ကိုယ္၀န္ေဆာင္အမ်ဳိးသမီးက ခင္ပြန္းနဲ႔စကားမ်ားၿပီး ကားမွန္ကြဲျဖင့္ ဗိုက္ကိုလွီးျဖတ္

ကိုယ္၀န္ေဆာင္အမ်ဳိးသမီးက ခင္ပြန္းနဲ႔စကားမ်ားၿပီး ကားမွန္ကြဲျဖင့္ ဗိုက္ကိုလွီးျဖတ္
မေ 9, 2016
By Tachileik News Agency
Photo: อำเภอแม่สาย

ဘာသာျပန္၊ ေမလ(၉)
တာခ်ီလိတ္ၿမိဳ႕အနီး၊ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕မွာ ေမလ(၈)ရက္ေန႔ညက လီေရွာလူမ်ိဳး ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးဟာ ခင္ပြန္းျဖစ္သူနဲ႔ စကားမ်ားရာကေန ကားမွန္ကိုရိုက္ခြဲၿပီး ဗိုက္ကိုလွီးျဖတ္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ သိရပါတယ္။

ခင္ပြန္းျဖစ္သူနဲ႔ စကားမ်ားၿပီးတဲ့အခါ ေက်ာက္တံုးနဲ႔ ကားမွန္ကို ထုခြဲလိုက္ၿပီး ကားေပၚမွာ သြားထိုင္ေနတဲ့ ဇနီးျဖစ္သူရဲ႕ ေအာ္သံေၾကာင့္ သြားၾကည့္တဲ့အခါမွာ  ဗိုက္မွာ အလ်ားလိုက္ ျပတ္ရွဒဏ္ရာနဲ႔ ဇနီးသည္ကို ေတြ႔ရတယ္လုိ႔ သူ႔ခင္ပြန္းျဖစ္သူက ဆိုပါတယ္။

ကားမွန္နဲ႔ လွီးျဖတ္ထားတာေၾကာင့္ ဗိုက္မွာ ျပတ္ရွဒဏ္ရာ အလ်ား (၁၀) စင္တီမီတာေလာက္ ဒဏ္ရာ ရသြားတာလို႔ သိရပါတယ္။

ဒဏ္ရာရတဲ့အမ်ိဳးသမီးကို မယ္ဆိုင္လူမႈကူညီေရးအသင္းက လာေရာက္ကူညီၿပီး မယ္ဆိုင္ေဆးရံုကို ပို႔ေပးလုိက္တာေၾကာင့္ လက္ရိွမွာေတာ့ ကေလးေရာ မိခင္ပါ အႏၱရာယ္ကင္းတယ္လို႔ သိရပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref&Photo: อำเภอแม่สาย

...............

ဘာသာပြန်၊ မေလ(၉)
တာချီလိတ်မြို့အနီး၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မေလ(၈)ရက်နေ့ညက လီရှောလူမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့ စကားများရာကနေ ကားမှန်ကိုရိုက်ခွဲပြီး ဗိုက်ကိုလှီးဖြတ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ 
ခင်ပွန်းဖြစ်သူနဲ့ စကားများပြီးတဲ့အခါ ကျောက်တုံးနဲ့ ကားမှန်ကို ထုခွဲလိုက်ပြီး ကားပေါ်မှာ သွားထိုင်နေတဲ့ ဇနီးဖြစ်သူရဲ့ အော်သံကြောင့် သွားကြည့်တဲ့အခါမှာ ဗိုက်မှာ အလျားလိုက် ပြတ်ရှဒဏ်ရာနဲ့ ဇနီးသည်ကို တွေ့ရတယ်လို့ သူ့ခင်ပွန်းဖြစ်သူက ဆိုပါတယ်။ 
ကားမှန်နဲ့ လှီးဖြတ်ထားတာကြောင့် ဗိုက်မှာ ပြတ်ရှဒဏ်ရာ အလျား (၁၀) စင်တီမီတာလောက် ဒဏ်ရာ ရသွားတာလို့ သိရပါတယ်။ 
ဒဏ်ရာရတဲ့အမျိုးသမီးကို မယ်ဆိုင်လူမှုကူညီရေးအသင်းက လာရောက်ကူညီပြီး မယ်ဆိုင်ဆေးရုံကို ပို့ပေးလိုက်တာကြောင့် လက်ရှိမှာတော့ ကလေးရော မိခင်ပါ အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်

Ref&Photo: อำเภอแม่สาย
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~