ဝမ်းတွင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျပ်သိန်းပေါင်း နှစ်ထောင်ခန့်ဆုံးရှုံး
ဝမ်းတွင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျပ်သိန်းပေါင်း နှစ်ထောင်ခန့်ဆုံးရှုံး
မေ 3, 2016
By Tachileik News Agency
ဝမ်းတွင်း၊ မေ(၃)ရက်
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ်အတွင်း မေလ(၁)ရက်နေ့ ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် ကျပ်သိန်းပေါင်း(၂၀၀၀)ခန့် ဆုံးရှုံးခဲ့ပြီး လူဦးရေ(၉၀၀၀)ခန့် လေဘေးသင့်ခဲ့ကြောင်း ၀မ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း(၆)ကျောင်း၊ ဘုရားစေတီ အဆူ(၂၀)၊ ဘုန်းတော်ကြီးကျောင်း(၃၂)ကျောင်းနှင့် အိမ်ခြေ(၂၂၀)၊ လူဦးရေ(၉၀၀၀)ခန့် လေဘေးသင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း(၂၀၀၀)ခန့်ရှိကြောင်းနှင့် ၀မ်းတွင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း (၇၅)အုပ်စု၊ ကျေးရွာပေါင်း(၁၈၂)ရွာ လေဘေးသင့်ခဲ့ခြင်းဖြစ်ကြောင်း ၀မ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စစ်တမ်းများအရ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့မရဲစခန်း၏ အချုပ်ခန်းမှာ အမိုးများလန်သွားခဲ့သော်လည်း အချုပ်သားများ ထွက်ပြေးခြင်းမရှိခဲ့ကြောင်း၊ ယခုလက်ရှိအချိန်တွင် ဒေသခံများနှင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ နှင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များ စုပေါင်း၍ ပျက်စီးသွားသော နေအိမ်များနှင့် သစ်ပင်များ ရှင်းလင်းခြင်းအားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း။ ။ ‪#ကိုလင်း‬(၀မ်းတွင်း)
………….
ဝမ်းတွင်း၊ မေ(၃)ရက်
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်း မေလ(၁)ရက်နေ့ ညနေပိုင်းက လပြေင်း တိုက်ခတ်မှုကြောင့် ကျပ်သိန်းပေါင်း(၂၀၀၀)ခန့် ဆုံးရှုံးခဲ့ပြီး လူဦးရေ(၉၀၀၀)ခန့် လေဘေးသင့်ခဲ့ကြောင်း ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
"ဝမ်းတွင်းမြို့နယ် တစ်ခုလုံးနီးပါး လပြေင်းတိုက်ခတ်သွားတာ အသေအပျောက်တော့ မရှိပါဘူး။ ဒဏ်ရာ ရတာလဲမရှိဘူး။ အိမ်ခေါင်မိုးတွေလန်ပြီး သစ်ပင်ကြီးတွေ ကျိုးကျတာလောက်ပဲရှိတယ်။ ညောင်ပိကျေးရွာမှာတော့ နွားတစ်ကောင်သေတယ်။ ရန်ကုန် - မန္တလေးကားလမ်းမပေါ်မှာ ပြိုလဲသွားတဲ့ သစ်ပင်တွေကို ရဲတပ်ဖွဲ့ အပါအဝင် မီးသတ် နဲ့ တခြားအဖွဲ့တွေ ရှင်းနေပါပြီ"ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လပြေင်းတိုက်ခတ်မှုကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း(၆)ကျောင်း၊ ဘုရားစေတီ အဆူ(၂၀)၊ ဘုန်းတော်ကြီးကျောင်း(၃၂)ကျောင်းနှင့် အိမ်ခြေ(၂၂၀)၊ လူဦးရေ(၉၀၀၀)ခန့် လေဘေးသင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း(၂၀၀၀)ခန့်ရှိကြောင်းနှင့် ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း (၇၅)အုပ်စု၊ ကျေးရွာပေါင်း(၁၈၂)ရွာ လေဘေးသင့်ခဲ့ခြင်းဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စစ်တမ်းများအရ သိရသည်။
“ မိုးနဲ့လေ တစ်ပြိုင်တည်းတိုက်တာ လပြေင်းလွန်းလို့ နှစ်ရှည် သစ်ပင်အကြီးကြီးတွေ ပြိုလဲကုန်တယ်။ အခုထိတော့ မီးမလာသေးဘူး။ အဓိက အိမ်တွေ အမိုးလန်သွားတဲ့အတွက် အိမ်ခေါင်တွေ ပြန်မိုးဖို့လုပ်နကြေတယ်"ဟု ဝမ်းတွင်းမြို့ခံ ကိုမောင်မောင်သိန်းက ပြောသည်။
လပြေင်းတိုက်ခတ်မှုကြောင့် ဝမ်းတွင်းမြို့မရဲစခန်း၏ အချုပ်ခန်းမှာ အမိုးများလန်သွားခဲ့သော်လည်း အချုပ်သားများ ထွက်ပြေးခြင်းမရှိခဲ့ကြောင်း၊ ယခုလက်ရှိအချိန်တွင် ဒေသခံများနှင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ နှင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များ စုပေါင်း၍ ပျက်စီးသွားသော နေအိမ်များနှင့် သစ်ပင်များ ရှင်းလင်းခြင်းအားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း။ ‪#‎ကိုလင်း‬(ဝမ်းတွင်း)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~