အသက္ငါးႏွစ္အရြယ္သတို႔သမီးပါဝင္တဲ့ အိႏၵိယက စုေပါင္းမဂၤလာပြဲ

အသက္ငါးႏွစ္အရြယ္သတို႔သမီးပါဝင္တဲ့ အိႏၵိယက စုေပါင္းမဂၤလာပြဲ
မေ 1, 2016
By Tachileik News Agency

ဘာသာျပန္၊ ေမလ(၁)
အသက္ငါးနွစ္အရြယ္ သတို႔သမီး အပါအဝင္ ကေလးငယ္ေျခာက္ေယာက္ကို မဂၤလာအခမ္းအနား က်င္းပေနတဲ့ ရုပ္သံဖိုင္ေတြကေတာ့ ျမင္ရသူေတြအတြက္ ရင္နင့္စရာေကာင္းလွပါတယ္။

ဒီထဲက မိန္းကေလးအမ်ားစုက ငိုေနၾကၿပီးေတာ့ ဆယ္ႏွစ္အရြယ္ ကေလးမေလးကေတာ့ ဆယ္ေက်ာ္သက္အရြယ္ သူမ လက္တြဲေဖာ္ရဲ႕လက္ကို ကိုင္ထားရင္း မထိန္းႏုိင္ေအာင္ ငိုေၾကြးေနပါတယ္။

ကေလးမေလးရဲ႕ေခါင္းမွာ ပုဝါၿခံဳထားၿပီး ေဘးမွာသူ႔အေဖန႔ဲ တျခားအမ်ိဳးသားတစ္ဦးလည္း ရိွေနတာပါ။
ဒီရုပ္သံဖိုင္ကေတာ့ ကေလးသူငယ္လက္ထပ္ျခင္းကို တားျမစ္ထားတဲ့ အိႏၵိယႏုိင္ငံေျမာက္ပိုင္း ရာဂ်စ္စတန္ျပည္နယ္က ၿမိဳ႕တစ္ခုမွာ က်င္းပေနတဲ့ မဂၤလာပြဲကို ရိုက္ကူးထားတာပါ။

ရုပ္သံဖိုင္တစ္ခုမွာေတာ့ ဟိႏၵဴ ထံုးတမ္းစဥ္လာ အခမ္းအနား က်င္းပေပးတဲ့ ဦးေဆာင္သူတစ္ဦးက ငိုေနတဲ့ ကေလးေတြကို ေအာ္ဟစ္ေနတာကိုလည္း ေတြ႕ရပါတယ္။

ဒီထဲက သတို႔သမီးတစ္ေယာက္ဟာ ငါးႏွစ္အရြယ္ေလာက္ပဲရိွေသးၿပီးေတာ့ (၁၁)ႏွစ္ေလာက္ပဲရိွေသးတဲ့ သတို႔သားက လက္တြဲၿပီး မီးပံုကိုပတ္ၿပီး အတင္းအက်ပ္ လမ္းေလွ်ာက္ခိုင္းေနတာကို ေတြ႔ရပါတယ္။

ဒီကေလးမက ေအာ္ငိုေနေပမဲ့ ဟိႏၵဴရိုးရာ မဂၤလာအခမ္းအနား အတိုင္း မီးပံုကို ခုႏွစ္ႀကိမ္ျပည့္ေအာင္ ပတ္ဖို႔ ေဘးနားက အမ်ိဳးသားတစ္ဦးက အတင္းအက်ပ္ခိုင္းေစေနတာ ေတြ႕ရပါတယ္။

ဒီရုပ္သံဖိုင္ေတြနဲ႔ ပတ္သက္လို႔ ရဲေတြကေတာ့ အတည္ျပဳဖို႔ လိုအပ္ေနၿပီးေတာ့ ဒီထဲက တခ်ိဳ႕ကေတာ့ သူတို႔ကေလးေတြကို မဂၤလာေဆာင္ေပးၿပီးရင္ ပုန္းေနတတ္ၾကတယ္လို႔ သိရပါတယ္။

“ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ အျမန္ဆံုးသိေအာင္ ႀကိဳးစားေနပါတယ္။ ကေလးေတြကို လက္ထပ္ဖို႔ တြန္းအားေပးတာကို ေရွာင္ၾကဥ္လာဖို႔အတြက္ တရားရံုးကေန ျပင္းျပင္းထန္ထန္ တားျမစ္ရမွာပါ။

အရင္တုန္းကေတာ့ ကေလးေတြကို လက္ထပ္ေပးတာကို အေတာ္မ်ားမ်ား တားျမစ္ႏုိင္ခဲ့ပါတယ္။ ဒီေတာ့ ရဲေတြကို ေၾကာက္ၿပီး ရြာသားေတြက ရြာအျပင္ဘက္တို႔ လူေတြ မသိႏိုင္တဲ့ေနရာတို႔မွာ သြားလုပ္ၾကတယ္”လို႔ ခရိုင္အရာရိွျဖစ္တဲ့ Ved Prakash က ဆိုပါတယ္။

ဒီလိုျဖစ္ရပ္ေတြ ရိွလာရင္လည္း ေဒသခံေတြအေနနဲ႔က ပတ္ဝန္းက်င္က ၿငိဳျငင္မွာေၾကာက္တာေၾကာင့္ ရဲကို အသိမေပးၾကေတာ့ဘူးလို႔ ဆိုပါတယ္။

“ရဲေတြအေနနဲ႔ ဒီရုပ္သံဖိုင္ထဲက အျဖစ္အပ်က္အေၾကာင္းကို ခ်က္ခ်င္းပဲ အေရးယူေဆာင္ရြက္သင့္ပါတယ္။ ဒီလုပ္ရပ္မွာ မဂၤလာေဆာင္ေပးတဲ့ မိသားစုကိုယ္တိုင္အျပင္ ဒီပြဲမွာ ပါဝင္တ့ဲ အရြယ္ေရာက္သူအားလံုး၊ အခမ္းအနား ျပင္ဆင္တဲ့သူ၊ တက္ေရာက္တဲ့သူ၊ သူတို႔ေဆြမ်ိဳးေတြကအစ အားလံုးကို အေရး ယူသင့္ပါတယ္။ ဒီေလာက္ ရက္စက္တဲ့ အေလ့အက်င့္ကို မျပင္သ၍ ကၽြန္မတို႔ လူ႕အဖြဲ႕အစည္း တိုးတက္လာဖို႔ မျဖစ္ႏုိင္ပါဘူး”လို႔ ကေလးသူငယ္အခြင့္အေရး ေဆာင္ရြက္ေနတဲ့ အသက္ ၂၈ ႏွစ္အရြယ္ ကရစ္တီဘဟာတီက ဆိုပါတယ္။

အိႏၵိယႏုိင္ငံမွာ မိန္းကေလးေတြကို အသက္ (၁၈)ႏွစ္နဲ႔ ေယာက်္ားေလးေတြကို အသက္ (၂၁)ႏွစ္မွာ အိမ္ေထာင္ျပဳခြင့္ကို တရားဝင္ခြင့္ျပဳထားတာ ျဖစ္ေပမဲ့ UNICEF ရဲ႕ မွတ္တမ္းအရေတာ့ အိႏၵိယႏုိင္ငံဟာ ကမၻာေပၚမွာ ကေလးသူငယ္ အိမ္ေထာင္ျပဳေပးတာ တတိယအမ်ားဆံုးႏိုင္ငံ ျဖစ္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; kapook.
...................

ဘာသာပြန်၊ မေလ(၁)
အသက်ငါးနှစ်အရွယ် သတို့သမီး အပါအဝင် ကလေးငယ်ခြောက်ယောက်ကို မင်္ဂလာအခမ်းအနား ကျင်းပနေတဲ့ ရုပ်သံဖိုင်တွေကတော့ မြင်ရသူတွေအတွက် ရင်နင့်စရာကောင်းလှပါတယ်။

ဒီထဲက မိန်းကလေးအများစုက ငိုနကြပြေီးတော့ ဆယ်နှစ်အရွယ် ကလေးမလေးကတော့ ဆယ်ကျော်သက်အရွယ် သူမ လက်တွဲဖော်ရဲ့လက်ကို ကိုင်ထားရင်း မထိန်းနိုင်အောင် ငိုကြွေးနေပါတယ်။

ကလေးမလေးရဲ့ခေါင်းမှာ ပုဝါခြုံထားပြီး ဘေးမှာသူ့အဖေနဲ့ တခြားအမျိုးသားတစ်ဦးလည်း ရှိနေတာပါ။
ဒီရုပ်သံဖိုင်ကတော့ ကလေးသူငယ်လက်ထပ်ခြင်းကို တားမြစ်ထားတဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဂျစ်စတန်ပြည်နယ်က မြို့တစ်ခုမှာ ကျင်းပနေတဲ့ မင်္ဂလာပွဲကို ရိုက်ကူးထားတာပါ။

ရုပ်သံဖိုင်တစ်ခုမှာတော့ ဟိန္ဒူ ထုံးတမ်းစဉ်လာ အခမ်းအနား ကျင်းပပေးတဲ့ ဦးဆောင်သူတစ်ဦးက ငိုနေတဲ့ ကလေးတွေကို အော်ဟစ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီထဲက သတို့သမီးတစ်ယောက်ဟာ ငါးနှစ်အရွယ်လောက်ပဲရှိသေးပြီးတော့ (၁၁)နှစ်လောက်ပဲရှိသေးတဲ့ သတို့သားက လက်တွဲပြီး မီးပုံကိုပတ်ပြီး အတင်းအကျပ် လမ်းလျှောက်ခိုင်းနေတာကို တွေ့ရပါတယ်။

ဒီကလေးမက အော်ငိုနေပေမဲ့ ဟိန္ဒူရိုးရာ မင်္ဂလာအခမ်းအနား အတိုင်း မီးပုံကို ခုနှစ်ကြိမ်ပြည့်အောင် ပတ်ဖို့ ဘေးနားက အမျိုးသားတစ်ဦးက အတင်းအကျပ်ခိုင်းစေနေတာ တွေ့ရပါတယ်။

ဒီရုပ်သံဖိုင်တွေနဲ့ ပတ်သက်လို့ ရဲတွေကတော့ အတည်ပြုဖို့ လိုအပ်နပြေီးတော့ ဒီထဲက တချို့ကတော့ သူတို့ကလေးတွေကို မင်္ဂလာဆောင်ပေးပြီးရင် ပုန်းနေတတ်ကြတယ်လို့ သိရပါတယ်။

“ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အမြန်ဆုံးသိအောင် ကြိုးစားနေပါတယ်။ ကလေးတွေကို လက်ထပ်ဖို့ တွန်းအားပေးတာကို ရှောင်ကြဉ်လာဖို့အတွက် တရားရုံးကနေ ပြင်းပြင်းထန်ထန် တားမြစ်ရမှာပါ။

အရင်တုန်းကတော့ ကလေးတွေကို လက်ထပ်ပေးတာကို အတော်များများ တားမြစ်နိုင်ခဲ့ပါတယ်။ ဒီတော့ ရဲတွေကို ကြောက်ပြီး ရွာသားတွေက ရွာအပြင်ဘက်တို့ လူတွေ မသိနိုင်တဲ့နေရာတို့မှာ သွားလုပ်ကြတယ်”လို့ ခရိုင်အရာရှိဖြစ်တဲ့ Ved Prakash က ဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေ ရှိလာရင်လည်း ဒေသခံတွေအနေနဲ့က ပတ်ဝန်းကျင်က ငြိုငြင်မှာကြောက်တာကြောင့် ရဲကို အသိမပေးကြတော့ဘူးလို့ ဆိုပါတယ်။

“ရဲတွေအနေနဲ့ ဒီရုပ်သံဖိုင်ထဲက အဖြစ်အပျက်အကြောင်းကို ချက်ချင်းပဲ အရေးယူဆောင်ရွက်သင့်ပါတယ်။ ဒီလုပ်ရပ်မှာ မင်္ဂလာဆောင်ပေးတဲ့ မိသားစုကိုယ်တိုင်အပြင် ဒီပွဲမှာ ပါဝင်တဲ့ အရွယ်ရောက်သူအားလုံး၊ အခမ်းအနား ပြင်ဆင်တဲ့သူ၊ တက်ရောက်တဲ့သူ၊ သူတို့ဆွေမျိုးတွေကအစ အားလုံးကို အရေး ယူသင့်ပါတယ်။ ဒီလောက် ရက်စက်တဲ့ အလေ့အကျင့်ကို မပြင်သ၍ ကျွန်မတို့ လူ့အဖွဲ့အစည်း တိုးတက်လာဖို့ မဖြစ်နိုင်ပါဘူး”လို့ ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေတဲ့ အသက် ၂၈ နှစ်အရွယ် ကရစ်တီဘဟာတီက ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ မိန်းကလေးတွေကို အသက် (၁၈)နှစ်နဲ့ ယောကျာ်းလေးတွေကို အသက် (၂၁)နှစ်မှာ အိမ်ထောင်ပြုခွင့်ကို တရားဝင်ခွင့်ပြုထားတာ ဖြစ်ပေမဲ့ UNICEF ရဲ့ မှတ်တမ်းအရတော့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးသူငယ် အိမ်ထောင်ပြုပေးတာ တတိယအများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; kapook.

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~