မိခင္ျဖစ္သူ၏တိုင္ၾကားခ်က္ျဖင့္ မူးယစ္ေဆးျပားႏွစ္ေထာင္နွင့္အတူ သားျဖစ္သူအား ဖမ္းဆီးရမိ

မိခင္ျဖစ္သူ၏တိုင္ၾကားခ်က္ျဖင့္ မူးယစ္ေဆးျပားႏွစ္ေထာင္နွင့္အတူ သားျဖစ္သူအား ဖမ္းဆီးရမိ
မေ 19, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေမလ (၁၉) ရက္
သားျဖစ္သူ မူးယစ္ေဆး၀ါးေရာင္းခ်ေနေၾကာင္း မိခင္ျဖစ္သူ၏တိုင္ၾကားခ်က္ျဖင့္ စိတ္ၾကြမူးယစ္ေဆး၀ါး (၂၀၀၀)ျပားႏွင့္အတူ မူးယစ္ေဆးဝါးသံုးစြဲသူအား ဖမ္းဆီးရမိေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ သိရသည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕ မိုင္းခြန္အုပ္စု၊ ေနာင္လ်န္းေက်းရြာရွိေနအိမ္တြင္ သားျဖစ္သူ မူးယစ္ေဆးဝါးလက္ဝယ္ထားရိွေရာင္းခ်ေနသည္ဟု မိခင္ျဖစ္သူမွ အေၾကာင္းၾကားေသာေၾကာင့္ ေမလ (၁၇) ရက္က သြားေရာက္ဖမ္းဆီးရာမွ မူးယစ္ေဆးဝါး သံုးစြဲေရာင္းဝယ္သူႏွင့္ အတူ Wy စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၀၀၀) ျပားအား ဖမ္းဆီးရမိခဲ့ေၾကာင္း က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ သတင္းရရိွသည္။

" တရားခံျဖစ္သူရဲ႕ အေမကိုယ္တိုင္က သတင္းေပးလို႔ သူ႕အိမ္အနီးတစ္ဝိုက္အနားမွာ သြားေစာင့္ၿပီး ဖမ္းတာပါ။ ေကာင္ေလးကိုေတာ့ ဖမ္းမိတယ္။ သူ႔ကိုေရာင္းခ်ေပးတဲ့ လူကိုေတာ့ အမႈတြဲအျဖစ္ အမႈဖြင့္ထားတယ္။ ဖမ္းဆီးႏိုင္ဖို႔အတြက္ လိုက္လံရွာေဖြေနတုန္းပါပဲ" ဟု က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းခြန္အုပ္စု၊ ပန္လီရဲကင္းမွ တာဝန္က် တပ္ၾကပ္ႀကီး ဝင္းေဇာ္က ေျပာသည္။

ပန္လီ ရဲကင္းတာဝန္က် ရဲဝန္ထမ္းအား မိခင္ျဖစ္သူမွ တိုင္ၾကားလာသျဖင့္ တာဝန္ရွိသူမ်ားသည္ ေနအိမ္သို႔ သြားေရာက္ စစ္ေဆးရွာေဖြခဲ့ရာ တရားခံႏွင့္အတူ ရွမ္းစကၠဴအတြင္း အျပာေရာင္ ပလပ္စတစ္အိတ္္ငယ္ျဖင့္ ထည့္ထားသည့္ Wy စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၀၀) ျပားစီပါေသာ အထုပ္ငယ္ (၁၀) ထုပ္၊ စုစုေပါင္း ေဆးျပား (၂၀၀၀) ျပား၊ ကာလတန္ေၾကးေငြက်ပ္ (၅) သိန္းႏွင့္ Orange Juice အေအးဗူးတြင္ ဝါး႐ိုးတပ္ထားသည့္ ေဆး႐ွဴကိရိယာ (၁) ခုတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ သိရသည္။

အဆိုပါ အမႈႏွင့္ ပတ္သက္ၿပီး ဆက္လက္စစ္ေဆးေဆာင္ရြက္ရာ မူးယစ္ေဆးဝါးမ်ားကို က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းအုပ္စု၊ နမ့္ေပၚေအာ့ (အာခါ) ရြာတြင္ ေနထိုင္သူ ဦးေပါလို႔ ထံမွ ဝယ္ယူထားျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ကြင္းဆက္တရားခံအား လိုက္လံ ရွာေဖြဖမ္းဆီးလွ်က္ရွိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးလက္ဝယ္ထားရိွ ေရာင္းဝယ္သံုးစြဲသည့္ အသက္ (၂၇) ႏွစ္အရြယ္ အားသို႔မာႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသူ အသက္ (၄၀) အရြယ္ ဦးေပါလို႔ တို႔ႏွစ္ဦးအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ (ပ) ၅၄ /၂၀၁၆၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို႐ူးသြပ္ေစတတ္ေသာ ေဆးဝါးမ်ဳိးဆိုင္ရာ ပုဒ္မ ၁၅/၁၉ (က) /၂၁ ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္

.................

ကျိုင်းတုံ၊ မေလ (၁၉) ရက်
သားဖြစ်သူ မူးယစ်ဆေးဝါးရောင်းချနေကြောင်း မိခင်ဖြစ်သူ၏တိုင်ကြားချက်ဖြင့် စိတ်ကြွမူးယစ်ဆေးဝါး (၂၀၀၀)ပြားနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲသူအား ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မိုင်းခွန်အုပ်စု၊ နောင်လျန်းကျေးရွာရှိနေအိမ်တွင် သားဖြစ်သူ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိရောင်းချနေသည်ဟု မိခင်ဖြစ်သူမှ အကြောင်းကြားသောကြောင့် မေလ (၁၇) ရက်က သွားရောက်ဖမ်းဆီးရာမှ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူနှင့် အတူ Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀) ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

" တရားခံဖြစ်သူရဲ့ အမေကိုယ်တိုင်က သတင်းပေးလို့ သူ့အိမ်အနီးတစ်ဝိုက်အနားမှာ သွားစောင့်ပြီး ဖမ်းတာပါ။ ကောင်လေးကိုတော့ ဖမ်းမိတယ်။ သူ့ကိုရောင်းချပေးတဲ့ လူကိုတော့ အမှုတွဲအဖြစ် အမှုဖွင့်ထားတယ်။ ဖမ်းဆီးနိုင်ဖို့အတွက် လိုက်လံရှာဖွေနေတုန်းပါပဲ" ဟု ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စု၊ ပန်လီရဲကင်းမှ တာဝန်ကျ တပ်ကြပ်ကြီး ဝင်းဇော်က ပြောသည်။

ပန်လီ ရဲကင်းတာဝန်ကျ ရဲဝန်ထမ်းအား မိခင်ဖြစ်သူမှ တိုင်ကြားလာသဖြင့် တာဝန်ရှိသူများသည် နေအိမ်သို့ သွားရောက် စစ်ဆေးရှာဖွေခဲ့ရာ တရားခံနှင့်အတူ ရှမ်းစက္ကူအတွင်း အပြာရောင် ပလပ်စတစ်အိတ်ငယ်ဖြင့် ထည့်ထားသည့် Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀) ပြားစီပါသော အထုပ်ငယ် (၁၀) ထုပ်၊ စုစုပေါင်း ဆေးပြား (၂၀၀၀) ပြား၊ ကာလတန်ကြေးငွေကျပ် (၅) သိန်းနှင့် Orange Juice အအေးဗူးတွင် ဝါးရိုးတပ်ထားသည့် ဆေးရှူကိရိယာ (၁) ခုတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်ရာ မူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ နမ့်ပေါ်အော့ (အာခါ) ရွာတွင် နေထိုင်သူ ဦးပေါလို့ ထံမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကွင်းဆက်တရားခံအား လိုက်လံ ရှာဖွေဖမ်းဆီးလျှက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်ထားရှိ ရောင်းဝယ်သုံးစွဲသည့် အသက် (၂၇) နှစ်အရွယ် အားသို့မာနှင့် ထွက်ပြေးတိမ်းရှောင်နေသူ အသက် (၄၀) အရွယ် ဦးပေါလို့ တို့နှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) ၅၄ /၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုရူးသွပ်စေတတ်သော ဆေးဝါးမျိုးဆိုင်ရာ ပုဒ်မ ၁၅/၁၉ (က) /၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~