အရက္အလြန္အကြၽံ ေသာက္သူတစ္ဦး ဆြဲႀကိဳးခ်ေသဆံုး

အရက္အလြန္အကြၽံ ေသာက္သူတစ္ဦး ဆြဲႀကိဳးခ်ေသဆံုး
ဧပြီ 10, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ဧၿပီလ (၁၀) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕၊ အမွတ္ ( ၄) ရပ္ကြက္တြင္ ဧၿပီလ (၁၀) ရက္ နံက္ (၇) နာရီ (၂၅) မိနစ္ အခ်ိန္ခန္႔က အသက္ (၂၆) ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦး ေနအိမ္မီးဖိုခန္းအတြင္း ဆြဲႀကိဳးခ်ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ သတင္းရရိွသည္။

အဆိုပါ ေသဆံုးသူသည္ အရက္အလြန္အကြၽံ ေသာက္သံုးသူျဖစ္ေၾကာင္း ရဲစခန္းမွ စံုစမ္းသိရွိရသည္။

" ေသဆံုးတဲ့ သူရဲ႕အေမက ကြၽန္ေတာ့္ကို လာေခၚလို႔ သြားၾကည့္တာ။ အိမ္ရဲ႕မီးဖိုခန္းမွာ ဆြဲႀကိဳးခ် ေသဆံုးေနပါၿပီ။ အဲဒါနဲ႔ က်ဳိင္းတံုၿမိဳ႕မ ရဲစခန္းကို ကြၽန္ေတာ္ကိုယ္တိုင္သြားၿပီး အေၾကာင္းၾကားခဲ့တာပါ " ဟု ရြာအက်ဳိးေဆာင္ ဦးေအာင္စီက ေျပာသည္။

တိုင္ၾကားခ်က္အရ က်ဳိင္းတံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕ႏွင့္ ရြာအက်ဳိးေဆာင္မ်ားသည္ အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးရာ အိမ္မီးဖိုခန္းတြင္ ႏိုင္လြန္ႀကိဳးျဖင့္ ဆြဲႀကိဳးခ်ေသဆံုးေနၿပီး ျပင္ပဒဏ္ရာ မရိွသည္ကိုေတြ႕ရိွရသျဖင့္ အေလာင္းအား က်ဳိင္းတံုျပည္သူ႔ေဆး႐ံုႀကီးသို႔ ေဆးစာျဖင့္ လႊဲေျပာင္း ေပးအပ္ထားေၾကာင္း သိရသည္။

ေသဆံုးသူ ဦးေဒါင္းဝိုးႏွင့္ ပက္သက္၍ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးႏိုင္ရန္ ၂၀၁၆ ခုႏွစ္ ဧၿပီလ (၁၀) ရက္ နံနက္ (၉) နာရီခြဲအခ်ိန္ခန္႔က က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ (၃/၂၀၁၆) ျဖင့္ စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္
ဓာတ္ပံု။  ။ ႏွလံုးလွပိုင္ရွင္မ်ား (အခမ့ဲ) လူမႈကူညီေရး အသင္း
...................

ကျိုင်းတုံ၊ ဧပြီလ (၁၀) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အမှတ် ( ၄) ရပ်ကွက်တွင် ဧပြီလ (၁၀) ရက် နံက် (၇) နာရီ (၂၅) မိနစ် အချိန်ခန့်က အသက် (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်မီးဖိုခန်းအတွင်း ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါ သေဆုံးသူသည် အရက်အလွန်အကျွံ သောက်သုံးသူဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းသိရှိရသည်။

" သေဆုံးတဲ့ သူရဲ့အမေက ကျွန်တော့်ကို လာခေါ်လို့ သွားကြည့်တာ။ အိမ်ရဲ့မီးဖိုခန်းမှာ ဆွဲကြိုးချ သေဆုံးနေပါပြီ။ အဲဒါနဲ့ ကျိုင်းတုံမြို့မ ရဲစခန်းကို ကျွန်တော်ကိုယ်တိုင်သွားပြီး အကြောင်းကြားခဲ့တာပါ " ဟု ရွာအကျိုးဆောင် ဦးအောင်စီက ပြောသည်။

တိုင်ကြားချက်အရ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့နှင့် ရွာအကျိုးဆောင်များသည် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ အိမ်မီးဖိုခန်းတွင် နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနပြေီး ပြင်ပဒဏ်ရာ မရှိသည်ကိုတွေ့ရှိရသဖြင့် အလောင်းအား ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ဆေးစာဖြင့် လွှဲပြောင်း ပေးအပ်ထားကြောင်း သိရသည်။

သေဆုံးသူ ဦးဒေါင်းဝိုးနှင့် ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ၂၀၁၆ ခုနှစ် ဧပြီလ (၁၀) ရက် နံနက် (၉) နာရီခွဲအချိန်ခန့်က ကျိုင်းတုံမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၆) ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်
ဓာတ်ပုံ။ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~