ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ တာချီလိတ်မီးဘေးသို့ ကျပ်သိန်းပေါင်း (၂၅၃)သိန်းကျော် လှူဒါန်း

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ တာချီလိတ်မီးဘေးသို့ ကျပ်သိန်းပေါင်း (၂၅၃)သိန်းကျော် လှူဒါန်း
ဧပွီ 10, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ(၁၀)
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရှမ်းစုရွာမီးဘေးသင့် တိုင်းရင်းသားပြည်သူများအတွက် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ  စုစုပေါင်း တန်ဖိုးကျပ်ငွေ (၂၅,၃၉၉,၃၂၆)ရှိသည့် ထောက်ပံ့ပစ္စည်းများနှင့် ငွေသားများကို ဧပြီလ(၁၀)ရက်နေ့ ညနေပိုင်းက လက်ဝယ်အရောက် လှူဒါန်းလိုက်ကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မကာဟိုခမ်းရပ်ကွက် ရှမ်းစုရွာ မီးဘေးသင့် ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဘိလပ်မြေအိတ်(၁၀၀)၊ သွပ်အချပ်(၅၀) နှင့် ငွေကျပ်(၃)သိန်းတို့ကို  ထောက်ပံ့ပေးရာ စုစုပေါင်း တန်ဖိုးငွေမှာ (၂၅,၃၉၉,၃၂၆)ကျပ် ရှိကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လှူဒါန်းသော အလှူငွေများကို ကမ္ဘာဇဘဏ်၊ တာချီလိတ်ဘဏ်ခွဲ(၁)(၂)တို့မှ တာဝန်ရှိသူများက ဧပြီလ(၁၀)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်တို့ထံ ပေးအပ်လှူဒါန်းပြီးနောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တဆက်တည်းမှာပင် မီးဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းလိုက်ကြောင်း သိရသည်။

********

( unicode )

တာချီလိတ်၊ ဧပြီ(၁၀)
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရှမ်းစုရွာမီးဘေးသင့် တိုင်းရင်းသားပြည်သူများအတွက် ကမော္ဘဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ စုစုပေါင်း တန်ဖိုးကျပ်ငွေ (၂၅,၃၉၉,၃၂၆)ရှိသည့် ထောက်ပံ့ပစ္စည်းများနှင့် ငွေသားများကို ဧပြီလ(၁၀)ရက်နေ့ ညနေပိုင်းက လက်ဝယ်အရောက် လှူဒါန်းလိုက်ကြောင်း သိရသည်။

ကမော္ဘဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မကာဟိုခမ်းရပ်ကွက် ရှမ်းစုရွာ မီးဘေးသင့် ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဘိလပ်မြေအိတ်(၁၀၀)၊ သွပ်အချပ်(၅၀) နှင့် ငွေကျပ်(၃)သိန်းတို့ကို ထောက်ပံ့ပေးရာ စုစုပေါင်း တန်ဖိုးငွေမှာ (၂၅,၃၉၉,၃၂၆)ကျပ် ရှိကြောင်း သိရသည်။

ကမော္ဘဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လှူဒါန်းသော အလှူငွေများကို ကမာ္ဘဇဘဏ်၊ တာချီလိတ်ဘဏ်ခွဲ(၁)(၂)တို့မှ တာဝန်ရှိသူများက ဧပြီလ(၁၀)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်တို့ထံ ပေးအပ်လှူဒါန်းပြီးနောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တဆက်တည်းမှာပင် မီးဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းလိုက်ကြောင်း သိရသည်။

ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~