တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ႀကိဳးျပင္ကာကြယ္ေတာတစ္ခု ထပ္မံ၍ တိုးခ်ဲ႕ဖြဲ႔စည္းရန္ စိစစ္ေဆာင္ရြက္လွ်က္ရိွ

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ႀကိဳးျပင္ကာကြယ္ေတာတစ္ခု ထပ္မံ၍ တိုးခ်ဲ႕ဖြဲ႔စည္းရန္ စိစစ္ေဆာင္ရြက္လွ်က္ရိွ
မေ 2, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၂) ရက္
ရွမ္းျပည္နယ္(အေရွ ့ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ႀကိဳးျပင္ကာကြယ္ေတာတစ္ခုကို (၂) ႏွစ္အတြင္း ထပ္မံ၍ တိုးခ်ဲ႕ရန္ စိစစ္ေဆာင္ရြက္လွ်က္ရိွေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာ ႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးဦးစီးဌာနမွ သိရသည္။

" တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္းမွာ ေနာက္ထပ္ ႀကိဳးျပင္ကာကြယ္ေတာ တစ္ခုကို ထပ္မံဖြဲ ့စည္းသြားဖို ့ ရိွပါတယ္။ အဲ့လို ဖြဲ ့စည္းနိုင္ဖို႔က လုပ္ရမယ့္ လုပ္ငန္းေတြကမ်ားေတာ့ အနည္းဆုံး(၂)ႏွစ္ေလာက္ေတာ့ အခ်ိန္ယူရပါတယ္။ တာခ်ီလိတ္ၿမိဳ႕နယ္ထဲမွာ ႀကိဳး၀ိုင္းေတာ ဖြဲ ့စည္းဖို ့က မရိွေသးပါဘူး။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာ ဦးစီးအရာရိွ ဦးသန္႔စင္ေက်ာ္က ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း သစ္ေတာနယ္ေျမ စုစုေပါင္း ဧက(၅၇၆၉၄.၅၂) ေက်ာ္ရိွၿပီး ႀကိဳးျပင္ ကာကြယ္ေတာ (၆)ခုႏွင့္ သဘာ၀နယ္ေျမ(၁)ခု ဖြဲ႕စည္းထားသည့္အျပင္ ၿမိဳ႕နယ္အတြင္းမွ သစ္ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ား တရားမဝင္ထုတ္လုပ္ျခင္းအား ကာကြယ္ရန္လည္း စီမံ ေဆာင္ရြက္လ်ွက္ရွိေၾကာင္း သိရသည္။

"တာခ်ီလိတ္ကို ၀င္ထြက္လို႔ရတဲ့ စစ္ေဆးေရးဂိတ္ေတြမွာ ကၽြန္ေတာ္တို ့သစ္ေတာ၀န္ထမ္းေတြကို အၿမဲတမ္း အလဲအလွယ္နဲ ့ေပါ့ အခ်ိန္ျပည့္တာ၀န္ခ်ထားတာရိွတယ္။ ေနာက္ၿပီး ကၽြန္ေတာ္တို ့ ဒီၿမိဳ႕နယ္ အတြင္းမွာ သစ္ေတာနယ္ေျမေတြ ခြဲၿပီးေတာ ့ ၀န္ထမ္းေတြ သတ္မွတ္ၿပီး တာ၀န္ခ်ထားရပါတယ္။ သူတို ့ ကလည္း ဒီသစ္ေတာနယ္ေျမထဲမွာ အခါအားေလ်ာ္စြာ လွည့္လည္ စစ္ေဆးၾကပါတယ္။"ဟု ဦးသန္႔စင္ေက်ာ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း ပါဆာသဘာ၀နယ္ေျမ၊ ပါေတာင္းႀကိဳးျပင္ကာကြယ္ေတာ၊ လြယ္စတုံႀကိဳးျပင္ ကာကြယ္ေတာ၊ ေအာက္မိုင္းဟဲႀကိဳးျပင္ကာကြယ္ေတာ၊ မယ္ဖုံးလုံုံႀကိဳးျပင္ကာကြယ္ေတာ၊ နမ့္ခင္းႀကိဳးျပင္ ကာကြယ္ေတာ၊ က်ိဳင္းလပ္ႀကိဳးျပင္ကာကြယ္ေတာတို႔ကို ဖြဲ ့စည္းထားေၾကာင္း သိရသည္။

သတင္း။ ။ ‪‎ဇြဲျမတ္‬

.........

တာချီလိတ်၊ မေလ (၂) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ကြိုးပြင်ကာကွယ်တောတစ်ခုကို (၂) နှစ်အတွင်း ထပ်မံ၍ တိုးချဲ့ရန် စိစစ်ဆောင်ရွက်လျှက်ရှိကြောင်း တာချီလိတ်မြို့နယ် သစ်တော နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

" တာချီလိတ်မြို့နယ် အတွင်းမှာ နောက်ထပ် ကြိုးပြင်ကာကွယ်တော တစ်ခုကို ထပ်မံဖွဲ့စည်းသွားဖို့ ရှိပါတယ်။ အဲ့လို ဖွဲ့စည်းနိုင်ဖို့က လုပ်ရမယ့် လုပ်ငန်းတွေကများတော့ အနည်းဆုံး(၂)နှစ်လောက်တော့ အချိန်ယူရပါတယ်။ တာချီလိတ်မြို့နယ်ထဲမှာ ကြိုးဝိုင်းတော ဖွဲ့စည်းဖို့က မရှိသေးပါဘူး။"ဟု တာချီလိတ်မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးသန့်စင်ကျော်က ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့နယ်အတွင်း သစ်တောနယ်မြေ စုစုပေါင်း ဧက(၅၇၆၉၄.၅၂) ကျော်ရှိပြီး ကြိုးပြင် ကာကွယ်တော (၆)ခုနှင့် သဘာဝနယ်မြေ(၁)ခု ဖွဲ့စည်းထားသည့်အပြင် မြို့နယ်အတွင်းမှ သစ်များနှင့် သစ်တောထွက်ပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်းအား ကာကွယ်ရန်လည်း စီမံ ဆောင်ရွက်နေကြောင်း သိရသည်။

"တာချီလိတ်ကို ဝင်ထွက်လို့ရတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကျွန်တော်တို့သစ်တောဝန်ထမ်းတွေကို အမြဲတမ်း အလဲအလှယ်နဲ့ပေါ့ အချိန်ပြည့်တာဝန်ချထားတာရှိတယ်။ နောက်ပြီး ကျွန်တော်တို့ ဒီမြို့နယ် အတွင်းမှာ သစ်တောနယ်မြေတွေ ခွဲပြီးတော့ ဝန်ထမ်းတွေ သတ်မှတ်ပြီး တာဝန်ချထားရပါတယ်။ သူတို့ ကလည်း ဒီသစ်တောနယ်မြေထဲမှာ အခါအားလျော်စွာ လှည့်လည် စစ်ဆေးကြပါတယ်။"ဟု ဦးသန့်စင်ကျော်က ပြောသည်။

တာချီလိတ်မြို့နယ် အတွင်း ပါဆာသဘာဝနယ်မြေ၊ ပါတောင်းကြိုးပြင်ကာကွယ်တော၊ လွယ်စတုံကြိုးပြင် ကာကွယ်တော၊ အောက်မိုင်းဟုံ ကြိုးပြင်ကာကွယ်တော၊ မယ်ဖုံးလုံကြိုးပြင်ကာကွယ်တော၊ နမ့်ခင်းကြိုးပြင် ကာကွယ်တော၊ ကျိုင်းလပ်ကြိုးပြင်ကာကွယ်တောတို့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

သတင်း။ ‪ဇွဲမြတ်‬

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~