တာခ်ီလိတ္မွ တစ္ဖက္ႏုိင္ငံသို႔ ေရႊယူေဆာင္ခြင့္ ကန္႔သတ္ခ်က္ေၾကာင့္ ထိုင္းဘက္တြင္ အေရးယူခံရမႈမ်ား ရိွေန

တာခ်ီလိတ္မွ တစ္ဖက္ႏုိင္ငံသို႔ ေရႊယူေဆာင္ခြင့္ ကန္႔သတ္ခ်က္ေၾကာင့္ ထိုင္းဘက္တြင္ အေရးယူခံရမႈမ်ား ရိွေန
မေ 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၁၀)ရက္
ထိုင္း - ျမန္မာ နယ္စပ္ၿမိဳ႕မ်ားတြင္  တစ္ဖက္ႏိုင္ငံသို႔ "ေရႊ"ယူေဆာင္လာခြင့္ ၊ သယ္ေဆာင္သြားခြင့္ ႏွင့္ ပတ္သက္ၿပီး ထိုင္းအေကာက္ခြန္ႏွင့္ ျမန္မာအေကာက္ခြန္တို႔မွ သတ္မွတ္ထားေသာ ကန္႔သတ္ခ်က္မ်ားအား ေဒသခံမ်ား နားမလည္သျဖင့္ ထုိင္းနိုင္ငံဘက္တြင္ အေရးယူခံရမႈမ်ားရိွေနေၾကာင္း သိရသည္။

 “နယ္စပ္တံတားေပၚကေန ထိုင္းဘက္ကို ေရႊယူေဆာင္ခြင့္ကို (၅)က်ပ္သားေအာက္အထိပဲ ခြင့္ျပဳထားတာ။ အဲဒီထက္ေက်ာ္လြန္ရင္ေတာ့ ထိုင္းအေကာက္ခြန္ကို အေၾကာင္းၾကားရပါတယ္။ အဲဒီလိုမွ အေၾကာင္း မၾကားဘူးဆိုရင္ ထိုင္းအေကာက္ခြန္ဥပေဒအရ ေရႊေတြကို သိမ္းဆည္းနိုင္တယ္။ ေနာက္ၿပီး စုစုေပါင္းတန္ဖိုး ရဲ့ (၄) ဆကိုလည္း ဒဏ္ေၾကးအျဖစ္ တရားရံုးမွာ ေပးေဆာင္ရမွာျဖစ္တယ္။ လက္ဝယ္ထားရိွသူကို အျမင့္ဆံုးေထာင္ဒဏ္(၁၀)နွစ္အထိ ခ်မွတ္နိုင္တယ္။”ဟု ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ(CNCMC) လုပ္ငန္းအေကာင္အထည္ေဖာ္ေရး အတြင္းေရးမွဴး ဦးစည္သူေမာင္က ေျပာသည္။

ေမလ (၃)ရက္ေန႔ကလည္း တာခ်ီလိတ္ၿမိဳ႕မွ ရွမ္းတိုင္းရင္းသားတစ္ဦး စုေဆာင္းထားသည့္ ေရႊ(၂၉) က်ပ္သား ကို တစ္ဖက္ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႕ သြားေရာက္ေရာင္းခ်ရာတြင္ ထိုင္းအေကာက္ခြန္မွ သတ္မွတ္ထားသည့္ ေရႊယူေဆာင္ခြင့္ စံႏႈန္းထက္ ေက်ာ္လြန္ေန၍ ဖမ္းဆီးအေရးယူခံရျခင္းအား CNCMC ႏွင့္ TBC အဖြဲ႔တို႔မွ ညိႇႏိႈင္း ကူညီေပးခဲ့သျဖင့္ ဘတ္(၇၀,၀၀၀)သာ ေပးေဆာင္ခဲ့ရေၾကာင္း သိရသည္။

“ျမန္မာ အေကာက္ခြန္ဥပေဒအရေတာ့ တစ္ဖက္ႏိုင္ငံ ဒါမွမဟုတ္ ႏိုင္ငံျခားကိုသြားရင္ "ေရႊ"၀တ္ဆင္သြားခြင့္ကို က်ပ္(၁၀)သန္းဖိုးအထိဘဲ သတ္မွတ္ေပးထားတာရွိတယ္။ အဲဒါကလည္း တစ္ဖက္ႏိုင္ငံမွာ ကိုယ့္ႏိုင္ငံသားေတြ မ်က္ႏွာမငယ္ေအာင္ ၀တ္ဆင္သြားခြင့္ေပးတာပါ။ ဒါေပမဲ့ ျပန္လာတဲ့ အခါမွာ အဲဒီေရႊေတြကို ကိုယ္ႏွင့္တစ္ပါတည္း ျပန္ပါလာရမွာ ျဖစ္ပါတယ္၊”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး  ဦးကိုကိုႏိုင္က ေျပာသည္။

ျပည္တြင္းေလဆိပ္မ်ားတြင္ ႏိုင္ငံျခားသားမ်ား"ေရႊ"ႏွင့္ လက္၀တ္ရတနာမ်ား အေျမာက္အမ်ား ၀တ္ဆင္၍ ျပည္တြင္းထဲ ၀င္လာျခင္းအား ေလဆိပ္မ်ားတြင္ အေကာက္ခြန္ဦးစီးဌာနမွ စာရင္းေရးသြင္း၍ မွတ္တမ္းျပဳစုရၿပီး ျပည္တြင္းမွ ျပန္ထြက္သြားသည့္အခါတြင္လည္း ၎စာရင္းအတိုင္း ျပန္လည္ယူေဆာင္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ျပဳလုပ္ရျခင္းမွာ မိမိႏိုင္ငံမွ ေရႊႏွင့္ လက္၀တ္ရတနာမ်ားအား ျပည္ပသို႔ တရားမ၀င္ သယ္ေဆာင္သြားျခင္း မျပဳႏိုင္ရန္ႏွင့္ တစ္ဖက္ႏိုင္ငံမွလည္း တရားမ၀င္ ယူေဆာင္လာျခင္းမျပဳႏိုင္ရန္ ကန္႔သတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕မ်ားတြင္ ေဒသခံအမ်ားစုမွာ တစ္ဖက္ႏိုင္ငံမွ ေရႊတစ္ပိုင္တစ္ႏိုင္ ၀ယ္ယူစုေဆာင္းထားၿပီး ေငြလို၍ ေသာ္လည္းေကာင္း ၊ လုပ္ငန္းတိုးခ်ဲ႕ရန္ေသာ္လည္းေကာင္း စုေဆာင္းထားသည့္ ေရႊအားလုံးအား ျပန္လည္သြားေရာင္းသည့္အခါ ျမန္မာ-ထိုင္း  ႏွစ္ႏိုင္ငံအေကာက္ခြန္မွ သတ္မွတ္ထားသည့္ စံႏႈန္းႏွင့္ ေက်ာ္လြန္သြား၍ အေရးယူခံျခင္းကို ျဖစ္ေလ့ရွိေၾကာင္း၊ ထိုင္းႏိုင္ငံဥပေဒအရ ထိုင္းဘတ္(၂)သိန္းႏွင့္ အထက္အား နယ္စပ္ျဖတ္ေက်ာ္၍ သယ္ေဆာင္ျခင္းအားကန္႔သတ္ထားၿပီး မူးယစ္ေဆး၀ါးႏွင့္ တရားမ၀င္ေငြေၾကးအား ထိန္းခ်ဳပ္ႏိုင္ရန္ အလို႔ငွာ ေဆာင္ရြက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ

..........

တာချီလိတ်၊ မေလ(၁၀)ရက်
ထိုင်း - မြန်မာ နယ်စပ်မြို့များတွင် တစ်ဖက်နိုင်ငံသို့ "ရွှေ"ယူဆောင်လာခွင့်၊ သယ်ဆောင်သွားခွင့် နှင့် ပတ်သက်ပြီး ထိုင်းအကောက်ခွန်နှင့် မြန်မာအကောက်ခွန်တို့မှ သတ်မှတ်ထားသော ကန့်သတ်ချက်များအား ဒေသခံများ နားမလည်သဖြင့် ထိုင်းနိုင်ငံဘက်တွင် အရေးယူခံရမှုများရှိနေကြောင်း သိရသည်။

 “နယ်စပ်တံတားပေါ်ကနေ ထိုင်းဘက်ကို ရွှေယူဆောင်ခွင့်ကို (၅)ကျပ်သားအောက်အထိပဲ ခွင့်ပြုထားတာ။ အဲဒီထက်ကျော်လွန်ရင်တော့ ထိုင်းအကောက်ခွန်ကို အကြောင်းကြားရပါတယ်။ အဲဒီလိုမှ အကြောင်း မကြားဘူးဆိုရင် ထိုင်းအကောက်ခွန်ဥပဒေအရ ရွှေတွေကို သိမ်းဆည်းနိုင်တယ်။ နောက်ပြီး စုစုပေါင်းတန်ဖိုး ရဲ့ (၄) ဆကိုလည်း ဒဏ်ကြေးအဖြစ် တရားရုံးမှာ ပေးဆောင်ရမှာဖြစ်တယ်။ လက်ဝယ်ထားရှိသူကို အမြင့်ဆုံးထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်နိုင်တယ်။”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ(CNCMC) လုပ်ငန်းအကောင်အထည်ဖော်ရေး အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။

မေလ (၃)ရက်နေ့ကလည်း တာချီလိတ်မြို့မှ ရှမ်းတိုင်းရင်းသားတစ်ဦး စုဆောင်းထားသည့် ရွှေ(၂၉) ကျပ်သား ကို တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားရောက်ရောင်းချရာတွင် ထိုင်းအကောက်ခွန်မှ သတ်မှတ်ထားသည့် ရွှေယူဆောင်ခွင့် စံနှုန်းထက် ကျော်လွန်နေ၍ ဖမ်းဆီးအရေးယူခံရခြင်းအား CNCMC နှင့် TBC အဖွဲ့တို့မှ ညှိနှိုင်း ကူညီပေးခဲ့သဖြင့် ဘတ်(၇၀,ဝဝဝ)သာ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

“မြန်မာ အကောက်ခွန်ဥပဒေအရတော့ တစ်ဖက်နိုင်ငံ ဒါမှမဟုတ် နိုင်ငံခြားကိုသွားရင် "ရွှေ"ဝတ်ဆင်သွားခွင့်ကို ကျပ်(၁၀)သန်းဖိုးအထိဘဲ သတ်မှတ်ပေးထားတာရှိတယ်။ အဲဒါကလည်း တစ်ဖက်နိုင်ငံမှာ ကိုယ့်နိုင်ငံသားတွေ မျက်နှာမငယ်အောင် ဝတ်ဆင်သွားခွင့်ပေးတာပါ။ ဒါပေမဲ့ ပြန်လာတဲ့ အခါမှာ အဲဒီရွှေတွေကို ကိုယ်နှင့်တစ်ပါတည်း ပြန်ပါလာရမှာ ဖြစ်ပါတယ်၊”ဟု တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

ပြည်တွင်းလေဆိပ်များတွင် နိုင်ငံခြားသားများ"ရွှေ"နှင့် လက်ဝတ်ရတနာများ အမြောက်အများ ဝတ်ဆင်၍ ပြည်တွင်းထဲ ဝင်လာခြင်းအား လေဆိပ်များတွင် အကောက်ခွန်ဦးစီးဌာနမှ စာရင်းရေးသွင်း၍ မှတ်တမ်းပြုစုရပြီး ပြည်တွင်းမှ ပြန်ထွက်သွားသည့်အခါတွင်လည်း၎င်းစာရင်းအတိုင်း ပြန်လည်ယူဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ မိမိနိုင်ငံမှ ရွှေနှင့် လက်ဝတ်ရတနာများအား ပြည်ပသို့ တရားမဝင် သယ်ဆောင်သွားခြင်း မပြုနိုင်ရန်နှင့် တစ်ဖက်နိုင်ငံမှလည်း တရားမဝင် ယူဆောင်လာခြင်းမပြုနိုင်ရန် ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့များတွင် ဒေသခံအများစုမှာ တစ်ဖက်နိုင်ငံမှ ရွှေတစ်ပိုင်တစ်နိုင် ဝယ်ယူစုဆောင်းထားပြီး ငွေလို၍ သော်လည်းကောင်း၊ လုပ်ငန်းတိုးချဲ့ရန်သော်လည်းကောင်း စုဆောင်းထားသည့် ရွှေအားလုံးအား ပြန်လည်သွားရောင်းသည့်အခါ မြန်မာ-ထိုင်း နှစ်နိုင်ငံအကောက်ခွန်မှ သတ်မှတ်ထားသည့် စံနှုန်းနှင့် ကျော်လွန်သွား၍ အရေးယူခံခြင်းကို ဖြစ်လေ့ရှိကြောင်း၊ ထိုင်းနိုင်ငံဥပဒေအရ ထိုင်းဘတ်(၂)သိန်းနှင့် အထက်အား နယ်စပ်ဖြတ်ကျော်၍ သယ်ဆောင်ခြင်းအားကန့်သတ်ထားပြီး မူးယစ်ဆေးဝါးနှင့် တရားမဝင်ငွေကြေးအား ထိန်းချုပ်နိုင်ရန် အလို့ငှါ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~