င္မွာ မဟုတ္ပါဘူး။ မိဘ ႏွစ္ပါးမွ ဗမာေသြး(၅၀)ရာခိုင္ႏႈန္းပါရင္ အဲဒီဗမာကိုပဲအေျခခံၿပီး ဒီအဖြဲ႕ကိုဖြဲ႕မွာ။ ဗမာ - ကရင္ ေမြးရင္လည္း ဗမာေသြးပါလို႔ ဒီအဖြဲ႕မွာ လက္ခံသြားမွာပါ။ ဗမာမဟုတ္ေသာ အျခားတိုင္းရင္းသားမ်ား ပါခ်င္တယ္ဆိုလည္း ပံ့ပိုးမႈ ဆပ္ေကာ္မတီ အေနနဲ႔ ဖြဲ႕စည္းၿပီးေတာ့ အျခားတိုင္းရင္းသားေတြႏွင့္ ယဥ္ေက်းမႈ ဖလွယ္ႏိုင္ဖို႔ ပူေပါင္းႏိုင္ဖို႔ ဖြဲ႕စည္းသြားမွာပါ။"ဟု ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕ ယာယီ ဥကၠဌ ေဒၚခင္သန္းမူက ေျပာသည္။

အဆိုပါ ဗမာတိုင္းရင္းသားယဥ္ေက်းမႈ ယာယီအဖြဲ႕တြင္ နာယကမ်ား အေနျဖင့္ ဦးၾကည္ျမင့္ ၊ ဦးခ်ိဳသန္း ႏွင့္ ဦးခင္ေမာင္ျမင့္တို႔မွ လည္းေကာင္း ၊ ဥကၠဌကို ေဒၚခင္သန္းမူမွ လည္းေကာင္း ၊ ဥကၠဌ (၁)ကို ဦးထိန္မင္းမွ လည္းေကာင္း ၊ ဥကၠဌ(၂)ကို ေဒၚေမဇာျခည္လင္းမွ လည္းေကာင္း ၊ အတြင္းေရးမွဴးအျဖစ္ ကိုဆန္း၀င္း၊ အတြင္းေရးမွဴး(၁) (၂)တို႔ကို ျပည္ခိုင္ၿဖိဳးပါတီထဲမွ ဆက္လက္ေရြးခ်ယ္သြားမွာျဖစ္ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ဆပ္ေကာ္မတီမ်ားျဖစ္သည့္ ဗမာယဥ္ေက်းမႈပိုင္းဆိုင္ရာ ရိုးရာအစားအစာ ၊ ရိုးရာ၀တ္စားဆင္ယင္မႈ ၊ စည္းကမ္းပိုင္းဆိုင္ရာ ၊ ဘ႑ာေရးဆိုင္ရာ ၊ ပန္း(၁၀)မ်ိဳး ပညာဆိုင္ရာ ၊ စာေပဆိုင္ရာ ၊ ျပခန္းျပပြဲဆိုင္ရာ ၊ ေဖ်ာ္ေျဖေရးဆိုင္ရာ ၊ ႏိုင္ငံျခားဆက္ဆံေရးဆိုင္ရာမ်ား စသည့္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕ဆိုင္ရာ ဆပ္ေကာ္မတီ အသီးသီးတို႔၏ ဥကၠဌမ်ား ၊ အတြင္းေရးမွဴးမ်ားေရြးခ်ယ္၍ ယာယီဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ေဇာင္းညီ

.....................

တာချီလိတ်၊ ဇွန်လ(၂)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၏ ဥက္ကဌများ နှင့် ဆပ်ကော်မတီဥက္ကဌများအား ဇွန် လ (၂)ရက်နေ့ ညနေပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ရွေးချယ်ပွဲ အခမ်းအနားဖြင့် ပြုလုပ်ကာ အဖွဲ့ကို ယာယီ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

"ကျွန်မတို့အနေနဲ့ ဗမာမှုကိုမြတ်နိုးလို့ ဒီအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ ရှင်းရှင်းလေးပါပဲ ဘာအရောင် အသွေးမှ ပါဝင်မှာ မဟုတ်ပါဘူး။ မိဘ နှစ်ပါးမှ ဗမာသွေး(၅၀)ရာခိုင်နှုန်းပါရင် အဲဒီဗမာကိုပဲအခြေခံပြီး ဒီအဖွဲ့ကိုဖွဲ့မှာ။ ဗမာ - ကရင် မွေးရင်လည်း ဗမာသွေးပါလို့ ဒီအဖွဲ့မှာ လက်ခံသွားမှာပါ။ ဗမာမဟုတ်သော အခြားတိုင်းရင်းသားများ ပါချင်တယ်ဆိုလည်း ပံ့ပိုးမှု ဆပ်ကော်မတီ အနေနဲ့ ဖွဲ့စည်းပြီးတော့ အခြားတိုင်းရင်းသားတွေနှင့် ယဉ်ကျေးမှု ဖလှယ်နိုင်ဖို့ ပူပေါင်းနိုင်ဖို့ ဖွဲ့စည်းသွားမှာပါ။"ဟု ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ယာယီ ဥက္ကဌ ဒေါ်ခင်သန်းမူက ပြောသည်။

အဆိုပါ ဗမာတိုင်းရင်းသားယဉ်ကျေးမှု ယာယီအဖွဲ့တွင် နာယကများ အနဖြေင့် ဦးကြည်မြင့်၊ ဦးချိုသန်း နှင့် ဦးခင်မောင်မြင့်တို့မှ လည်းကောင်း၊ ဥက္ကဌကို ဒေါ်ခင်သန်းမူမှ လည်းကောင်း၊ ဥက္ကဌ (၁)ကို ဦးထိန်မင်းမှ လည်းကောင်း၊ ဥက္ကဌ(၂)ကို ဒေါ်ေမဇာခြည်လင်းမှ လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ကိုဆန်းဝင်း၊ အတွင်းရေးမှူး(၁) (၂)တို့ကို ပြည်ခိုင်ဖြိုးပါတီထဲမှ ဆက်လက်ရွေးချယ်သွားမှာဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဆပ်ကော်မတီများဖြစ်သည့် ဗမာယဉ်ကျေးမှုပိုင်းဆိုင်ရာ ရိုးရာအစားအစာ၊ ရိုးရာဝတ်စားဆင်ယင်မှု၊ စည်းကမ်းပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ပန်း(၁၀)မျိုး ပညာဆိုင်ရာ၊ စာပေဆိုင်ရာ၊ ပြခန်းပြပွဲဆိုင်ရာ၊ ဖျော်ဖြေရေးဆိုင်ရာ၊ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာများ စသည့် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးတို့၏ ဥက္ကဌများ၊ အတွင်းရေးမှူးများရွေးချယ်၍ ယာယီဖွဲ့စည်းခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net