တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွ လ်ာထားပမာဏထက္ ေက်ာ္လြန္ရရိွ

တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွ လ်ာထားပမာဏထက္ ေက်ာ္လြန္ရရိွ
မေ 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၁၀)ရက္
တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္အတြင္း လ်ာထားေကာက္ခံမည့္ အခြန္ေငြထက္ က်ပ္သိန္းေပါင္းငါးေသာင္းေက်ာ္ ပိုမိုေကာက္ခံရရွိခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ က်ပ္သိန္းေပါင္း(၁၃,၁၀၀)က်ပ္အား ေကာက္ခံရန္လ်ာထားေဆာင္ရြက္ခဲ့ေသာ္လည္း အမွန္တကယ္ေကာက္ခံရရွိမႈမွာ က်ပ္သိန္းေပါင္း (၅၁,၆၃၀)ေက်ာ္ရိွေၾကာင္း သိရသည္။

"ေဒသတြင္း လုပ္ငန္းရွင္ေတြအျပင္ ကုန္သြယ္မႈေတြရတဲ့ အခြန္ေငြေတြပါ လ်ာထားခ်က္တယ္ (၁၀၀) ရာခိုင္ႏႈန္းေက်ာ္ ေကာက္ခံရရွိခဲ့တာပါ။ ႏိုင္ငံျခားသြင္းကုန္ေတြအပါအ၀င္ ပို႔ကုန္ေတြကတဆင့္ ေကာက္ခံရရွိတာပါ။ ၿပီးခဲ့တဲ့ဘ႑ာႏွစ္ရဲ႕ အခြန္ေကာက္ခံရရွိမႈပါ။ အခုဘ႑ာႏွစ္အတြက္ကေတာ့ က်မလာေသးဘူး"ဟု တာခ်ီလိတ္ အေကာက္ခြန္ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၂၀၁၅- ၂၀၁၆ ဘ႑ာႏွစ္အတြင္း အျခားဌာနမ်ားမွ ေကာက္ခံရရွိေသာ အခြန္ေငြမွာ က်ပ္သိန္းေပါင္းေလးေသာင္းရွစ္ေထာင္ေက်ာ္ျဖစ္ၿပီး အေကာက္ခြန္ဦးစီးဌာနမွ ေကာက္ခံရရွိေသာ အခြန္ေငြမွာ က်ပ္သိန္းေပါင္း တစ္ေသာင္းေျခာက္ေထာင္ေက်ာ္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

အေကာက္ခြန္ဦးစီးဌာနမွ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြက္ ႏိုင္ငံဘ႑ာေငြေကာက္ခံရန္ လ်ာထားေကာက္ခံမည့္စာရင္း ရရွိေသးျခင္းမရွိေသးေသာ္လည္း ဧၿပီလအတြင္း အေကာက္ခြန္ဦးစီးဌာနမွ က်ပ္သိန္းေပါင္း(၁၇၀၀)ေက်ာ္အခြန္ေငြရရွိထားၿပီး အျခားဌာနမ်ားမွ က်ပ္သိန္းေပါင္း သံုးေထာင္ေလးရာေက်ာ္အား ေကာက္ခံရရွိိထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
...............
တာချီလိတ်၊ မေလ(၁၀)ရက်
တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း လျာထားကောက်ခံမည့် အခွန်ငွေထက် ကျပ်သိန်းပေါင်းငါးသောင်းကျော် ပိုမိုကောက်ခံရရှိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း(၁၃,၁၀၀)ကျပ်အား ကောက်ခံရန်လျာထားဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ်ကောက်ခံရရှိမှုမှာ ကျပ်သိန်းပေါင်း (၅၁,၆၃၀)ကျော်ရှိကြောင်း သိရသည်။
"ဒေသတွင်း လုပ်ငန်းရှင်တွေအပြင် ကုန်သွယ်မှုတွေရတဲ့ အခွန်ငွေတွေပါ လျာထားချက်တယ် (၁၀၀) ရာခိုင်နှုန်းကျော် ကောက်ခံရရှိခဲ့တာပါ။ နိုင်ငံခြားသွင်းကုန်တွေအပါအဝင် ပို့ကုန်တွေကတဆင့် ကောက်ခံရရှိတာပါ။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ရဲ့ အခွန်ကောက်ခံရရှိမှုပါ။ အခုဘဏ္ဍာနှစ်အတွက်ကတော့ ကျမလာသေးဘူး"ဟု တာချီလိတ် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အခြားဌာနများမှ ကောက်ခံရရှိသော အခွန်ငွေမှာ ကျပ်သိန်းပေါင်းလေးသောင်းရှစ်ထောင်ကျော်ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံရရှိသော အခွန်ငွေမှာ ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံဘဏ္ဍာငွေကောက်ခံရန် လျာထားကောက်ခံမည့်စာရင်း ရရှိသေးခြင်းမရှိသေးသော်လည်း ဧပြီလအတွင်း အကောက်ခွန်ဦးစီးဌာနမှ ကျပ်သိန်းပေါင်း(၁၇၀၀)ကျော်အခွန်ငွေရရှိထားပြီး အခြားဌာနများမှ ကျပ်သိန်းပေါင်း သုံးထောင်လေးရာကျော်အား ကောက်ခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~