တာခ်ီလိတ္တြင္ ဇီ၀ိတဒါန ငါးလႊတ္ပဲြ ႏွင့္ သက္ႀကီး ဘုိးဘြားမ်ားအား ပူေဇာ္ကန္ေတာ့ပဲြက်င္းပ

တာခ်ီလိတ္တြင္ ဇီ၀ိတဒါန ငါးလႊတ္ပဲြ ႏွင့္ သက္ႀကီး ဘုိးဘြားမ်ားအား ပူေဇာ္ကန္ေတာ့ပဲြက်င္းပ
ဧပြီ 17, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၁၇) ရက္
ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ၿမဳိ႕၌  ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၇) ရက္တြင္ ဇီ၀ိတဒါန ငါးလႊတ္ပဲြ၊ အႏၱရာယ္ကင္း ပရိတ္ရြတ္ဖတ္ ပူေဇာ္ျခင္းႏွင့္ သက္ႀကီးဘုိးဘြား(၁၂၃)ဦးအား ပူေဇာ္ကန္ေတာ့ျခင္းတို႔ကို ျပဳလုပ္ေၾကာင္း သိရသည္။

ငါးလႊတ္ပြဲအား ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂)အနီး မယ္ေခါင္ေခ်ာင္းတြင္ျပဳလုပ္ရာ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ၊ ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ဌာနဆုိင္ရာမ်ား၊ ၿမဳိ႕နယ္ဖံြ႕ၿဖဳိးတုိးတက္ေရးအေထာက္အကူျပဳေကာ္မတီဥကၠ႒ ဦးၾကည္ျမင့္၊ ၿမဳိ႕နယ္စည္ပင္သာယာ ေရးေကာ္မတီ အဖဲြ႕၀င္မ်ား၊ ၿမဳိ႕မိၿမဳိ႕ဖမ်ား ၊ ႏုိင္ငံေရးပါတီမ်ားႏွင့္ လူမႈေရး အသင္းအဖဲြ႕မ်ားက ငါးအေကာင္ေရ (၃၀၀၀)ေက်ာ္အား လႊတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ မကာဟုိခမ္းရပ္ကြက္ရွိ ၿမဳိ႕နယ္ဓမၼာရံု၌ အႏၱရာယ္ကင္းပရိတ္ရြတ္ဖတ္ပူေဇာ္ပဲြႏွင့္ အသက္(၈၀)ႏွစ္အထက္ သက္ႀကီးဘုိးဘြားမ်ားအား ပူေဇာ္ကန္ေတာ့ပဲြက်င္းပရာ အသက္(၈၀)ႏွစ္အထက္ အဘုိး၊ အဘြား (၁၂၃)ဦးအား ခရုိင္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ၊ ဌာနဆုိင္ရာမ်ား၊ ေစတနာရွင္ အလွဴရွင္မ်ား ႏွင့္ လူမႈေရးအသင္းအဖဲြ႕မ်ားက စားေသာက္ဖြယ္ရာ မ်ား၊ ေထာက္ပံ့ေငြမ်ားႏွင့္ အသံုးအေဆာင္ပစၥည္းမ်ား၊ ျမန္မာတုိးနယားကုမၸဏီႏွင့္ မန္းရတနာပံုေလေၾကာင္းလုိင္းမွ ေထာက္ပံ့ေငြႏွင့္ ပစၥည္း တန္ဖုိး ေငြက်ပ္ (၂၅)သိန္း အပါအ၀င္ စုစုေပါင္းေငြက်ပ္ (၁၀၇)သိန္းေက်ာ္ကုိ ေထာက္ပံ့ လွဴဒါန္းေပးခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ေ၀ယံလင္း
ဓာတ္ပံု။  ။ ေဇာင္းညီ ၊ ဇြဲျမတ္
...........

တာချီလိတ်၊ ဧပြီလ (၁၇) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွား(၁၂၃)ဦးအား ပူဇော်ကန်တော့ခြင်းတို့ကို ပြုလုပ်ကြောင်း သိရသည်။

ငါးလွှတ်ပွဲအား မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)အနီး မယ်ခေါင်ချောင်းတွင်ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေး အသင်းအဖွဲ့များက ငါးအကောင်ရေ (၃၀၀၀)ကျော်အား လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံ၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပရာ အသက်(၈၀)နှစ်အထက် အဘိုး၊ အဘွား (၁၂၃)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ နှင့် လူမှုရေးအသင်းအဖွဲ့များက စားသောက်ဖွယ်ရာ များ၊ ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာတိုးနယားကုမ္ပဏီနှင့် မန်းရတနာပုံလေကြောင်းလိုင်းမှ ထောက်ပံ့ငွေနှင့် ပစ္စည်း တန်ဖိုး ငွေကျပ် (၂၅)သိန်း အပါအဝင် စုစုပေါင်းငွေကျပ် (၁၀၇)သိန်းကျော်ကို ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သတင်း။ေဝယံလင်း
ဓာတ်ပုံ။ ဇောင်းညီ၊ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net