နမ့္စန္ၿမိဳ႕တြင္ NLD ပါတီ၏ မွ်ေဝျခင္း အစီအစဥ္စတင္

နမ့္စန္ၿမိဳ႕တြင္ NLD ပါတီ၏ မွ်ေဝျခင္း အစီအစဥ္စတင္
မေ 9, 2016
By Tachileik News Agency

နမ့္စန္၊ ေမလ(၉)ရက္
ဆင္းရဲႏြမ္းပါး၍ ခ်ိဳ႕တဲ့ေသာ ေက်ာင္းသူေက်ာင္းသားမ်ားအား ေထာက္ပံ့ႏိုင္ရန္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD)၏ မွ်ေ၀ျခင္းအစီအစဥ္အတြက္ အလွဴခံဌာနအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕တြင္ ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

"ဒီ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္အတြက္ ဆင္းရဲႏြမ္းပါးၿပီး ခ်ိဳ႕တဲ့ တဲ့ ကေလးေတြအတြက္ NLD
ရဲ႕ အစီအမံနဲ႔ နမ့္စန္ၿမိဳ႕မွာ အလွဴခံဌာနဖြင့္လွစ္တာပါ။ ၿပီးခဲ့တဲ့ႏွစ္က ကေလးေတြအသံုးျပဳခဲ့တဲ့ ပစၥည္းေဟာင္းေတြ အ၀တ္အထည္၊ ခဲတံ၊ ေပတံကအစေပါ့။ အကုန္အလွဴခံပါတယ္။ ဒါေတြကို တကယ္ႏြမ္းပါးတဲ့ ကေလးေတြအတြက္ ျပန္ၿပီး လွဴဒါန္းသြားဖို႔ပါ"ဟု မွ်ေ၀ျခင္းအစီအစဥ္တာ၀န္ခံ ဦးတူးက ေျပာသည္။

ေမ လ (၅) ရက္မွစ၍ နမ့္စန္ၿမိဳ႕တြင္ အလွဴခံဌာနဖြင့္လွစ္ကာ ေက်ာင္းသံုး ဗလာစာအုပ္၊ ခဲတံ၊ ေဘာပင္၊ ေက်ာင္းသုံးဖတ္စာအုပ္မ်ား၊ ေက်ာင္း၀တ္စုံမ်ားအား လက္ခံလွ်က္ရိွေၾကာင္း သိရသည္။

"ဒီအစီအစဥ္ကေကာင္းပါတယ္။ တခ်ိဳ႕မိဘေတြဆိုရင္ အခုေခတ္ အခမဲ့ပညာေရးစနစ္မွာ ေက်ာင္းအပ္ခ မေပးရတာေတာင္။ ကေလးေတြအတြက္ ေက်ာင္း၀တ္စံုမ၀ယ္ေပးႏုိင္တာေတြရွိတယ္။ ဒီအစီအစဥ္ေလးရွိေတာ့ ႏြမ္းပါးတဲ့ကေလးေတြအတြက္ ေက်ာင္းသံုးပစၥည္းနဲ႔ ေက်ာင္း၀တ္စံုေတြ ရလာတာေပါ့၊ တခ်ိဳ႕မေတာ္ေတာ့တဲ့ ေက်ာင္း၀တ္စံုေလးေတြဆို အငယ္ေတြကို ျပန္ေပးလို႔ရတယ္ေလ"ဟု ေက်ာင္းသံုးပစၥည္းလာေရာက္လွဴဒါန္းသူ တစ္ဦးမွ ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ မွ်ေ၀ျခင္းအစီအစဥ္အား ႏိုင္ငံတစ္၀ွမ္းတြင္ ျပဳလုပ္လွ်က္ရွိၿပီး ေက်ာင္းသားေက်ာင္းသူ ကေလးငယ္မ်ားလည္း အခ်င္းခ်င္း ျပန္လည္ မွ်ေ၀တတ္ရန္ ရည္ရြယ္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ သန္းစိုးေအာင္(နမ့္စန္)
..............
နမ့်စန်၊ မေလ(၉)ရက်
ဆင်းရဲနွမ်းပါး၍ ချို့တဲ့သော ကျောင်းသူကျောင်းသားများအား ထောက်ပံ့နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ မျှဝခြေင်းအစီအစဉ်အတွက် အလှူခံဌာနအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
"ဒီ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဆင်းရဲနွမ်းပါးပြီး ချို့တဲ့ တဲ့ ကလေးတွေအတွက် NLD 
ရဲ့ အစီအမံနဲ့ နမ့်စန်မြို့မှာ အလှူခံဌာနဖွင့်လှစ်တာပါ။ ပြီးခဲ့တဲ့နှစ်က ကလေးတွေအသုံးပြုခဲ့တဲ့ ပစ္စည်းဟောင်းတွေ အဝတ်အထည်၊ ခဲတံ၊ ပေတံကအစပေါ့။ အကုန်အလှူခံပါတယ်။ ဒါတွေကို တကယ်နွမ်းပါးတဲ့ ကလေးတွေအတွက် ပြန်ပြီး လှူဒါန်းသွားဖို့ပါ"ဟု မျှဝခြေင်းအစီအစဉ်တာဝန်ခံ ဦးတူးက ပြောသည်။
မေ လ (၅) ရက်မှစ၍ နမ့်စန်မြို့တွင် အလှူခံဌာနဖွင့်လှစ်ကာ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ကျောင်းဝတ်စုံများအား လက်ခံလျှက်ရှိကြောင်း သိရသည်။
"ဒီအစီအစဉ်ကကောင်းပါတယ်။ တချို့မိဘတွေဆိုရင် အခုခေတ် အခမဲ့ပညာရေးစနစ်မှာ ကျောင်းအပ်ခ မပေးရတာတောင်။ ကလေးတွေအတွက် ကျောင်းဝတ်စုံမဝယ်ပေးနိုင်တာတွေရှိတယ်။ ဒီအစီအစဉ်လေးရှိတော့ နွမ်းပါးတဲ့ကလေးတွေအတွက် ကျောင်းသုံးပစ္စည်းနဲ့ ကျောင်းဝတ်စုံတွေ ရလာတာပေါ့၊ တချို့မတော်တော့တဲ့ ကျောင်းဝတ်စုံလေးတွေဆို အငယ်တွေကို ပြန်ပေးလို့ရတယ်လေ"ဟု ကျောင်းသုံးပစ္စည်းလာရောက်လှူဒါန်းသူ တစ်ဦးမှ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မျှဝခြေင်းအစီအစဉ်အား နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်လျှက်ရှိပြီး ကျောင်းသားကျောင်းသူ ကလေးငယ်များလည်း အချင်းချင်း ပြန်လည် မျှေဝတတ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ သန်းစိုးအောင်(နမ့်စန်)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~