က်ိဳင္းတံု၌ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားအား ဖမ္းဆီးရမိ

က်ိဳင္းတံု၌ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားအား ဖမ္းဆီးရမိ
မေ 9, 2016
By Tachileik News Agency
က်ိဳင္းတံု၊ ေမလ(၉)ရက္ 
က်ဳိင္းတံုၿမိဳ႕အတြင္း တရားမဝင္ ဝင္ေရာက္လာေသာ တ႐ုတ္ႏိုင္ငံသား တစ္ဦးႏွင့္ တရားမ၀င္ ၀င္ေရာက္ႏိုင္ရန္ ကူညီေပးခဲ့ေသာ ျမန္မာႏိုင္ငံသားတစ္ဦးတို႔အား ေမလ (၆) ရက္ေန႔က ဖမ္းဆီးမိေၾကာင္း က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ သတင္းရသည္။
" ဘယ္လမ္းေၾကာင္းက ၀င္ေရာက္လာတာလဲဘာရည္ရြယ္ခ်က္နဲ႔လဲဆိုတာကုိေတာ့စစ္ေဆး ေဆာင္ရြက္ေနတုန္းပါ။ အခုေတာ့ လူ၀င္မွဳႀကီးၾကပ္ေရးအက္ဥပေဒနဲ႔ တရားစြဲထားပါတယ္ " ဟု က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ရဲအုပ္ေမာင္ေမာင္သင္းက ေျပာသည္။
သတင္းအရ ေမလ (၆) ရက္တြင္ ေရွာင္တခင္စစ္ေဆးေဆာင္ရြက္ခဲ့ၾကရာ က်ဳိင္းတံုၿမိဳ႕ ၊ အမွတ္ (၄) ရက္ကြက္ ၊ ေရႊစင္ၾကယ္ ဟိုတယ္တြင္ တည္းခိုေနသည့္ တ႐ုတ္ႏိုင္ငံသားတစ္ဦးကို ၎အား ကူညီေနသည့္ ျမန္မာႏုိင္ငံသားႏွင့္ အတူ ည (၁၁)နာရီဝန္းက်င္တြင္ ဖမ္းဆီးရမိသျဖင့္ က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန၊ က်ဳိင္းတံုၿမိဳ႕နယ္ဦးစီးမွဴးရံုးမွ အမႈဖြင့္တိုင္ၾကားထားေၾကာင္း သိရသည္။
အဆုိပါ တရားမဝင္ ဝင္ေရာက္လာေသာ တ႐ုတ္ႏိုင္ငံသားျဖစ္သူ အသက္ (၄၀) အရြယ္ က်န္းက်ား႐ိုႏွင့္ ၎အား ကူညီေပးသည့္ ျမန္မာႏိုင္ငံသားျဖစ္ေသာ အသက္ (၂၈) အရြယ္ လီးဟူရီတို႔အား ေမလ (၇) ရက္ ညတြင္ က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ (ပ) ၈၇ /၂၀၁၆၊ ၁၉၉၄ ခုႏွစ္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒပုဒ္မ၊ ၁၃ (၁) /၁၃ (၅) ျဖင့္ အေရးယူထားေၾကာင္း သိရသည္။
သတင္း ။ ။ ‪#‎ဇင္ေအာင္‬
.....................
ကျိုင်းတုံ၊ မေလ(၉)ရက် 
ကျိုင်းတုံမြို့အတွင်း တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား တစ်ဦးနှင့် တရားမဝင် ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သော မြန်မာနိုင်ငံသားတစ်ဦးတို့အား မေလ (၆) ရက်နေ့က ဖမ်းဆီးမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရသည်။
" ဘယ်လမ်းကြောင်းက ဝင်ရောက်လာတာလဲဘာရည်ရွယ်ချက်နဲ့လဲဆိုတာကိုတော့စစ်ဆေး ဆောင်ရွက်နေတုန်းပါ။ အခုတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ တရားစွဲထားပါတယ် " ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ရဲအုပ်မောင်မောင်သင်းက ပြောသည်။
သတင်းအရ မေလ (၆) ရက်တွင် ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြရာ ကျိုင်းတုံမြို့၊ အမှတ် (၄) ရက်ကွက်၊ ရွှေစင်ကြယ် ဟိုတယ်တွင် တည်းခိုနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို၎င်းအား ကူညီနေသည့် မြန်မာနိုင်ငံသားနှင့် အတူ ည (၁၁)နာရီဝန်းကျင်တွင် ဖမ်းဆီးရမိသဖြင့် ကျိုင်းတုံမြို့မ ရဲစခန်းတွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားဖြစ်သူ အသက် (၄၀) အရွယ် ကျန်းကျားရိုနှင့်၎င်းအား ကူညီပေးသည့် မြန်မာနိုင်ငံသားဖြစ်သော အသက် (၂၈) အရွယ် လီးဟူရီတို့အား မေလ (၇) ရက် ညတွင် ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) ၈၇ /၂၀၁၆၊ ၁၉၉၄ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ၊ ၁၃ (၁) /၁၃ (၅) ဖြင့် အရေးယူထားကြောင်း သိရသည်။
သတင်း။ ‪#‎ဇင်အောင်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~