မႈခင္းရဲက ထိုးသားအျဖစ္ အသြင္ယူကာ ေလးေကာင္ဂ်င္၀ိုင္းကို ဖမ္းဆီး

မႈခင္းရဲက ထိုးသားအျဖစ္ အသြင္ယူကာ ေလးေကာင္ဂ်င္၀ိုင္းကို ဖမ္းဆီး
ဧပြီ 7, 2016
By Tachileik News Agency

၀မ္းတြင္း၊ (၇)ဧၿပီ၊ ၂၀၁၆၊
မႏၱေလးတုိင္းေဒသႀကီး မိတၳီလာခရိုင္၊ မလွိဳင္ၿမိဳ႕နယ္၊ သဲကန္ေက်းရြာ ထန္းေတာအတြင္း ေလးေကာင္ဂ်င္ ေလာင္းကစားျပဳလုပ္ေနသူမ်ားအား မလွိဳင္ၿမိဳ႕နယ္ အမွတ္(၃)မွဳခင္းတပ္ဖြဲ႕ခြဲ အမွတ္(၁၁)မွဳခင္းတပ္ဖြဲ႕စုမွ ေလးေကာင္ဂ်င္ထိုးသား အသြင္ေဆာင္၍ ဖမ္းဆီးႏိုင္လိုက္ေၾကာင္း မလွိဳင္ၿမိဳ႕မရဲစခန္းမွ သိရသည္။

မလွိဳင္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ေလာင္းကစားဒိုင္ ဦးေဌးေအာင္က သဲကန္ေက်းရြာ အေရွ႕ေတာင္ဘက္ ကန္ကြင္းထန္းေတာအတြင္း ေလးေကာင္ဂ်င္ဝိုင္းျပဳလုပ္ေနေၾကာင္း သတင္းရသျဖင့္ မွဳခင္းရဲတပ္ဖြဲ႕မွဴးရံုးမွ ဖမ္း၀ရမ္း ၂/၂၀၁၆ ျဖင့္ ဧၿပီလ (၄)ရက္ေန႔  ေန႔လယ္ပိုင္းက အသြင္ေဆာင္ကာ ၀င္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ဖမ္းဆီးရာ၌ ေလာင္းကစားျပဳလုပ္ရာတြင္ အသံုးျပဳသည့္ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ေလာင္းကစားဒိုင္ ဦးေဌးေအာင္ အပါအဝင္ (၄)ဦးအား ေလာင္းကစားေငြ (၉၅၄,၇၅၀)က်ပ္၊ ဆိုင္ကယ္(၁၀)စီး၊ တယ္လီဖုန္း(၃)လံုးႏွင့္ အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာ၀န္ရွိသူမ်ား ၀င္ေရာက္ဖမ္းဆီးစဥ္ ေလာင္းကစားဒိုင္ျဖစ္သူ ဦးေဌးေအာင္မွာ ထြက္ေျပးတိမ္းေရွာင္သြားၿပီး လိုက္လံစံုစမ္းရွာေဖြရာ မိတၳီလာ-မလွိဳင္ကားလမ္းေဘး လက္ဘက္ရည္ဆိုင္ အနီးတြင္ ထပ္မံဖမ္းဆီးမိခဲ့ျခင္းျဖစ္သည္။

ေလာင္းကစား၀ိုင္းျပဳလုပ္သူ ဦးေဌးေအာင္ႏွင့္ မျမင့္ျမင့္၊ ဖိုးစာ၊ သက္ႏိုင္ေအာင္တို႔ (၄)ဦးအား မလွိဳင္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆၅/၂၀၁၆၊ ေလာင္းကစားဥပေဒပုဒ္မ -၁၂(က)ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း ။  ။ ကိုလင္း(၀မ္းတြင္း)

...............
ဝမ်းတွင်း၊ (၇)ဧပြီ၊ ၂၀၁၆၊ 
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာ ထန်းတောအတွင်း လေးကောင်ဂျင် လောင်းကစားပြုလုပ်နေသူများအား မလှိုင်မြို့နယ် အမှတ်(၃)မှုခင်းတပ်ဖွဲ့ခွဲ အမှတ်(၁၁)မှုခင်းတပ်ဖွဲ့စုမှ လေးကောင်ဂျင်ထိုးသား အသွင်ဆောင်၍ ဖမ်းဆီးနိုင်လိုက်ကြောင်း မလှိုင်မြို့မရဲစခန်းမှ သိရသည်။
မလှိုင်မြို့နယ်တွင် နေထိုင်သော လောင်းကစားဒိုင် ဦးဌေးအောင်က သဲကန်ကျေးရွာ အရှေ့တောင်ဘက် ကန်ကွင်းထန်းတောအတွင်း လေးကောင်ဂျင်ဝိုင်းပြုလုပ်နေကြောင်း သတင်းရသဖြင့် မှုခင်းရဲတပ်ဖွဲ့မှူးရုံးမှ ဖမ်းဝရမ်း ၂/၂၀၁၆ ဖြင့် ဧပြီလ (၄)ရက်နေ့ နေ့လယ်ပိုင်းက အသွင်ဆောင်ကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ဖမ်းဆီးရာ၌ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့်အတူ လောင်းကစားဒိုင် ဦးဌေးအောင် အပါအဝင် (၄)ဦးအား လောင်းကစားငွေ (၉၅၄,၇၅၀)ကျပ်၊ ဆိုင်ကယ်(၁၀)စီး၊ တယ်လီဖုန်း(၃)လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများ ဝင်ရောက်ဖမ်းဆီးစဉ် လောင်းကစားဒိုင်ဖြစ်သူ ဦးဌေးအောင်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး လိုက်လံစုံစမ်းရှာဖွေရာ မိတ္ထီလာ-မလှိုင်ကားလမ်းဘေး လက်ဘက်ရည်ဆိုင် အနီးတွင် ထပ်မံဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
လောင်းကစားဝိုင်းပြုလုပ်သူ ဦးဌေးအောင်နှင့် မမြင့်မြင့်၊ ဖိုးစာ၊ သက်နိုင်အောင်တို့ (၄)ဦးအား မလှိုင်မြို့မရဲစခန်းတွင် (ပ)၆၅/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ -၁၂(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း။ ကိုလင်း(ဝမ်းတွင်း)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~